အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကမ္ဘာ့အကြီးဆုံး ဥပဒေ အကျိုးဆောင်ကုမ္ပဏီဖြစ်သည့် (Dentons)သည် မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံးအသစ်ကို မေလ ၃၁ ရက်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ကုမ္ပဏီသည် နိုင်ငံ ၆၀ ကျော်တွင် ကုမ္ပဏီရုံးခွဲများ ဖွင့် လှစ်ထားပြီး မြန်မာနိုင်ငံ၌ စင်ကာပူနိုင်ငံမှ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေးလုပ် ငန်းများကို ဥပဒေဆိုင်ရာ အကြံ ပေးရန် အဓိကရည်ရွယ်၍ ဝင် ရောက်ခြင်းဖြစ်သည်ဟု အဆိုပါ ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ဒုတိ ယဥက္ကဋ္ဌ Mr.Philip.Jeyaretnamက ပြောသည်။
‘‘စင်ကာပူကလာတဲ့ လုပ် ငန်းကြီး ကုမ္ပဏီတွေ ဥပဒေအရ အကောင်းဆုံး ပူးပေါင်းဆောင် ရွက်ချင်ပါတယ်။ မြန်မာနိုင်ငံက ပွင့်လင်းလာတဲ့အပြင် အာဆီယံ စီးပွားရေးအသိုက်အဝန်း (AEC)နဲ့အတူ ဝင်ရောက်လာတဲ့ စီးပွား ရေး လုပ်ငန်းကြီးတွေကို မြန်မာ နိုင်ငံမှာ ဥပဒေအရ အကြံပေးဖို့ လိုအပ်နေပြီ။ ဒါက ကျွန်တော်တို့ အတွက် အခွင့်အလမ်းလို့ မြင်ပါ တယ်’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။
Dentons ဥပဒေ အကျိုး ဆောင်ကုမ္ပဏီ၏ အဓိက မိတ် ဖက်လုပ်ငန်းများသည် စင်ကာပူ နိုင်ငံမှ ဘဏ်လုပ်ငန်းဆိုင်ရာ ကုမ္ပဏီများ၊ ဆေးရုံ လုပ်ငန်းများ၊ ဆေးဝါးနည်းပညာဆိုင်ရာ ကုမ္ပဏီများနှင့် သတ္တုတူးဖော်ရေး ဆိုင်ရာ ကုမ္ပဏီများဖြစ်သည်ဟု ဆိုသည်။
Dentons သည် ၆၁ နိုင်ငံတွင် ကုမ္ပဏီများ၏ စီမံကိန်းများ အောင်မြင်ရေးနှင့် အငြင်းပွားမှု ဖြစ်ပေါ်လာပါက ဥပဒေအရ ဖြေ ရှင်းရန် ကုမ္ပဏီရုံးများ ဖွင့်လှစ် ထားသည်။ ခန့်အပ်ထားသည့် ရှေ့နေဝန်ထမ်းအရေအတွက်ဖြင့် တိုင်းတာပါက ကမ္ဘာ့အကြီးဆုံး ဥပဒေအကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဝင်ငွေအနေဖြင့် တိုင်း တာပါက ကမ္ဘာ့အဆင့်တန်း နံပါတ်(၆)နေရာတွင် ရှိသည်။
စင်ကာပူနိုင်ငံသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်သည့် နံပါတ် (၁) နိုင်ငံ ဖြစ်ခဲ့ပြီး အမေရိကန် ဒေါ်လာ လေးဘီလီယံခန့် ဝင်ရောက်ခဲ့ သည်။ ထိုဘဏ္ဍာနှစ်အတွင်း နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၅၇ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။
===================
251/End
၁ ဇွန် ၂၀၁၇ - ၁၆:၁၃
News ID: 833551
ကမ္ဘာ့အကြီးဆုံး ဥပဒေ အကျိုးဆောင်ကုမ္ပဏီဖြစ်သည့် (Dentons)သည် မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံးအသစ်ကို မေလ ၃၁ ရက်က ဖွင့်လှစ်ခဲ့သည်။