၃၁ ဇူလိုင် ၂၀၁၇ - ၁၇:၅၇
ရာသီတုပ်ကွေးကြောင့် အခြေခံပညာကျောင်းများပိတ်ရန် ညွှန်ကြားထားခြင်း မရှိသေး

ရာသီတုပ်ကွေး (Sea- sonal Influenza A(H1N1)-Pdm2009) ရောဂါကြောင့် လေး ရက် အတွင်း ခြောက်ဦးသေဆုံးခဲ့သော် လည်း အခြေခံပညာကျောင်းများ ပိတ်ရန် ညွှန်ကြားထားခြင်း မရှိ ကြောင်း ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင် မြဲက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရာသီတုပ်ကွေး (Sea- sonal Influenza A(H1N1)-Pdm2009) ရောဂါကြောင့် လေး ရက် အတွင်း ခြောက်ဦးသေဆုံးခဲ့သော် လည်း အခြေခံပညာကျောင်းများ ပိတ်ရန် ညွှန်ကြားထားခြင်း မရှိ ကြောင်း ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင် မြဲက ပြောသည်။

‘‘ကျောင်းတွေပိတ်ဖို့အတွက် ညွှန်ကြားထားတာ မရှိပါဘူး။ ဒီ ထက်ပိုဆိုးမယ့် အခြေအနေတွေဖြစ်လာရင်တော့ စည်းမျဉ်းတွေ အ တိုင်းဆောင်ရွက်သွားရမှာပါ။ ရာသီဥတုဘေးနဲ့ လတ်တလော ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် အလျင်စလို ဆုံးဖြတ်ရတာတွေ လည်း ရှိလာနိုင်ပါတယ်’’ ဟု ဒေါက်တာခိုင်မြဲကပြောသည်။

ကျောင်းပိတ်​ရန်​ ညွှန်ကြားမထား​သော်​လည်း  ဖျားနာ​နေပါက​ခွင့်​တိုင်​ကြားကာ ကျောင်းပျက်​ ကွက်​ခွင့်​ပြုထားပြီး ဖျားနာမှု​ကြောင့်​ စာ​မေးပွဲလာမ​ဖြေနိုင်ပါ ကလည်း ပြန်​လည်​ ဖြေကြားခွင့်ပြု ရန်​ တိုင်း​ဒေသကြီးနှင့်​ ပြည်​နယ်​ပညာ​ရေးမှူးရုံးများက ညွှန်ကြား ထားသည်​။

‘‘ဆရာတို့ ဘက်​က​တော့​ကျောင်း​တွေ ပိတ်​ခွင့်ရှိတယ်လို့တရားဝင်​ ညွှန်ကြားတာမျိုး မရှိဘူး။ ​ရောဂါဖြစ်​ပွားတဲ့သူ နီးစပ်​ရာမှာရှိတယ်​ဆိုရင်​​တော့ သူတို့ဆီမှာ တိုင်းနဲ့ပြည်​နယ်​ အစိုးရအဖွဲ့​တွေလည်းရှိတယ်​။ ကိုယ့်​​ဒေသ အ​ခြေအ​နေကြည့်​ပြီး ​ဆောင်​ရွက်ခွင့်​​ပေးထားပါတယ်’’ဟု အ​ခြေခံ ပညာဦးစီးဌာန ​ခေတ္တညွှန်​ကြား ရေးမှူးချုပ်​ ​ဒေါက်​တာ​အောင်​နိုင်​စိုးက ​ပြောသည်​။

ဇူလိုင်​ ၂၁ရက်​မှ ၃၀ ရက်​မွန်းလွဲ ၂ နာရီအထိ ရာသီတုပ် ကွေး​ရောဂါပိုး ကူးစက်​ခံရသူ ၅၁ ဦးရှိပြီး ​သေဆုံးသူ ၁၀ ဦးရှိသည်​ ဟု ကျန်းမာ​ရေးနှင့် အားကစား ၀န်ကြီးဌာနက သတင်းထုတ်​ပြန် ထားသည်​။

