၂၇ ဩဂုတ် ၂၀၁၇ - ၁၉:၂၉
စတုတ္ထမြောက်အော်ပရေတာဖြစ်လာမည့် Mytel ရုံးချုပ် ဖွင့်လှစ်

စတုတ္ထမြောက် မိုဘိုင်း ဖုန်းဆက်သွယ်ရေး အော်ပရေ တာအဖြစ် ဆောင်ရွက်မည့် မိုင် တဲလ်(Telecom International Myanmar Co, Ltd(Mytel)ကုမ္ပ ဏီရုံးချုပ်ကို သြဂုတ် ၂၆ ရက်တွင်စတင်ဖွင့်လှစ်သည်။ ရုံးချုပ်ကို ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟို ကော်မတီအထွေထွေအတွင်းရေး မှူး မြန်မာနိုင်ငံသို့ လာရောက်စဉ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စတုတ္ထမြောက် မိုဘိုင်း ဖုန်းဆက်သွယ်ရေး အော်ပရေ တာအဖြစ် ဆောင်ရွက်မည့် မိုင် တဲလ်(Telecom International Myanmar Co, Ltd(Mytel)ကုမ္ပ ဏီရုံးချုပ်ကို သြဂုတ် ၂၆ ရက်တွင်စတင်ဖွင့်လှစ်သည်။ ရုံးချုပ်ကို ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟို ကော်မတီအထွေထွေအတွင်းရေး မှူး မြန်မာနိုင်ငံသို့ လာရောက်စဉ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဖွင့်ပွဲသို့ ဒုတိယသမ္မတ ဦး မြင့်ဆွေ၊ ကာကွယ်ရေးဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး၊ ပညာရေးဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် စစ်ဘက်ဆိုင် ရာ အရာရှိအချို့ တက်ရောက်ခဲ့ သည်။

ယင်းအော်ပရေတာသည် မြန်နှုန်းမြင့် တယ်လီဖုန်းဆက် သွယ်ရေးစနစ် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြော ကြားသည်။

အဆိုပါ ဆက်သွယ်ရေး အော်ပရေတာသည် ဗီယက်နမ် Viettel ဆက်သွယ်ရေးအော်ပရေ တာနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီ မိတက်တို့ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်သည်။ အဆိုပါပူးပေါင်း ထားသည့် ကုမ္ပဏီသည် MEC Tel ၏အခြေခံအဆောက်အအုံများ ကို အသုံးပြုမည်ဟု ပြောကြားထားသည်။

အဆိုပါဆက်သွယ်ရေးကုမ္ပ ဏီက မိုဘိုင်းဆင်းမ်ကတ်များကို ၂၀၁၈ နှစ်ဆန်းတွင် ရောင်းချ မည်ဟု ပြောကြားထားသည်။ ထိုဆင်းမ်ကတ်များတွင် 2G, 3G, 4Gအထိ ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ကျေးလက်ဒေသများကို ဦးတည် မည်ဟု ဆိုသည်။

=====================
251/ End