၂၄ မတ် ၂၀၁၇ - ၁၇:၂၄
လားရှိုးမြို့တွင် က​လေးစာ​ပေပွဲ​တော်​ ကျင်းပမည်

ကလေး လူငယ်တွေဖွံ့ဖြိုးတိုးတက်ရေး၊ စာပေ ဗဟုတုတရရှိရေး၊ ဉာဏ်ပညာ ထက်မြက်ရေးနဲ့ စွမ်းဆောင်ရေ မြှင်တင်နိုင်ဖို့ ရည်ရွယ်ပြီး ကလေးစာပေပွဲတော်ကို လားရှိုးမြို့ မြို့တော်ခန်းမမှာ ကျင်ပပြုမှာ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကလေး လူငယ်တွေဖွံ့ဖြိုးတိုးတက်ရေး၊ စာပေ ဗဟုတုတရရှိရေး၊ ဉာဏ်ပညာ ထက်မြက်ရေးနဲ့ စွမ်းဆောင်ရေ မြှင်တင်နိုင်ဖို့ ရည်ရွယ်ပြီး ကလေးစာပေပွဲတော်ကို လားရှိုးမြို့ မြို့တော်ခန်းမမှာ ကျင်ပပြုမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးဦးစီးဌာနမှ ဦးဆောင် ကျင်းပတာဖြစ်ပြီး ကလေးစာပေပွဲတော်ကို   မတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပမှာ ဖြစ်ပါတယ်။

ကလေးစာပေပွဲတော်မှာ စာအုပ်ပြပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ပန်ချီပြိုင်ပွဲ၊ စာအုပ်ရောင်းပြပွဲနဲ့ အခြားဂိမ်းကစားပွဲကိုလည်း ကျင်းပပြုလုပ်မှာဖြစ်ပြီး ဆုရရှိသူတွေကို ဆုချီးမြှင့်ပေးမယ်လို့ သိရပါတယ်။

အဆိုပါ ကလေးစာပေပွဲတော်ကို အနယ်နယ်အရပ်ရပ်မှ ကလေးမိဘတွေနဲ့ ကလေးတွေ တက်ရောက်ဖို့ ဖိတ်ခေါ်ပြီး ကလေးငယ်တွေကို လက်ဆောင်ပစ္စည်းပေးဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။

===================
251/End