၂၈ ဇန်နဝါရီ ၂၀၁၇ - ၁၆:၄၆
စက်ရုံအချို့ပိတ်ဆို့ငွေတောင်းခံနေရမှု ဖြေရှင်းရေးဆွေးနွေးပွဲအဖြေမထွက်ဘဲ အငြင်းပွားမှုဖြင့်ပြီးဆုံး

စက်မှုဇုန်များတွင် စက် ရုံအဝများ ပိတ်ဆို့ပြီး မြေယာ လျော်ကြေးတောင်းခံသော ပုံစံ ဖြင့် ဖိအားပေးတောင်းခံမှုများကို ဖြေရှင်းရန် ပြုလုပ်သည့် ဆွေးနွေး ပွဲမှာ အဖြေမထွက်ဘဲ အငြင်းပွား မှုများဖြင့် ပြီးဆုံးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 စက်မှုဇုန်များတွင် စက် ရုံအဝများ ပိတ်ဆို့ပြီး မြေယာ လျော်ကြေးတောင်းခံသော ပုံစံ ဖြင့် ဖိအားပေးတောင်းခံမှုများကို ဖြေရှင်းရန် ပြုလုပ်သည့် ဆွေးနွေး ပွဲမှာ အဖြေမထွက်ဘဲ အငြင်းပွား မှုများဖြင့် ပြီးဆုံးခဲ့သည်။

  လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များတွင် လယ်ယာမြေလျော် ကြေးတောင်းခံရာ၌ လူအချို့ က စက်ရုံအဝင်ဝများတွင် တဲထိုးပိတ်ဆို့ ငွေတောင်းခံမှုများ ဖြစ် ပေါ်လာ၍ စက်မှုထုတ်ကုန်လုပ် ငန်းရှင်များနှင့် ရန်ကုန်တိုင်းဒေသ ကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီး ပွားရေးကော်မတီတို့UMFCCIတွင်ယမန်နေ့က ဆွေးနွေးခဲ့သည်။

 စက်မှုဇုန်လုပ်ငန်းရှင်များက လှိုင်သာယာ မြို့နယ်ရှိ စက်မှုဇုန်များ၌ လယ်ယာမြေလျော်ကြေးနှင့် ပတ်သက်၍ စက်ရုံအဝများပိတ်ဆို့ကာ ငွေကြေးတောင်းခံမှုများဖြစ်နေပြီး  အစိုးရဌာနဆိုင်ရာများက ကူညီဖြေရှင်းပေးခြင်းမရှိသောကြောင့် ငွေကြေးများပေးခဲ့ရသည်ဟု ပြောကြားသည်။


လက်ရှိတွင် ငွေကြေးတောင်း ခံသည့် ပြဿနာခုနစ်ခုရှိပြီး ယင်းတို့အနက် မြတ်ရွှေနဒီကုမ္ပဏီက ကျပ်သိန်း ၁,၂၀၀၊ Unite BeautyPalace က ကျပ်သိန်း ၁၉၀၊ Ever Plastic က ကျပ် ၂၅ သိန်းပေးခဲ့ရ သည်ဟု လုပ်ငန်းရှင်များက နမူနာ ပေး၍ ပြောသည်။

‘‘ကျွန်မတို့စက်ရုံရှေ့မှာ တဲ လာထိုးတယ်။ ဒီတဲကို ဖျက်နိုင်တဲ့ ဌာနတွေဆီကို သွားအကူအညီ တောင်းတယ်။ ဘယ်သူမှ မကူညီ နိုင်ဘူး။ အလုပ်သမားတွေနဲ့ ဒီတဲ ကို ထွက်ဖျက်မယ်ဆိုတော့ တရား မမှုနဲ့ ကျွန်မတို့ကို ပြန်တရားစွဲ မယ်လုပ်တယ်။ လုပ်ငန်းရှင်တွေ က ဥပဒေရဲ့အကာအကွယ်မရခဲ့ ပါဘူး’’ဟု Ever Plastic စက်ရုံ ပိုင်ရှင်က ပြောသည်။

လုပ်ငန်းရှင်တစ်ဦးက အစိုးရ၏ပေါ်လစီ၌ ကျူးကျော်သူများကို အရေးတယူလုပ်နေသဖြင့် ယခုကဲ့သို့ပြဿနာများ ဖြစ်နေရသည်ဟု ဝေဖန်ခဲ့သည်။

‘‘အခု ပြဿနာတွေ ပိုဆိုး လာတာက NLD အစိုးရတက်လာ တဲ့အခါကျတော့ ကျူးကျော်တွေ ဆို လျော်ကြေးပေးမယ်။ အိမ်ရာ စီမံပေးမယ်လို့ ပြောတယ်။ တ ကယ်တမ်း ကျူးကျော်တွေက ဥပ ဒေချိုးဖောက်နေတဲ့သူတွေ ဘာမှ ပေးစရာမလိုဘူး။ ဒီလူတွေကို စုပြီး မြေကွက်တွေပေးနေမယ်ဆို ရင် တစ်နိုင်ငံလုံး ကျူးကျော်ဖြစ် သွားမယ်’’ဟု ရွှေလင်ဗန်းစက်မှု ဇုန်မှ လုပ်ငန်းရှင် ဦးတင်စိန်က ပြောသည်။

