၂၉ ဧပြီ ၂၀၁၇ - ၁၁:၃၇
ရေပူဂိတ်တွင် ၁၂ဘီးကားငါးစီးဖြင့် သယ်ဆောင်လာသည့် တရားမဝင်ပိတောက်သစ်များ ဖမ်းမိ

ရေပူစစ်ဆေးရေးဂိတ် တွင်ဧပြီ ၂၈ရက်နေ့လယ်က ၁၂ ဘီးကားငါးစီးဖြင့် တင်ဆောင် သယ်ယူလာသည့် တရားမဝင်ပိ တောက်သစ်တန် ၅၀ ခန့်ဖမ်း ဆီးရမိခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရေပူစစ်ဆေးရေးဂိတ် တွင်ဧပြီ ၂၈ရက်နေ့လယ်က ၁၂ ဘီးကားငါးစီးဖြင့် တင်ဆောင် သယ်ယူလာသည့် တရားမဝင်ပိ တောက်သစ်တန် ၅၀ ခန့်ဖမ်း ဆီးရမိခဲ့သည်။

ကားတစ်စီးလျှင်ပိတောက် သစ်ခွဲသား ၁၀ တန်ခန့်စီကို တာလပတ်ဖြင့်အုပ်ကာ တင် ဆောင်လာသည့် ၁၂ဘီးကား ငါးစီးနှင့် ရှေ့ပြေးအဖြစ်ယူဆရ သည့် မတ်တူးကားတစ်စီးတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်းရေပူစစ် ဆေးရေးဂိတ် တရားမဝင်ကုန် သွယ်မှုတားဆီးရေးအဖွဲ့ခေါင်း ဆောင် အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးတက် ထွန်းအောင်ကပြောသည်။

‘‘တခြားကားတွေဆိုရင် ဖွဲ အိတ်တွေ ဘာတွေဖုံးလာကြ တယ်။ အခုဒီကား ငါးစီးကတော့ ဘာမှမဖုံးဘူး။ ဒီအတိုင်းတာလ ပတ်လေးအုပ်ပြီးသယ်လာတာ။ အခုတော့ဖမ်းမိတဲ့သစ်၊ကားနဲ့ လူ တွေကိုသက်ဆိုင်ရာအပ်လိုက်ပါ ပြီ’’ဟု ၎င်းကပြောသည်။

တရားမဝင်သစ်  သယ် ဆောင်သည့် ၁၂ ဘီးကား ငါးစီး၊ မတ်တူးကားတစ်စီးနှင့် ယာဉ် မောင်းခြောက်ဦးတို့ကိုသက်ဆိုင် ရာ ရဲစခန်းမှ ဆက်လက်စစ်ဆေး အရေးယူမည်ဖြစ်ကာ သယ်ဆောင်လာသည့် ပိတောက်သစ်များကို သက်ဆိုင်ရာသစ်တောဌာနသို့ အပ်နှံလိုက်ကြောင်း ၎င်းကဆို သည်။

ဧပြီ ၂၇ရက်ညကပိတောက် သစ်များကို ၁၂ဘီးကားနှစ်စီးဖြင့် တရားမဝင်သယ်ဆောင်လာသူ များအား ဖမ်းဆီးနိုင်ခဲ့ရာ ၂၄နာရီ အတွင်းကား ရှစ်စီးနှင့် တရားမဝင်သစ်များ စံချိန်တင်ဖမ်းဆီးရမိကြောင်း ရေပူဂိတ်စစ်ဆေးရေး အဖွဲ့ထံမှ သတင်းရရှိသည်။

တရားမဝင်ကုန်ပစ္စည်း သယ်ဆောင်သူများအနေဖြင့် မော်တော်ယာဉ် နံပါတ်ပြားများ ကို အမျိုးမျိုးပြောင်းလဲကာသယ် ဆောင်သလို စစ်ဆေးရေးဂိတ် တွင်အဖမ်းအဆီးရှိ၊မရှိ သတင်း ပေးများရှိနေ၍ တရားမဝင်ကုန် ပစ္စည်းများ ဖမ်းဆီးရာ၌အခက်အ ခဲအချို့ရှိကြောင်း၊ သို့သော်သ တင်းရယူ စစ်ဆေးဖမ်းဆီးခြင်း များ ဆက်တိုက်ပြုလုပ်နေကာ တရားမဝင်ကုန်သွယ်မှုများမကြာ ခဏဖမ်းဆီးရမိနေကြောင်း ဦး တက်ထွန်း အောင်ကပြောသည်။

တရားမဝင်ကုန်သွယ်မှုကို စိစစ်တားဆီးရန် ရှမ်းပြည်နယ် မြောက်ပိုင်း   သိန်းနီးမြို့နယ်အ တွင်းမန္တလေး−မူဆယ် နယ်စပ် ကုန်သွယ်ရေးလမ်းပေါ်ရှိ ရေပူ စစ်ဆေးရေးဂိတ်ကို  ဇန်နဝါရီအ တွင်းကပြန်လည်ဖွင့်လှစ်ခဲ့သည်။ ရေပူစစ်ဆေးရေးဂိတ်ပြန်လည် ဖွင့်လှစ်၍ နောက်ပိုင်းတရုတ်နိုင်ငံ ဘက်ခြမ်းမှ တင်သွင်းသည့်မုန့်မျိုး စုံနှင့် စားသုံးရန်မသင့်သည့်အစား အသောက်များ၊ တရားမဝင်လူ သုံးကုန်ပစ္စည်းတင်သွင်းလာမှု များ အဓိကဖမ်းဆီးရမိကာမြန်မာ နိုင်ငံမှ တရားမဝင်တင်ပို့မှုများ တွင် သစ်နှင့်သစ်တောထွက် ပစ္စည်း၊ ကျောက်စိမ်းကျောက် မျက်များနှင့် အသားခြောက်များ အဓိက ဖမ်းဆီးရမိနေသည်။

===================
251/End