အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ဇူလိုင်လ ၄ ရက် ညပိုင်းတွင် ကျင်းပမည့် Delhi Dialogue ဆွေးနွေးပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း မဇ္ဈိမက ရရှိထားသည့် အစီအစဉ်ဇယားတွင် ဖေါ်ပြထားသည်။
အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံခေါင်းဆောင်များနှင့် အိန္ဒိယနိုင်ငံခေါင်းဆောင်တို့ ဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေးရာများ ဆွေးနွေးမည့် ဆွေးနွေးပွဲဖြစ်သော Delhi Dialogue တွင် ဦးကျော်တင့်ဆွေအပါအဝင် မြန်မာ ကိုယ်စားလှယ်အချို့လည်း ဆွေးနွေးပွဲတွင် ပါဝင် ဆွေးနွေး ကြမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံနှင့် အာဆီယံ ၁၀ နိုင်ငံသိပံနှင့် နည်းပညာကဏ္ဍ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ဒေါက်တာ ဒေါ်ချောချောစိန်၊ လာအိုနိုင်ငံ Asia Research Centre ၏ ဒါရိုက်တာ Dr. Bouadam Sengkhamkhoutlavong၊ စင်္ကာပူနိုင်ငံ SAEA Research Group ဥက္ကဋ္ဌ Mr. R. Ravindran ကလည်းကောင်း၊ အိန္ဒိနိုင်ငံ National Cyber Security,Prime Minister’s Office မှ Gulshan Rai တို့က ဆွေးနွေးကြမည်ဖြစ်သည်။
Delhi Dialogue ဆွေးနွေးပွဲကို ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်အချို့နှင့် နိုင်ငံခြားရေး ဝန်ကြီးများ ရောက်ရှိနေပြီဖြစ်သည်။ Delhi Dialogue တွင် ဆွေးနွေးမည့် အကြောင်းအရာများတွင် အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံ ဆက်ဆံရေး၊ ဒေသတွင် ကုန်သွယ်မှုနှင့် လုံခြုံရေး အစရှိသည့် အကြောင်းအရာများ ပါဝင်သည်။
အိန္ဒိယ ပြင်ပဆက်ဆံရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးဖြစ်သူ Ms Preeti Saran က အိန္ဒိနိုင်ငံသည် အာဆီယံ ၁၀ နိုင်ငံနှင့် ဒေသတွင်းဆက်ဆံရေး တိုးမြင့်သွားကာ၊ ကုန်သွယ်လုပ်ငန်းများနှင့် ယဉ်ကျေးမှု ဖလှယ်ရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု အာဆီယံ ၁၀ နိုင်ငံမှ သတင်းထောက်များနှင့် ဇူလိုင်လ ၃ ရက်က တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
=====================
251/ End
၄ ဇူလိုင် ၂၀၁၇ - ၁၇:၀၄
News ID: 840428
အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ဇူလိုင်လ ၄ ရက် ညပိုင်းတွင် ကျင်းပမည့် Delhi Dialogue ဆွေးနွေးပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း မဇ္ဈိမက ရရှိထားသည့် အစီအစဉ်ဇယားတွင် ဖေါ်ပြထားသည်။