အဆိုပါ ဝေဖန်မှုအပေါ် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွား ရေးကော်မတီအတွင်းရေးမှူး ဒဂုံ မြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဇေ ယျက ကန့်ကွက်ပြီး ကျူးကျော် ကိစ္စသည် မူဝါဒချမှတ်လုပ်ကိုင် သောကိစ္စဖြစ်ပြီး လုပ်ငန်းရှင်အ နေဖြင့် ဝေဖန်တိုက်ခိုက်စရာမလို ဟု ဆိုသည်။ ထို့ပြင် လုပ်ငန်းရှင် များသည် ဖြစ်စဉ်အပေါ် တစ်ဖက်သတ်ကောက်ချက်ချနေသည်ဆိုပြီး ကော်မတီအတွင်းရေးမှူးက အစည်းအဝေးခန်းထဲမှ ထွက်ခွာ သွားခဲ့သည်။

‘‘အခုတောင်းတဲ့အထဲမှာ အ ယောင်ဆောင်လည်း ပါတယ်။ လက်သမားအစစ်လည်းပါတယ်။ ဒါကို လုပ်ငန်းရှင်တွေက သူ့အရပ်သူ့ဇာတ်မှာ သူတို့ပြောချင်တာ ပြောပြီး လက်ခုပ်တီးနေလို့ ထွက် လာတာပါ’’ဟု ဦးကျော်ဇေယျက ဆိုသည်။ ထို့ပြင် တရားမျှတသောဆွေးနွေးပွဲဖြစ်လိုပါက လယ်သ မားများကိုပါ ဖိတ်ခေါ်ပြီး ဆွေးနွေးသင့်သည်ဟု ၎င်းက ဆက်လက် ပြောသည်။

အခြား တက်ရောက်လာ သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အစိုးရအနေဖြင့် ကျူး ကျော်များ နေရာချထားပေးမှု သည် လူသားချင်းစာနာထောက် ထားမှုအရ လုပ်ကိုင်နေသော ကိစ္စတစ်ရပ်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းရှင်၏ဝေဖန်ချက်ကို ကန့်ကွက်ခဲ့သည်။

အဆိုပါကိစ္စရပ်များနှင့်ပတ် သက်၍ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ် စန္ဒာမင်းက ယခုဆွေးနွေးပွဲသည်ကျူးကျော်ကိစ္စကို ဆွေးနွေးသည့် ပွဲမဟုတ်ကြောင်းနှင့် မြေယာလျော် ကြေးတောင်းခံသည့် ပုံစံသည် တရားဥပဒေကို စိန်ခေါ်သည့်ကိစ္စ များဖြစ်၍ အဖြေရှာဆွေးနွေးခြင်း ဖြစ်ကြောင်း ဆွေးနွေးချက်များကို တိုင်းလွှတ်တော်မှတစ်ဆင့် ဝန်ကြီးချုပ်ထံ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုကိစ္စများနှင့် ပတ်သက် ၍ ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ဥပဒေကြမ်းကော်မတီ လှိုင် သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း မောင်က လုပ်ငန်းရှင်များသည် ဥပဒေနှင့် အာဏာပိုင်အဖွဲ့အ စည်းများ၏အကူအညီကို နည်း လမ်းပေါင်းစုံဖြင့် ရယူခွင့်ရှိသော် လည်း ငွေကြေးပေး၍ ညှိနှိုင်းမှု များကြောင့် ယခုကဲ့သို့ ပြဿနာ များ ကြီးထွားလာရခြင်းဖြစ်သည် ဟု ဆိုသည်။

ထို့ပြင် အစိုးရဌာနဆိုင်ရာ များနှင့် ပတ်သက်၍ ‘‘ဌာနဆိုင် ရာတွေ လုပ်ထုံးလုပ်နည်း အင်မ တန်အားနည်းတယ်။ ပြစ်မှုအ တွက် ပုဒ်မအကြီးတွေနဲ့ အမှုဖွင့် လို့ ရရဲ့သားနဲ့ ရှောင်ဖယ်ပြီး ပြစ် မှုအသေးတွေနဲ့ အမှုဖွင့်ပေးနေ တယ်။ ဥပဒေချိုးဖောက်မှုတွေ အားသာချက်ဖြစ်နေတယ်’’ ဟု ဦးဝင်းမောင်က ဆက်လက်ပြော သည်။

လွှတ်တော်ကော်မတီတစ်ခု အနေဖြင့် ယခုပြဿနာများအ တွက် သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ ကို ပြင်းပြင်းထန်ထန် တိုက်တွန်း ခွင့်ရှိသော်လည်း ယခုကဲ့သို့ ပြဿနာကို အကျယ်ချဲ့ခြင်းသည်လွှတ်တော်ကော်မတီတစ်ရပ်၏ လုပ်ရပ်မဟုတ်ကြောင်း ထောက်ပြခဲ့သည်။ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းရဲချုပ်က ခြိမ်းခြောက်ငွေတောင်းခံသည့် အမှုအဖြစ် အမှုဖွင့်ရန် အကြံပြုပြောကြားသည်။

===================  
251 / End