၆ မေ ၂၀၁၇ - ၁၅:၅၉
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဘုရင်မကြီးတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် နှင့်ဗြိတိန်ဘုရင်မကြီး အဲလိဇ ဘတ်-၂ တို့သည် မေလ ၅ ရက် က ဘက်ကင်ဟမ်နန်းတော်တွင် တွေ့ဆုံခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဒေါ်အောင်ဆန်းစုကြည် နှင့်ဗြိတိန်ဘုရင်မကြီး အဲလိဇ ဘတ်-၂ တို့သည် မေလ ၅ ရက် က ဘက်ကင်ဟမ်နန်းတော်တွင် တွေ့ဆုံခဲ့သည်။

ဗြိတိန်သို့ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ဘက်ကင်ဟမ်နန်းတော် တွင် ဗြိတိန်ဘုရင်မကြီး ဧည့်ခံ သော နေ့လယ်စာစားပွဲသို့တက် ရောက်၍ တွေ့ဆုံခဲ့ခြင်း ဖြစ် သည်။ တွေ့ဆုံစဉ် ဘုရင်မကြီးနှင့် အတူ မင်းသားဝီလျံလည်း ရှိနေခဲ့ သည်။ တွေ့ဆုံဆွေးနွေးမှုအသေး စိတ်နှင့် ပတ်သက်၍မူ နှစ်ဖက်စ လုံးက မထုတ်ပြန်သေးပေ။

တစ်နေ့တည်းမှာပင် ဒေါ် အောင်ဆန်းစုကြည်သည် ဗြိတိန် အိမ်ရှေ့စံ နန်းလျာ ဝေလမင်းသား ချားလ်စ်၊ ကြင်ရာတော် ကွန်း ဝေါလ်မြို့စားကတော် ကမ်မီလာ တို့နှင့် ကလဲရင့်စ်အိမ်တော်၌ တွေ့ဆုံခဲ့သည်။ ၎င်းနှင့် ဝေလ မင်းသား ချားလ်စ်အကြား ယခု တွေ့ဆုံမှုသည် တတိယအကြိမ် မြောက်ဖြစ်ပြီး မင်းသားသည် ဒေါ်အောင်ဆန်းစုကြည်၏ကွယ် လွန်သူခင်ပွန်းသည်နှင့် သိကျွမ်း သူဖြစ်သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၆ စက်တင်ဘာက ဗြိတိန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့ပြီး ရှစ်လအကြာတွင် ထပ်မံရောက်ရှိနေခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေနှင့် တွေ့ဆုံမှုအပါ အဝင် အဆင့်မြင့်အစည်းအဝေး များစွာ တက်ရောက်ရန်ရှိသည်။

၎င်းဗြိတိန်သို့ ရောက်ရှိနေ သည့် အချိန်မှာပင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး- ယူကေ(AI  UK)ကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ယူကေအစိုးရက ဆက်လက်တိုက်တွန်းရမည်ဟု ဖော်ပြထားသည်။

===================
251/End