အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံသည် ရာသီဥတုဒဏ်ကို အများဆုံးခံရ သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အကြီးမားဆုံးစိန်ခေါ်မှုသည် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏ ခြိမ်းခြောက်မှုဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကပြောကြားသည်။
‘‘ရာသီဥတုပြောင်းလဲမှုဖြစ် စဉ်ကြောင့် မကြာသေးမီက တစ် ကြိမ်တစ်ခါမျှ မကြုံဖူးသော အပူ ရှိန်လွန်ကဲမှုနှင့် ဆိုးရွားသည့် ရာသီဥတုဒဏ်များကို ခံစားခဲ့ရပါတယ်’’ဟု ဇွန်လ ၅ ရက်က နေ ပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ အခမ်းအနား၌ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားသည်။
ပြီးခဲ့သည့် သီတင်းပတ်အ တွင်း မိုရာဆိုင်ကလုန်းမုန်တိုင်း သည် ရခိုင်ပြည်နယ်ရှိ မြို့နယ် အချို့နှင့် ကျေးရွာများကို အပြင်းအထန် ရိုက်ခတ်ခဲ့ကြောင်းနှင့် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသများတွင် ပျက်စီးမှုအမြောက်အ မြားဖြစ်စေခဲ့ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားသည်။
မိုရာဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကြောင့် ရခိုင်၊ ချင်းပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ တွင် နေအိမ်အဆောက်အအုံ ၁၆,၀၀၀ ကျော် ပျက်စီးခဲ့ပြီး ရခိုင် ပြည်နယ်၌ ပျက်စီးမှုအများဆုံး ဖြစ်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် နေအိမ်အဆောက်အအုံ ၁၅,၀၀၀ ခန့် ပျက်စီးခဲ့ပြီး အဆိုးရွားဆုံး ရင် ဆိုင်ရသော ဘူးသီးတောင်နှင့် မောင်တောမြို့၌ ၁၀,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ကယ် ဆယ်ရေးဦးစီးဌာနမှ သတင်းရရှိ သည်။
ထို့အပြင် နိုင်ငံ၏ အရပ်ဒေသအချို့တွင် လွန်ခဲ့သည့်ဆယ်နှစ်ခန့်က အဆိုးရွားဆုံး သဘာဝဘေးဒဏ်တစ်ခုဖြစ်သည့် ဆိုင်ကလုန်း နာဂစ်ဒဏ် ခံစားခဲ့ရမှု များကို ယနေ့တိုင် ကုစားနေရ ကြောင်း သမ္မတက ဆက်လက် ပြောကြားသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုဒဏ် ကာကွယ်ရေးနှင့် ခံနိုင်ရည်ရှိရေး မဟာဗျူဟာလုပ်ငန်းများကို အားပေးကူညီရန် ဖွံ့ဖြိုးပြီး နိုင်ငံများကို တိုက်တွန်းကြောင်း ဦးထင်ကျော်က ထည့်သွင်းပြောကြားသည်။
===================
251/End
၆ ဇွန် ၂၀၁၇ - ၁၅:၅၁
News ID: 834661
မြန်မာနိုင်ငံသည် ရာသီဥတုဒဏ်ကို အများဆုံးခံရ သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အကြီးမားဆုံးစိန်ခေါ်မှုသည် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏ ခြိမ်းခြောက်မှုဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကပြောကြားသည်။