အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဇွန်လ ၁၃ ။ ။ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် ပျက်ကျရာတွင်ပါဝင်ခဲ့သော လေယာဉ်အမှုထမ်း၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် ၁၂၂ ဦးတို့၏ ကျန်ရစ်သူမိသားစုများအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် အလှူငွေကျပ် ၁၂၂ သိန်း အပါအ၀င် ဇွန်လ ၁၃ ရက်က လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အလှူငွေကျပ် ၁၂၂ သိန်း၊ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်(ငြိမ်း)နှင့်ဇနီး မိသားစု အလှူငွေကျပ် ၁၀ သိန်း၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် မိသားစုဝင်များ အလှူငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။
ဇွန် ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး လေယာဉ် Y-8 တွင်ပါရှိသွားသည့် လေယာဉ်အမှုထမ်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်ရစ်သူများအတွက် စေတနာရှင်အလှူရှင်များက ကျပ်သိန်းပေါင်း တစ်သောင်းနီးပါး(၉၉၁၈ဒဿမ ၅၂သိန်း)အား ဇွန်လ ၁၀ရက်တွင် ပေးအပ်လှူဒါန်းခဲ့သေးသည်။
အဆိုပါ ကျပ်သိန်းပေါင်း တစ်သောင်းနီးပါးရှိ အလှူငွေများပေးအပ်လှူဒါန်းပွဲကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမတွင် ပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့သည်။
=====================
251/ End
၁၄ ဇွန် ၂၀၁၇ - ၁၇:၁၈
News ID: 836484