အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်တွေ၊ ဖေဖော်ဝါရီ ၁ ရက် ။ ။ ရခိုင်ပြည်နယ်လွှတ်တော်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များအား တစ်မြို့နယ်လျှင် ကျပ်သိန်း ၅၀ စီ ထုတ်ပေးထားကြောင်း သိရသည်။
“ဒီငွေကျပ်သိန်း ၅ဝ ကို မဲဆန္ဒနယ်နှစ်ခုက တစ်ယောက်တစ်ဝက်စီခွဲပြီး လုပ်ရပါ။ ဒါကြောင့်မို့ ကျပ်၂၅ သိန်းနဲ့ လုံလောက်နိုင်မည် ကိစ္စတွေကို လုပ်ရမှာဖြစ်ပါတယ်။ ကျေးရွာ စာသင်ကျောင်းတွေမှာ လိုအပ်တဲ့ အသုံးဆောင် ပစ္စည်းတွေနှင့် အသေးစား ကျောက်ခင်း လမ်းတွေကို လုပ်ဆောင်သွားမည် ဟု မြေပုံမြို့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းအောင် ပြောသည်။
ပြည်နယ်လွှတ်တော် အသုံးစရိတ်များအတွင်း ပိုလျှံငွေများအား ယခုလို ထုတ်ပေးခြင်းဖြစ်ပြီး ဒေသအတွင်း ပညာရေး၊ လမ်းလုပ်ငန်းများနှင့် ငွေပမာဏနှင့် ကိုက်ညီသော လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန် ဇန်နဝါရီ ၃၁ ရက်နေ့က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
===================
251/End
၁ ဖေဖော်ဝါရီ ၂၀၁၇ - ၁၇:၂၀
News ID: 808765
စစ်တွေ၊ ဖေဖော်ဝါရီ ၁ ရက် ။ ။ ရခိုင်ပြည်နယ်လွှတ်တော်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များအား တစ်မြို့နယ်လျှင် ကျပ်သိန်း ၅၀ စီ ထုတ်ပေးထားကြောင်း သိရသည်။