၂၉ ဇွန် ၂၀၁၇ - ၁၆:၁၅
အတိုးနှုန်းများသော တရုတ်ချေးငွေများကို အစိုးရချင်း ပြန်လည်ညှိနှိုင်းရန် ဒေါ်ခင်စန်းလှိုင် အကြံပြု

မြန်မာနိုင်ငံကချေး ယူထားသည့် ပြည်ပကြွေးမြီများ အနက် တရုတ်နိုင်ငံမှချေးယူငွေ နှင့် အတိုးနှုန်းသည် အများဆုံးဖြစ် နေသောကြောင့် ယင်းအခြေအ နေကို နှစ်နိုင်ငံအစိုးရအကြားပြန် လည်ညှိနှိုင်းဆောင်ရွက်ရန် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ် ခင်စန်းလှိုင်ကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာနိုင်ငံကချေး ယူထားသည့် ပြည်ပကြွေးမြီများ အနက် တရုတ်နိုင်ငံမှချေးယူငွေ နှင့် အတိုးနှုန်းသည် အများဆုံးဖြစ် နေသောကြောင့် ယင်းအခြေအ နေကို နှစ်နိုင်ငံအစိုးရအကြားပြန် လည်ညှိနှိုင်းဆောင်ရွက်ရန် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ် ခင်စန်းလှိုင်ကပြောသည်။

ဇွန်လ ၂၈ ရက်ကကျင်းပ သည့် ပြည်ထောင်စုလွှတ်တော်အ စည်းအဝေးတွင် ၂၀၁၇ ကာလ လတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူ ဟာထုတ်ပြန်ရေးနှင့်ပတ်သက်၍ ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာ ကို ဆွေးနွေးစဉ်  ဒေါ်ခင်စန်းလှိုင် ကအကြံပြုခဲ့ခြင်းဖြစ်သည်။

‘‘ကြွေးမြီဝန်ထုပ်ဝန်ပိုးကြီး မြင့်စေတဲ့ တရုတ်နိုင်ငံချေးငွေများ  နဲ့ ပတ်သက်ပြီး စာချုပ်စာတမ်း များကို ပြန်လည်ဆန်းစစ်ခြင်း၊ လျှော့ပေါ့နိုင်တဲ့ အခွင့်အလမ်း တွေရှိခဲ့ရင် နည်းလမ်းရှာပြီးနှစ်နိုင် ငံအစိုးရများအကြား ပြန်လည်ညှိ နှိုင်းခြင်းစတာတွေကို နိုင်ငံတော် နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အခုကာလအလိုက် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာမှာ ထည့်သွင်းစဉ်းစားသင့်ပါကြောင်း အကြံပြုတင်ပြပါတယ်’’ ဟု ဒေါ် ခင်စန်းလှိုင်ကပြောသည်။

၂၀၁၂ ဧပြီခန့်က ဂျပန်အစိုး ရ၏ ကြားခံဆောင်ရွက်ပေးမှု ကြောင့် မြန်မာနိုင်ငံက တင်ရှိနေ သည့်ကြွေးမြီ ၅၀ ရာခိုင်နှုန်းကို လျှော့ပေါ့နိုင်ခဲ့ပြီး ကျန် ၅၀ရာခိုင် နှုန်း၏ အတိုးနှုန်းကိုလည်း ပြန် ဆပ်ကာလ၊ ဆိုင်းငံ့ကာလစသည် တို့ကို  အသစ်ပြန်လည်ညှိနှိုင်း ဆောင်ရွက်ခဲ့သည့် သာဓကရှိခဲ့ ကြောင်း ဒေါ်ခင်စန်းလှိုင်ကလွှတ် တော်သို့တင်ပြခဲ့သည်။

