၂၁ ဇန်နဝါရီ ၂၀၁၇ - ၁၄:၁၅
NCA မထိုးရသေးသည့် အဖွဲ့များ အမြန်ဆုံးလက်မှတ်ထိုးနိုင်ရေး အစိုးရနှင့် တပ်မတော်က ပိုမိုလမ်းဖွင့်ပေးရန် ကရင်အမျိုးသားနိုင်ငံရေးဆွေး

တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း မ ပြုသေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ ပစ် ခတ်တိုက်ခိုက်မှုများ ရပ်စဲပြီး NCA တွင် အမြန်ဆုံးပါဝင်လက်မှတ်ထိုးနိုင်ရေး အစိုးရနှင့် တပ်မ တော်က ပိုမိုလမ်းဖွင့်ပေးရန် လူ မျိုးအလိုက် ကျင်းပသော ပထမ အကြိမ် ကရင်အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲက ကြေညာချက်ထုတ် ပြန်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း မ ပြုသေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ ပစ် ခတ်တိုက်ခိုက်မှုများ ရပ်စဲပြီး NCA တွင် အမြန်ဆုံးပါဝင်လက်မှတ်ထိုးနိုင်ရေး အစိုးရနှင့် တပ်မ တော်က ပိုမိုလမ်းဖွင့်ပေးရန် လူ မျိုးအလိုက် ကျင်းပသော ပထမ အကြိမ် ကရင်အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲက ကြေညာချက်ထုတ် ပြန်ခဲ့သည်။


 မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တစ်ခုဖြစ်သော လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ကရင်)ကို ဇန်န၀ါရီ ၁၈ ရက်မှ ၂၀ ရက်အထိ ဘားအံမြို့တွင် သုံးရက်ကြာ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များက အားလုံးပါဝင်သော အဓိပ္ပာယ်ပြည့်ဝပြီး ဂုဏ်သိက္ခာရှိသည့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရေး ယခုကဲ့သို့ အဆိုပြုခြင်းဖြစ် ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာ အလိုက် နိုင်ငံရေးဆွေးနွေးပွဲ ခေါ် ယူကျင်းပခွင့်ရှိသည့် အစုအဖွဲ့ များဖြင့် အဆင်သင့်ဖြစ်သော နေ ရာဒေသများတွင် ပိုမိုကျယ်ပြန့်စွာ ပြုလုပ်ရန်လည်း အဆိုပြုခဲ့သည်။

 ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်နိုင်ရေး ကရင်လူမျိုးအားလုံး အပါအ၀င် တိုင်းရင်းသားလူမျိုးများ၊ နိုင်ငံ တော်အစိုးရ၊ တပ်မတော်သား များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ အတူတကွ ပါဝင်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန် လည်း တိုက်တွန်းခဲ့သည်။

 ကရင်အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲကို NCA လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့များဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင် စီ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများ စ သည်တို့ အပါအ၀င် ကရင်တိုင်း ရင်းသားအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

အားလုံးပါဝင်ရေးနှင့် အား လုံးပိုင်ဆိုင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်နိုင် ရန် လက်ရှိတိုင်းရင်းသားဒေသအ ချို့၌ ဖြစ်ပွားနေသည့် လက်နက် ကိုင်ပဋိပက္ခများ ရပ်တန့်နိုင်ရေး နည်းလမ်းရှာရန် အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများအား KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အစည်းအဝေးဖွင့်ပွဲနေ့တွင် တိုက်တွန်းသည်။

===================  
251 / End