၉ ဧပြီ ၂၀၁၇ - ၁၈:၄၂
ပင်လုံစာတမ်း နှင့် လုံခြုံရေးဆိုင်ရာများကို ပူးပေါင်းလုပ်ဆောင်ရန် တိုင်းရင်းသားအဖွဲ့များ သဘောတူဆုံးဖြတ်

ချင်းမိုင်၊ ဧပြီ ၉ ။ ။ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လမ်းညွန်အခြေခံမူများ၊ ပင်လုံလက်ဆွဲစာတမ်း၊ လုံခြုံရေးဆိုင်းရာများ အတူပူးပေါင်းလုပ်ဆောင်သွားရန် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များ အစည်းအဝေးအပြီး ဧပြီ ၉ရက်က အတည်ပြု သဘောတူဆုံးဖြတ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ချင်းမိုင်၊ ဧပြီ ၉ ။     ။ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လမ်းညွန်အခြေခံမူများ၊ ပင်လုံလက်ဆွဲစာတမ်း၊ လုံခြုံရေးဆိုင်းရာများ အတူပူးပေါင်းလုပ်ဆောင်သွားရန် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များ အစည်းအဝေးအပြီး ဧပြီ ၉ရက်က အတည်ပြု သဘောတူဆုံးဖြတ်ခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့နှင့် NCA လက်မှတ်မရေးထိုးသေးသော အဖွဲ့အစည်းခေါင်းဆောင်များ ဧပြီလ ၈ ရက်နှင့် ၉ ရက်က နှစ်ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိပ်သီးအစည်းအဝေးကျင်းပကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“အဓိကတော့ ပင်လုံလက်ဆွဲကိုတော့ ညှိနှိုင်းလို့ အခြေခံသဘောထားတွေ ရသွားပြီ။ နောက်လုံခြုံရေးနဲ့ ကာကွယ်ရေးမှာလည်း ညှိနှိုင်းထားတဲ့သဘောထားတွေ ယေဘုယျအားဖြင့်ရှိတယ်။ ဒါပေမဲ့ တချို့ဟာတွေက ပြန်ပြီးပြင်ဆင်ဖြည့်စွက်ဖို့ လိုသေးတယ်။ ဖက်ဒရယ်မူအတွက်လည်း အခြေခံတော့ရထားတယ်။ ဒါပေမဲ့ ထပ်မံဖြည့်စွက်ဖို့ လျာထားတယ်”ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးမျာ ဖက်ဒရယ်ကောင်စီ (UNFC)မှ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

ပင်လုံစာတမ်းတွင် ပင်လုံသဘောတူညီချက် ရရှိနိုင်ရန်အတွက် ယခင်က သက်ဆိုင်ရာခေါင်းဆောင် အဆင့်ဆင့် ဆွေးနွေးချက်များ၊ ရေးသားချက်များ၊ ထားရှိခဲ့သော ကတိကဝတ်များကို ထည့်သွင်းထားပြီး သမိုင်းအထောက်အထားနှင့် ခိုင်မာသော အချက်အလက်များကို စုဆောင်းထားခြင်း ဖြစ်သည်ဟု နိုင်ဟံသာက သတင်းထောက်များကို ပြောဆိုခဲ့သည်။