၂၀၁၆ နှစ်ကုန်ထိ ပြည်ပချေးငွေကန်ဒေါ်လာ သန်း ၉,၀၀၀ ခန့် (ကျပ် ၁၀,၆၅၃ ဘီလီယံ) ရှိခဲ့ရာ ADB, IDA တို့ အပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များထံမှ ဒေါ်လာ ၁,၃၆၄ ဒသမ ၂ သန်းကို ချေးယူထားပြီး နှစ်နိုင်ငံ အစိုးရချင်း  ချေးငွေသည် ဒေါ်လာ ၇,၆၂၅ ဒသမ ၇ သန်းရှိသည်။

နှစ်နိုင်ငံအစိုးရချေးငွေများ ထဲမှ တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ သန်း ၄,၀၀၀ ခန့် (၃,၉၅၅ ဒသမ ၇ သန်း)၊ ဂျပန်နိုင်ငံသို့ ကန်ဒေါ် လာ သန်း၂,၀၀၀ ခန့် (၁,၉၉၈ ဒသမ ၇ သန်း)၊ ဂျာမနီနိုင်ငံသို့ ကန်ဒေါ်လာ ၆၈၃သန်း ပြန်လည် ပေးဆပ်ရမည်ဖြစ်ပြီး အခြားနိုင်ငံ များသို့ ကန်ဒေါ်လာ ၉၈၈ ဒသမ ၃ သန်း ပေးရမည်ဖြစ်ကြောင်း  ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မ တီ၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံ၏ ပြည်ပကြွေး မြီကန်ဒေါ်လာသန်း ၉,၀၀၀ ခန့် တွင် တရုတ်နိုင်ငံမှ ချေးငွေကို ရာခိုင်နှုန်းဖြင့် တွက်မည်ဆိုပါက ၄၄ ရာခိုင်နှုန်းအထိရှိနေပြီး ပေးရမည့် အတိုးနှုန်းသည်လည်း ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးနေရကြောင်း ဒေါ်ခင်စန်းလှိုင်ကလွှတ်တော်အပြီးတွင် သတင်းမီဒီယာများအား ရှင်းပြသည်။

တရုတ်နိုင်ငံအပါအဝင်ပြည် ပချေးငွေအများစုအတွက် ပြန် ဆပ်ကာလသည် ဆိုင်းငံ့ကာလ ဆယ်နှစ်နှင့် ဆိုင်းငံ့ကာလ အပါ အဝင် ချေးငွေသက်တမ်း နှစ်လေးဆယ်ဖြစ်သည်။

လက်ရှိပြည်ပကြွေးမြီ ပမာ ဏကို ယခုအတိုင်း ထိန်းသိမ်းထား နိုင်မည်ဆိုပါက ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီပမာဏသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ်အမေ ရိကန်ဒေါ်လာသန်း ၆၀၀ ကျော်မှ သန်း ၇၀၀ ကျော်အထိပေးဆပ်ရန် ရှိသည်ကိုတွေ့ရကြောင်း ဒဂုံမြို့ နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်က လွှတ်တော်သို့ ပြောသည်။

ယခုနှစ်တွင်ပြည်ပမှ ကျပ် ၁,၇၀၀ ဘီလီယံကျော်နှင့်ညီမျှသည့်ငွေပမာဏကို ချေးယူရန် လျာထားပြီး ကြွေးမြီဆိုင်ရာဆုံးရှုံး နိုင်ခြေများလျော့နည်းစေရန် အ ချက်ခြောက်ချက်ဖြင့် ဆောင်ရွက် ထားကြောင်း ၂၀၁၇ ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ တွင်ပါရှိသည်။

၂၀၁၇ ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာထုတ်ပြန် ရေး ကိစ္စအပေါ် ငွေစာရင်းပူး ပေါင်းကော်မတီ၏ လေ့လာတွေ့ ရှိချက်အစီရင်ခံစာကို ပြည်ထောင် စုလွှတ်တော်က သဘောတူလက် ခံရန်ဆုံးဖြတ်ခဲ့သည်။

=====================
251/ End