အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သမ္မတ ရုံးက ဗဟိုဘဏ်ဒုဥက္ကဋ္ဌဟောင်း ဦးဆက်အောင်အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ဇူလိုင် ၃၁ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာသည်။
ဒီချုပ်အစိုးရသည် ဇူလိုင်လ ကုန်တွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဒုဥက္ကဋ္ဌ သက်တမ်းလေးနှစ် ပြည့်မြောက်ခဲ့သည့် ဦးဆက် အောင်အား ထပ်မံ သက်တမ်း မတိုးဘဲ ၎င်းတို့အစိုးရလက် ထက်၌ ၁၄ ဦးမြောက် ဒုတိယဝန် ကြီးအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် တာဝန်ပေးခန့် အပ်ခြင်းဖြစ်သည်။
ထို့ကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဒုဝန်ကြီးနှစ်ဦး ရှိလာမည်ဖြစ်ပြီး လက်ရှိဒုဝန်ကြီးသည် ဦးမောင်မောင်ဝင်းဖြစ်သည်။ ယင်းဝန်ကြီးဌာနသည် ဒီချုပ်အစိုးရ၏ ဝန်ကြီးဌာန ၂၂ ခုအနက် ဒုဝန်ကြီးနှစ်ဦး ခန့်သည့် ပထမဆုံးဝန်ကြီးဌာန ဖြစ်လာသည်။
ဦးဆက်အောင်သည် ယခင် အစိုးရလက်ထက်တွင် သမ္မတ ဦးသိန်းစိန်၏စီးပွားရေးအကြံပေး အဖွဲ့၌ အကြံပေးပုဂ္ဂိုလ်အဖြစ် လည်းကောင်း၊ အမျိုးသားစီမံ ကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန၌ ဒုတိယဝန်ကြီးအဖြစ်လည်း ကောင်း တစ်နှစ်ခန့်စီ တာဝန်ထမ်း ဆောင်ခဲ့သည်။
ထိုမှတစ်ဆင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ရာထူးနှင့် သီလဝါအထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ သည်။
‘‘လူမှန်၊ နေရာမှန်ဖြစ်တာ ပေါ့။ ပညာတတ်ကို နေရာပေး တာ ကောင်းတာပေါ့။ လုပ်ငန်းအ တွေ့အကြုံလည်းရှိတယ်၊ ပညာ လည်း တတ်တယ်၊ နိုင်ငံတကာ အတွေ့အကြုံလည်းရှိတာကိုး။ သူ့(ဦးဆက်အောင်)ကို ခန့်တာ ဒီချုပ်အစိုးရအတွက် ကောင်း တယ်’’ဟု ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြု သည်။
ဦးဆက်အောင်သည် ရန် ကုန်တက္ကသိုလ်မှ ၁၉၉၅တွင် ကုန်ထုတ်ဓာတုအထူးပြုဘာသာ ရပ်ဖြင့် ဘွဲ့ရရှိပြီးနောက် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဗြိတိန်ရှိ University of Stirling နှင့် City University London တို့မှ ဘဏ် လုပ်ငန်း၊ ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ် တို့ဖြင့် မဟာဘွဲ့များရရှိခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံ Keio Univer-sity Shonan Fujisawa Campus မှ ဒေါက်တာဘွဲ့ရရှိခဲ့သည်။
မြန်မာအရင်းအမြစ်ဖွံ့ဖြိုးမှု အင်စတီကျုဒ်(MDRI)နှင့် အာရှ ဖွံ့ဖြိုးမှုသုတေသနအင်စတီကျုဒ် (ADRI)တို့တွင်လည်း တွဲဖက် တည်ထောင်သူနှင့် ဒါရိုက်တာရာ ထူးများ ထမ်းဆောင်ခဲ့သည်။
‘‘ဒီချုပ်အစိုးရတက်လာ တော့ ဒုဝန်ကြီးတွေမခန့်ဘူးပြော တယ်။ ဒါပေမဲ့ လက်ရှိ အလုပ် လုပ်ကြည့်တော့ ဒုဝန်ကြီးတွေ လို အပ်လာတာ သူတို့သိလာတယ်။ အခု စီမံ/ဘဏ္ဍာက အရင်အစိုးရ လက်ထက် ဝန်ကြီးဌာနနှစ်ခုကို ပေါင်းထားတာ။ ဒုဝန်ကြီးတစ်ဦး ပဲရှိတယ်။ အဲဒီဒုဝန်ကြီးကလည်း လွှတ်တော်ကို လာနေရတာနဲ့ အချိန်တော်တော်ကုန်နေပြီ။ အခု လို အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်ကို ဒုဝန်ကြီးခန့်တာကောင်းတယ်’’ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပြုသည်။
တစ်ချိန်တည်းတွင် နိုင်ငံ တော်သမ္မတရုံးက ဗဟိုဘဏ် ဒုဥက္ကဋ္ဌသုံးဦးအဖြစ် ဦးစိုးမင်း၊ ဦးစိုးသိန်းနှင့် ဦးဘိုဘိုငယ်တို့အား ခန့်အပ်ကြောင်း ဇူလိုင် ၃၁ ရက် ၌ ကြေညာသည်။
=====================
251/ End
၁ ဩဂုတ် ၂၀၁၇ - ၁၈:၃၈
News ID: 845518
နိုင်ငံတော်သမ္မတ ရုံးက ဗဟိုဘဏ်ဒုဥက္ကဋ္ဌဟောင်း ဦးဆက်အောင်အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ဇူလိုင် ၃၁ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာသည်။ ဒီချုပ်အစိုးရသည် ဇူလိုင်လ ကုန်တွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဒုဥက္ကဋ္ဌ သက်တမ်းလေးနှစ် ပြည့်မြောက်ခဲ့သည့် ဦးဆက် အောင်အား ထပ်မံ သက်တမ်း မတိုးဘဲ ၎င်းတို့အစိုးရလက် ထက်၌ ၁၄ ဦးမြောက် ဒုတိယဝန် ကြီးအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် တာဝန်ပေးခန့် အပ်ခြင်းဖြစ်သည်။