ယင်း ထုတ်ပြန်ချက်ကိုကျောင်းသားမိဘများက စိုးရိမ်နေပြီး ကျောင်းသားများခွင့်တိုင်ကြား လာကြောင်း ဆရာ၊ဆရာမများထံ မှသိရသည်။

‘‘လက်ရှိတော့ ကျောင်းတွေ  မှာ တုပ်ကွေး H1N1 နဲ့ပတ်သက် ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို ကျောင်းတွေမှာ သင်ကြားပေးနေ ပေမယ့် ကျောင်းသားမိဘတွေက စိုးရိမ်ပြီး ကလေးတွေကို ခွင့်တိုင် တာတွေ များလာတယ်။ ဒီလိုအ ခြေအနေဖြစ်တော့လည်း ခွင့်က မပေးလို့မရဘူး။ ကျောင်းပိတ်ဖို့ တော့ ညွှန်ကြားချက်မရထားဘူး’’ ဟု သင်္ဃန်းကျွန်းမြို့နယ်မှ မူလ တန်းပြဆရာမတစ်ဦးက ပြော  ကြားသည်။

အခြေခံပညာကျောင်းများ၌ အခန်းဆုံးစစ်​​ဆေးခြင်း စာမေးပွဲ များကို ဇူလိုင်​ ၂၈ ရက်​​က စတင်​ကျင်းပ​နေပြီး လက်​ရှိအချိန်​အထိ တိုင်းအစိုးရအဖွဲ့ ခွင့်​ပြုချက်​ဖြင့်အ​ခြေခံပညာ​ကျောင်းများ ယာယီပိတ်​ထားသည့် ဖြစ်​စဉ်​သည်​ တနသာင်္ရီတိုင်း​ဒေသကြီး ထားဝယ်​မြို့တွင်​သာရှိ​နေ​သေးသည်​။

‘‘အခြေအနေကို စောင့်ကြည့်ပြီးတော့ ကလေးကိုကျောင်းလွှတ်သင့်၊ မလွှတ်သင့် စဉ်းစားရမှာ ပေါ့။ ကလေးဆိုတော့ Mask တပ်ချင်မှလည်း တပ်မယ်။ ဆော့တဲ့ အရွယ်ဆိုတော့ စိတ်မချဘူး။ ကိုယ့်မျက်စိအောက်ပဲ ထားချင် တယ်။ နောက်ဆုံးဘာသာဖြေပြီး ရင်တော့ ခွင့်တိုင်ဖို့စီစဉ်ထား တယ်’’ဟု မြောက်ဥက္ကလာပမြို့ နယ်မှ ကျောင်းသားမိဘဦးအောင်

ပိုင်က ပြောသည်။

ကျန်းမာရေးဦးစီးဌာနက အခြားလူမှုရေးကိစ္စဖြင့် ကျောင်း ပျက်ကွက်ခြင်းမှလွဲ၍ မည်သည့် ဖျားနာမှုပုံစံမျိုးဖြင့်မဆို သုံးရက် နှင့်အထက် ကျောင်းပျက်ပါက သက်ဆိုင်ရာ အခြေခံပညာ ကျောင်းအုပ်ကြီးများ အနေဖြင့် မြို့နယ် ပညာရေးမှူးရုံးသို့ စာရင်းပေးပို့ရမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန သို့ ပေးပို့ရန်ညွှန်ကြားထားသည်။

ဇူလိုင် ၂၆ ရက်က ထားဝယ် မြို့ရှိ ကြက်ခြံများတွင် ကြက်ငှက် တုပ်ကွေး H5N1 ကူးစက်ခံနေရ ကြောင်း စစ်ဆေးတွေ့ရှိရာ ထားဝယ်မြို့ပေါ်ရပ်ကွက်များ၊ ရှင်မုတ္ထီး၊ မောင်မယ်ရှောင်ကျေးရွာ နှင့် မေတ္တာမြို့အပါအ၀င် ထားဝယ်မြို့နယ်ရှိ စာသင်ကျောင်း များကို ဇူလိုင် ၂၇ ရက်မှ ၃၁ရက်အထိ ငါးရက်ပိတ်ထားရန် တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံးက ညွှန်ကြားထားသည်။

=====================
251/ End