အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း တံတားဖွင့်ပွဲအတွက် ပိုက်ဆံကောက်ခံတာဟာ လမ်းစရိတ်အတွက်ပဲ ကောက်ခံတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောပါတယ်။
တံတားနာမည်ပေးတာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေ များခဲ့တဲ့ ချောင်းဆုံမြို့နယ်ထဲက ဗိုလ်ချုပ်အောင်ဆန်းတံတားဖွင့်ပွဲအတွက် မြောက်ဒဂုံမြို့နယ် အန်အယ်လ်ဒီက ငွေကြေးကောက်ခံနေတယ်ဆိုတဲ့အပေါ် အဖွဲ့ချုပ်က ခုလို ပြန်လည် ဖြေရှင်းလိုက်တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက “ဒီလို ပိုက်ဆံကောက်ခံတာနဲ့ ပတ်သက်ပြီး ကျနော်တို့က ပိုက်ဆံကောက်တာကိုတော့ တားမြစ်ထားတယ်။ စစ်ဆေးမှုတွေလုပ်ဖို့တော့ ရန်ကုန်တိုင်း ဥက္ကဋ္ဌကို တာဝန်ပေးထားပါတယ်” လို့ ပြောပါတယ်။
===================
251/End
၅ ဧပြီ ၂၀၁၇ - ၁၈:၄၁
News ID: 822114