၆ ဖေဖော်ဝါရီ ၂၀၁၇ - ၁၉:၁၅
အကြမ်းဖက် အယုတ်တမာများ ၏ ပစ်သတ်မှု ကြောင့် ရှီအာ ဒေါက်တာ တစ်ဦးသေဆုံး ၊ ပါကစ္စတန်

ပါကစ္စတန် နိုင်ငံ စာဟီဝမ် အမည်ရှိနေရာ တွင် တရား မတဝင် ဝဟာဘီ အစွန်းရောက် အဖွဲ့ စေဗါယေဆွာဟာဗာ အဖွဲ့ မှ သေနတ် နှင့် ရှီအာ မွတ်စလင်မ် ဒေါက်တာ ကာစင်မ် အား ပစ်သတ် ရှဟီးဒ် လုပ်ခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဗ်နာ သတင်း ဌာန ၏ သတင်းအထောက်အထားများ အရ ပါကစ္စတန် နိုင်ငံ စာဟီဝမ် အမည်ရှိနေရာ တွင် တရား မတဝင် ဝဟာဘီ အစွန်းရောက် အဖွဲ့ စေဗါယေဆွာဟာဗာ အဖွဲ့ မှ သေနတ် နှင့် ရှီအာ မွတ်စလင်မ် ဒေါက်တာ ကာစင်မ် အား မညာမတာ ရက်စက် စွာ ပစ်သတ် ရှဟီးဒ် လုပ်ခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပွားပုံမှာ ရှီအာ မွတ်စလင်မ် ဒေါက်တာ ကာစင်မ် အနေဖြင့် မိမိ၏ ဆေးခန်းတွင် လူနာများ ကိုဆေးကုသပေးနေချိန် ဖုန်း ဝင်လာလေ၏ ။ ပြီးနောက် ဖုန်းတွင် တစ်နေရာတွင် ဒေါက်တာ ၏ ဧည့်သည် ရောက်နေကြောင်း ပြောပြီး ဒေါက်တာ ကို လာဖို့ ခေါ်လေ၏။ ဒေါက်တာ အနေဖြင့် လည်း ခေါ်ထားသည့်နေရာသို့ ဧည့် သည် ကို တွေ့ ရန် သွားခဲ့ပါတယ်။ ပြောထားသည့်နေရာ ဒေါက်တာ ရောက်တာနှင့် လက်နက်ကိုင်ထားသည့် တရား မတဝင် ဝဟာဘီ အစွန်းရောက် အဖွဲ့ စေဗါယေ ဆွာဟာဗာ အဖွဲ့ ဝင်များ မှ သေနတ်နှင့် ရက်ရက်စက်စက် ပစ်သတ် ခဲ့ကြပါတယ်။

ဒေါက်တာ ကာစင်မ်အနေဖြင့်လည်း နေရာ၌ပင် အလ္လာဟ် ဟို အရှင်မြတ် ခံယူသွားပြီး ရှဟီးဒ် ဖြစ်သွားခဲ့ပါတယ်။