အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာရှဖလား ခြေစစ်ပွဲအတွက်ပြင် ဆင်နေသည့် ပဏာမ မြန်မာ့လက် ရွေးစင် ဘောလုံးအသင်းလေ့ကျင့် မှု အစီအစဉ်များကို ဧပြီ ၂၆ ရက်ကစတင်၍ တစ်ပတ်လျှင်တစ် ကြိမ်ပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
မြန်မာ့လက်ရွေးစင် အသင်း သည် ၂၀၁၉ အာရှဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မတ်လ ၂၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ ကွင်းတွင် အိန္ဒိယလက်ရွေးစင်အ သင်းနှင့် ယှဉ်ပြိုင်ကစားပြီး ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ မြန်မာအသင်းသည် အာရှဖလား ခြေစစ်ပွဲအုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန်လ ၁၃ ရက်တွင် မကာအိုအ သင်းနှင့် အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
မြန်မာလိဂ်ပွဲစဉ်များရှိသဖြင့် အိန္ဒိယအသင်းနှင့်ပွဲစဉ်အ ပြီးတွင် မြန်မာ့လက်ရွေးစင်အသင်း လေ့ ကျင့်မှု အစီအစဉ်များကို ရပ်နားထားသည်။
‘‘လာမယ့် ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၆) မှာ လေ့ကျင့်ခန်း အစီအစဉ် တွေ ပြန်စမယ်။ အိန္ဒိယနဲ့ပွဲတုန်း က ရွေးထားတဲ့ လူစာရင်းအတိုင်း ပဲ လောလောဆယ် လေ့ကျင့်သွား ပါမယ်’’ ဟု မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာလိဂ်ပြိုင်ပွဲ ကာလ အတွင်း ပဏာမလက်ရွေး စင်အသင်းလေ့ကျင့်မှု အစီအစဉ် များကို အပတ်စဉ် ဗုဒ္ဓဟူးနေ့များ တွင် (တစ်ပတ်လျှင်တစ်ကြိမ်) ပြုလုပ်မည်ဖြစ်ပြီး အာရှဖလားခြေစစ်ပွဲစဉ်နီးလျှင် စခန်းသွင်းလေ့ကျင့်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အိန္ဒိယအသင်းနှင့် ခြေစစ်ပွဲ မတိုင်မီ နောက်ဆုံးထုတ်ပြန်ထားသည့် ပဏာမလက်ရွေးစင် ကစားသမားစာရင်းတွင် မြန်မာ လိဂ် ကလပ်အသင်း ကိုးသင်းမှ ကစားသမား ၂၆ ဦးပါဝင်သည်။
၂၀၁၉ အာရှဖလားခြေစစ်ပွဲ တွင် မြန်မာအသင်းသည် အုပ်စု (က) ၌ အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုအသင်းတို့နှင့် တစ်အုပ်စု တည်း ကျရောက်နေသည်။ ယင်း အုပ်စုအဖွင့်ပွဲများတွင် အိန္ဒိယအ သင်းက မြန်မာအသင်းကို ၁-ဝ
ဂိုး နှင့်ကာဂျစ္စတန်အသင်းက မကာ အိုအသင်းကို ၁-၀ ဂိုးဖြင့် အသီး သီး အနိုင်ရရှိထားသည်။ ထို့ ကြောင့် အဖွင့်ပွဲများအပြီးတွင် နိုင် ပွဲရရှိထားသည့် အိန္ဒိယနှင့် ကာဂျစ္စတန်အသင်းတို့က အုပ်စုကို ဦး ဆောင်ထားသည်။
အာရှဖလားခြေစစ်ပွဲကို အိမ် ကွင်း၊ အဝေးကွင်းနှစ်ကျော့ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုတစ်ခု စီမှ အမှတ်အများဆုံးရရှိသည့် နှစ်သင်းက နောက်ဆုံးအဆင့်ပြိုင် ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း သည် မကာအိုအသင်းနှင့်အာရှဖ လားခြေစစ်ပွဲ မတိုင်မီ ဇွန်လ ၆ ရက်တွင် စင်ကာပူ လက်ရွေးစင်အ သင်းနှင့် စင်ကာပူနိုင်ငံ၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး ထိုမှတစ်ဆင့် မကာအိုနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
===================
251/End
၂၆ ဧပြီ ၂၀၁၇ - ၁၇:၀၇
News ID: 826164
အာရှဖလား ခြေစစ်ပွဲအတွက်ပြင် ဆင်နေသည့် ပဏာမ မြန်မာ့လက် ရွေးစင် ဘောလုံးအသင်းလေ့ကျင့် မှု အစီအစဉ်များကို ဧပြီ ၂၆ ရက်ကစတင်၍ တစ်ပတ်လျှင်တစ် ကြိမ်ပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။