၁ အောက်တိုဘာ ၂၀၁၇ - ၁၅:၂၈
အနည်းဆုံးတစ်ရက်လုပ်ခ ကျပ်ငါးထောင်အထက် ဖြစ်သင့်ဟု ဦးဖြိုးမင်းသိန်းပြော

အလုပ်သမားတစ်ဦး၏ အနည်းဆုံး တစ်ရက် လုပ်ခသည် ကျပ် ၅,၀၀၀ အထက်ဖြစ်သင့်ကြောင်းရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။ စက်တင်ဘာ ၃၀ ရက်က ၀န်ကြီးချုပ်နှင့် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးကော်မတီတို့ပြုလုပ်သည့် အစည်းအဝေးတွင် ဦးဖြိုးမင်းသိန်းက ၎င်း၏ဆန္ဒကို ထုတ်ဖော်ပြော ကြားခဲ့ကြောင်း အဆိုပါ ကော်မတီအဖွဲ့ဝင် ဦးထွန်းဝေကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အလုပ်သမားတစ်ဦး၏ အနည်းဆုံး တစ်ရက် လုပ်ခသည် ကျပ် ၅,၀၀၀ အထက်ဖြစ်သင့်ကြောင်းရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။

စက်တင်ဘာ ၃၀ ရက်က ၀န်ကြီးချုပ်နှင့် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးကော်မတီတို့ပြုလုပ်သည့် အစည်းအဝေးတွင် ဦးဖြိုးမင်းသိန်းက ၎င်း၏ဆန္ဒကို ထုတ်ဖော်ပြော ကြားခဲ့ကြောင်း အဆိုပါ ကော်မတီအဖွဲ့ဝင် ဦးထွန်းဝေကပြောသည်။

‘‘ကျွန်တော်တို့ကော်မတီက အမျိုးသားကော်မတီကိုတင်မယ့် အဆိုပြုနှုန်းကို ၀န်ကြီးချုပ်ကိုရှင်း ပြတဲ့အခါမှာ သူ့သဘောဆန္ဒအ ရဆိုရင် ကျပ် ၅,၀၀၀ အထက်ကို ဖြစ်စေချင်တယ်လို့ ပြောတယ်။ ဒါက ၀န်ကြီးချုပ်ဖြစ်ချင်တဲ့ နှုန်း ထားတစ်ရပ်ပေါ့လေ’’ဟု ၎င်းက ပြောသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အလုပ်သမားတစ်ဦး တစ်ရက်လုပ်ခ ကျပ် ၅,၀၀၀ အထက်ရရှိ သင့်ကြောင်း ထုတ်ဖော်ပြောကြားသော်လည်း တိုင်းဒေသကြီး ကော်မတီက မူလဆုံးဖြတ်ချက်အတိုင်းဖြစ်သည့် ကျပ် ၄,၄၀၀ မှ၆,၄၀၀ ကျပ်နှုန်းကိုသာ အမျိုးသားကော်မတီထံ တင်ပြမည်ဟု ဦးထွန်းဝေကဆိုသည်။

ဝန်ကြီးချုပ်က ကော်မတီမှ အဆိုပြုနှုန်းထား သတ်မှတ်နိုင် ရေး ဆောင်ရွက်သည့် လုပ်ငန်း စဉ်များကို သိရှိလို၍ ခေါ်ယူပြု လုပ်သည့် အစည်းအဝေးဖြစ် ကြောင်း ဦးထွန်းဝေကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်သည် အနည်းဆုံးအခ ကြေးငွေ  သတ်မှတ်ရေးဆိုင်ရာ တိုင်းဒေသကြီးကော်မတီက အဆိုပြုနှုန်းထားကို အမျိုးသားကော်မတီထံမတင်ပြမီ ပထမဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

 ရန်ကုန်တိုင်းဒေသကြီး ကော်မတီသည် အလုပ်သမားများ ၏ နေထိုင်စားသောက်စရိတ် စစ်တမ်းများ ကောက်ယူပြီးနောက် အလုပ်သမားတစ်ဦးအတွက် ဖြစ်သင့်သည့် အနည်းဆုံးအခကြေးငွေကို အနည်းဆုံး ၄,၄၀၀ ကျပ်မှ အများဆုံး ၆,၄၀၀ ကျပ် သတ်မှတ်ရန် စီစဉ်ထားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းအစည်းအဝေးသို့ တိုင်းဒေသကြီးကော်မတီဥက္ကဋ္ဌ ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင် တက်ရောက်၍ အဆိုပြုနှုန်းကို တင်ပြမည်ဖြစ်သည်။

‘‘ကော်မတီဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးကော်မတီရဲ့ အဆို ပြုနှုန်းထားနဲ့ ၀န်ကြီးချုပ်က ဆန္ဒ ရှိတဲ့ အနည်းဆုံးလုပ်ခနှုန်းထားကို အမျိုးသားကော်မီအစည်းအ ဝေးမှာ တင်ပြသွားမယ်လို့ သိရပါတယ်’’ဟု ၎င်းကဆိုသည်။

ထို့အပြင် ၀န်ကြီးချုပ်က နောင်တွင်ပြုလုပ်မည့် အနည်းဆုံး အခကြေးငွေပြင်ဆင်မှု လုပ်ငန်းစဉ်များ၌ တိုင်းဒေသကြီး အစိုးရဘက်မှ ယခုထက် ပိုမို၍ ပူးပေါင်းပါဝင်လုပ်ဆောင်မည်ဟု  ပြော ကြားကြောင်း တိုင်းဒေသကြီး ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီသည် အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်မည့် အစည်းအဝေး၌ တိုင်းဒေသကြီး/ပြည်နယ်ကော်မတီများက တင်ပြလာသည့် အဆိုပြုနှုန်းထားများကို စုစည်း၍ ဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသားကော်မတီ အဖွဲ့ဝင် ဦးနော်အောင်ကပြောသည်။

ယင်းကော်မတီက အဆိုပြု နှုန်းထားကို စုစည်းပြီးနောက် အ လုပ်ရှင်၊ အလုပ်သမားများနှင့် ထပ်မံညှိနှိုင်းဆွေးနွေးကာ ဒုတိယ အကြိမ်မြောက် အလုပ်သမား တစ်ဦး၏ အနည်းဆုံး တစ်ရက် လုပ်ခနှုန်းကို အတည်ပြုမည်ဖြစ် သည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ စက်တင်ဘာ၌ အနည်းဆုံးလုပ်ခအ ဖြစ် ၃,၆၀၀ ကျပ် သတ်မှတ်ထား သည်။

အနည်းဆုံး အခကြေးငွေ ဥပဒေအရ  ၂ နှစ်လျှင် တစ်ကြိမ်ပြင်ဆင်သုံးသပ်မှု ပြုလုပ်နိုင်သဖြင့် အဆိုပါနှုန်းထားကို ပြင်ဆင်ရန် လုပ်ဆောင်နေပြီဖြစ်သည်။

လက်ရှိတွင် အနည်းဆုံးတစ်ရက်လုပ်ခကို ၅,၆၀၀ ကျပ်သတ်မှတ်ပေးရန် အလုပ်သမားအဖွဲ့အစည်းများက တောင်းဆို ထားသည်။

========================
251 / End