အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများကို အစိုးရနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်တို့ ဆောင်ရွက်မှု အားနည်းနေသေးကြောင်း ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ် က ပြောသည်။
မေလ ၁၃ ရက်က ပြည်လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်၌ ပြုလုပ်ခဲ့သည့် အရပ်ဘက်အဖွဲ့ အစည်းများ၊ လူ့အခွင့်အရေးကာ ကွယ်စောင့်ရှောက်သူများနှင့် အစိုးရတာဝန်ရှိသူများအကြား ကွန်ရက်ချိတ်ဆက်မှု အားကောင်းလာစေရန် စွမ်းရည်မြှင့်တင်ပေးခြင်း အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘တစ်နိုင်ငံလုံးအတိုင်းအ တာအနေနဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေက ရှိနေတုန်းပဲ။ လူ့ အခွင့်အရေးကော်မရှင်က စုံစမ်း စစ်ဆေးရုံပဲ တတ်နိုင်ပြီးတော့ အစိုးရဘက်ကလည်း ဆောင်ရွက် မှုအားနည်းတာတွေ့ရတယ်။ ဒါ ကြောင့် ကော်မရှင်ကို တကယ် လုပ်နိုင်တဲ့သူနဲ့ဖွဲ့ပြီး ကော်မရှင် က တင်ပြချက်တွေကို အစိုးရ ဘက်က အလေးထားဆောင်ရွက် မယ်ဆိုရင် လူ့အခွင့်အရေးချိုး ဖောက်မှုတွေ အထိုက်အလျောက် လျော့ပါးသွားမယ်’’ဟု ဦးနေဘုန်း လတ်က ပြောသည်။
ထို့အပြင် အရပ်ဘက်အဖွဲ့ အစည်းများသည် ဒေသအလိုက် ဆောင်ရွက်နေသော်လည်း အစိုး ရနှင့် ချိတ်ဆက်မှုအပိုင်းတွင် အားနည်းနေခြင်းကို တွေ့ရှိရကြောင်း ၎င်းက သုံးသပ်ပြောသည်။ လူ့အ ခွင့်အရေးနှင့်ပတ်သက်သော လှုပ်ရှားမှုများနှင့် မဟာဗျူဟာလုပ် ငန်းစဉ်များ လုပ်ဆောင်လာနိုင် ရန် ရည်ရွယ်၍ ဆွေးနွေးခြင်းဖြစ် ကြောင်း ညီမျှခြင်းမြန်မာအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးအောင် မျိုးမင်းက ပြောသည်။
‘‘ပြည်သူတွေ ဘာဖြစ်နေလဲ ဆိုတာ အစိုးရက သိဖို့လိုအပ် သလို အစိုးရလုပ်ဆောင်နေတာ ကို ပြည်သူကသိပြီး ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့အ တွက် လုပ်တာပါ။ လူ့အခွင့်အ ရေးတွေ ဘာတွေ ချိုးဖောက်ခံနေ ရလဲဆိုတာ သိရှိဖို့ အစိုးရက ပြည်သူတွေနဲ့ တွေ့ဆုံဖို့လိုအပ်ပါ တယ်’’ဟု ၎င်းက ပြောသည်။
ယင်းလုပ်ရုံ ဆွေးနွေးပွဲကို မေလ ၁၃ ရက်က ပြည်လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ပြု လုပ်ခဲ့သည်။ ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိ ကဝတ်များနှင့် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်၊ ရန်ကုန်တိုင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်၊ ဥရောပသမဂ္ဂကိုယ်စားလှယ်အပါအဝင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများက လက်ရှိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်၊ ညီမျှခြင်းမြန်မာအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်း၊ လူ့ အခွင့်အရေးလှုပ်ရှားဆောင်ရွက် သူ နော်စိုးစိုးအေး၊ ကိုထူးကျော် ဝင်းတို့က အရပ်ဘက်အဖွဲ့အ စည်းများ၊ လူ့အခွင့်အရေးကာ ကွယ် စောင့်ရှောက်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအ ကြား ချိတ်ဆက်ညှိနှိုင်းခြင်းတို့ကို ဆွေးနွေးခဲ့သည်။
နာမည်ကြီး အင်းဝအပ်ချုပ် ဆိုင်အမှုတွင် အိမ်အကူကလေး ငယ်များကို နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်နေ သည့်ကိစ္စကို လျော်ကြေးပေးနည်း ဖြင့် ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး ဝေဖန် မှုများကြောင့် လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်လေးဦး ၂၀၁၆ နှစ်ကုန်က နုတ်ထွက်ခဲ့သည်။
===================
251/End
လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို အစိုးရနှင့် လူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်မှု အားနည်းနေသေးဟုဆို
၁၄ မေ ၂၀၁၇ - ၁၁:၃၅
News ID: 829671
လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများကို အစိုးရနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်တို့ ဆောင်ရွက်မှု အားနည်းနေသေးကြောင်း ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ် က ပြောသည်။