“အနာဂတ်မှာ DDR/SSR လို့ ပြောနေပေမယ့် တဖက်က DDR ကြီးပဲလည်း အန်ကယ်တို့ လက်မခံနိုင်ဘူး။ SSR ရှိဖို့လည်း လိုတယ်။ သဘောကတော့ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ နောက်ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ပေါ်လာဖို့ဆိုတဲ့နေရာမှာ တပ်ပိုင်းဆိုင်ရာမှာ အရေးကြီးပါမယ်။ တဖက်က တပ်ပိုင်းဆိုင်ရာမှာ ယုံကြည်မှုမရှိကြဘူးဆိုရင် အဲဒါကလည်း အန္တရယ်ရှိလာနိုင်မယ်။ တကယ်လို့ လွယ်လွယ်နဲ့ ဆုံးဖြတ်ပေးလိုက်ရင် တပ်ကိုပေးလိုက်ပြီး တပ်အင်အားကို အသုံးပြုပြီးမှ ကိုယ့်ကို ဖိနှိပ်လာရင် ဘယ့်နှယ့်လုပ်မလဲ။ ဒါတွေ စဉ်းစားဖို့ လိုတာပေါ့နော်”ဟု နိုင်ဟံသာက ပြောသည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လမ်းညွန်အခြေခံမှုများနှင့် ပင်လုံလက်စွဲစာတမ်းတို့ကို အတည်ပြုခဲ့သလို၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ကိစ္စများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB) ဆိုင်ရာကိစ္စရပ်များ၊ ကြားကာလ အစီအစဉ်များဆိုင်ရာ မူဝါဒနှင့် အစီအစဉ်များ   ရေးဆွဲသွားနိုင်ရေးအတွက် ပူးတွဲအလုပ်အဖွဲ့များ ဖွဲ့စည်းသွားရန်တို့ကို သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေးအပြီး ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး၌ တိုင်းပြည်အတွင်း အရေးကြီးသည့် ပင်လုံစိတ်ဓါတ်၊ ပင်လုံသဘောတူညီချက်၊ ပင်လုံစာချုပ်များအပေါ်အမြင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး သမိုင်းးရေးဆိုင်ရာအရ ကိုးကားရမည့် ပင်လုံလက်တွဲစာတမ်းတစ်ခု ထွက်ပေါ်ရေး ဆုံးဖြတ်ခဲ့ခြင်းသည် အန်စီအေ လက်မှတ်ရေးထိုးသည့်အဖွဲ့အစည်းများနှင့် အန်စီအေ မထိုးသေးသည့် အဖွဲ့အစည်းများအကြား အောင်မြင်မှု တခုဖြစ်ကြောင်း ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောသည်။

“ပင်လုံစိတ်ဓါတ်နဲ့အတူ ပင်လုံသဘောတူညီချက်တွေအတိုင်း တိုင်းပြည်ကို အတူတကွ တည်ဆောက်မယ်။ သဘောတူညီချက်တွေအတိုင်း တိုင်းရင်းသားတွေ ကြားထဲမှာ တန်းတူညီတူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်မယ်ဆိုဆိုတဲ့ ယူဆချက်တွေဟာ အားလုံးရဲ့ စုစည်းချက်လို့ပြောရင် ဖြစ်ပါတယ်။ ဒါတွေက ဒီနေ့ ဆွေးနွေးပွဲရဲ့ အားလုံးတူညီတဲ့ သဘောထားစုစည်းချက်ဖြစ်ပါတယ်”ဟု သူက သတင်းထောက်များကို ပြောသည်။

“လုံခြုံရေးဆိုင်ရာကိစ္စရပ်ဟာ ဒီနေ့ဆွေးနွေးနေတဲ့ နိုင်ငံရေးနဲ့ ဆက်စပ်နေတော့ ဒါတွေကို ကျနော်တို့ အားလုံးနဲ့ ဆိုင်တဲ့ဆွေးနွေးပွဲတွေမှာ ဆက်လက်ဆွေးနွေးပြီးတော့မှ လေ့လာရဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ မိုင်ဂျာယန်မှာချတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် အခြေခံရမဲ့ မူ ၈ ချက်ဆိုတာရှိတယ်။ ဒီမူ ၈ ချက်ကို လက်တွေ့ ကျနော်တို့ အသုံးချနိုင်ရေး၊ လက်တွေ့ဆွေးနွေပွဲထဲမှာ ဆက်လက် ကိုင်ဆွဲသွားနိုင်ရေးရှိတယ်။ နိုင်ငံတကာကနေပြီးတော့ အခုပံ့ပိုးနေတဲ့ ငြိမ်းချမ်းရေးအထောက်အကူပြုဖို့ ရန်ပုံငွေတွေ ဆိုင်ရာကိစ္စတွေရှိရင်လည်း အတူတကွ ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုတဲ့ UNFC နဲ့ NCAလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကြားမှာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက် ဆာက်ရွက်သွားမယ်ဆိုတဲ့ သဘောတူညီချက်ကို ဒီနေ့ ညနေမှာ ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်”ဟု သူက ဆက်ပြောသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့သောတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်များ၏ မိုင်ဂျာယန် အစည်းအဝေးမှ ချမှတ်ခဲ့သော ပင်လုံစာတမ်းအပေါ် ပြန်လည် စိစစ်အတည်ပြုရန်နှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို အဓိထား တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်။

ထိုထိပ်သီးအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လန်ရေးအဖွဲ့အစည်း ၈ ဖွဲ့နှင့် NCA လက်မှတ်မရေးထိုးသေးသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ ၇ ဖွဲ့ စုစုပေါင်း အဖွဲ့အစည်း ၁၄ ဖွဲ့မှ ကိုယ်စားလှယ် ၆၀ ကျော် တက်ရောက် ဆွေးနွေးခဲ့သည်။

===================
251/End