၉ နိုဝင်ဘာ ၂၀၁၇ - ၁၆:၃၈
 ခွန်တန်ကို သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူရန် ဆောင်ရွက်နေဟု သာသနာရေး ဝန်ကြီးပြော အလံတစ်ရာစေတီ ဂေါပကအဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်

ခွန်တန် (ခ) ဇာတ် လိုက်ဘက်မှ သက်သေအနေဖြင့် ထွက်ဆိုမည့်သူ များပြားသော ကြောင့် တရားစွဲဆိုရာတွင် အခက်အခဲဖြစ်မည်ဆိုသော်လည်း ခွန်တန်သည် ပြစ်ဒဏ်ချခံရခြင်းမှ ပြေးလွတ်မည်မဟုတ်ကြောင်းနှင့် ၎င်းကို သာသနာညှိုးနွမ်းစေမှုဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ခွန်တန် (ခ) ဇာတ် လိုက်ဘက်မှ သက်သေအနေဖြင့် ထွက်ဆိုမည့်သူ များပြားသော ကြောင့် တရားစွဲဆိုရာတွင် အခက်အခဲဖြစ်မည်ဆိုသော်လည်း ခွန်တန်သည် ပြစ်ဒဏ်ချခံရခြင်းမှ ပြေးလွတ်မည်မဟုတ်ကြောင်းနှင့် ၎င်းကို သာသနာညှိုးနွမ်းစေမှုဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပ သည့် အမျိုးသားလွှတ်တော်အ စည်းအဝေးသို့ တက်ရောက်ပြီး နောက် ပြန်လည်ထွက်ခွာလာ သည့် သူရဦးအောင်ကိုက အလံ တစ်ရာ သာသနာ့နယ်မြေတွင် ဘာသာရေးအသုံးချပြီး တိုင်းရင်း သူအမျိုးသမီးငယ်များကို လက် ထပ်ခဲ့သော ခွန်တန် (ခ) ဇာတ် လိုက်ကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့သည်။

‘‘ခွန်တန် တိမ်းရှောင်နေပါ တယ်။ သမီးရှင်တစ်ဦးရဲ့ ဖခင်က မွန်ပြည်နယ် အစိုးရထံမှာ တိုင် ကြား အမှုဖွင့်ထားပါတယ်။ သို့ သော် သမီးကိုယ်တိုင်နဲ့ သမီး အမေကိုယ်တိုင်က ကန့်ကွက်ထားပါတယ်။ အမှုဖွင့်တာကို လက်မခံပါဘူး။ တရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သင့်တဲ့အမှုကိစ္စဖြစ်ပါတယ်။ တကယ်လို့များ ကာယကံရှင်တွေက ငြင်းဆိုမယ်။ ခွန်တန်ဘက်က သက်သေတွေက လိုက်မယ်ဆိုရင် တရားရုံးတော်မှာ အမှုစွဲဆိုမှုက အခက်အခဲဖြစ်နိုင်ပါတယ်’’ဟု ဝန်ကြီး သူရဦးအောင်ကိုက ပြော သည်။

ထိုကဲ့သို့ ကိစ္စရပ်များ ရှိနိုင် သော်လည်း ခွန်တန်ပြေးမလွတ် စေသည့် အချက်တစ်ချက်ဖြစ် သည့် သာသနာတော်ညှိုးနွမ်းစေ မှုပုဒ်မ ၂၉၅ (က)ဖြင့် ထိရောက် စွာ အရေးယူနိုင်စေရေး ဆောင် ရွက်နေကြောင်း သာသနာရေးဝန် ကြီးက ပြောသည်။

‘‘ဒီပုဒ်မက ထောင်ဒဏ်သုံး နှစ်လောက် ကျခံနိုင်မှာ ဖြစ်ပါ တယ်။ ပြစ်ဒဏ်ကျဖို့ပဲလိုပါတယ်။ ပြစ်ဒဏ်နည်းများက အဓိက မဟုတ်ပါဘူး’’ဟု ဝန်ကြီးက ပြော သည်။

လက်ရှိတွင် သထုံမြို့နယ် အလံတစ်ရာ နယ်မြေ၌ ဘာသာ ရေး အကြောင်းပြကာ အသက် မပြည့်သေးသည့် မိန်းကလေးများ ကို ဖျက်ဆီးသည်ဟု တိုင်ကြားခံရသော ခွန်တန်၏အမှုဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်ကြားသူ မိသားစုဝင်များကို မွန်ပြည်နယ် လွှတ်တော်၌ နိုဝင်ဘာ ၆ ရက်က ကြားနာစစ်ဆေးခဲ့သည်။

ဘာသာတရားယုံကြည်မှုအ ပေါ် အခွင့်ကောင်းယူပြီး ဘာသာ ရေးမှိုင်းတိုက်၍ ရိုးသားသော တိုင်းရင်းသူ မိန်းကလေးများကို ဖျက်ဆီးနေမှုအား ဖော်ထုတ်အ ရေးယူပေးရန် တိုင်ကြားစာနှင့် ပတ်သက်၍ ခွန်တန်လက်ထပ်ခဲ့သော မိန်းကလေးနှစ်ဦး ဖခင် ဦးဝင်းညွန့်၊ ခွန်တန်နှင့် လက်ထပ် ခဲ့သော အမျိုးသမီးငယ်အချို့၏ မိသားစုဝင်အချို့၊ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်အမျိုးသမီး နှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကော်မတီအဖွဲ့၊ လူကုန် ကူးအဖွဲ့တို့က ကြားနာစစ်ဆေးခဲ့ သည်။ထို့အပြင် အလံတစ်ရာစေ တီနှင့်ပတ်သက်ပြီး ဘက်စုံပြုပြင် မွမ်းမံမှုများပြုလုပ်ကာ ဂေါပကအဖွဲ့ကို ပြန်လည်ဖွဲ့စည်းမည်ဖြစ် ကြောင်း ဝန်ကြီး သူရဦးအောင်ကို က ပြောသည်။

‘‘အလံတစ်ရာ နယ်မြေမှာ ဂေါပကအသစ်ဖွဲ့ဖို့ လုပ်နေတာ မှန်ပါတယ်။ ကိစ္စတွေက မွန်ပြည် နယ် အစိုးရရဲ့လုပ်ရမယ့် လုပ်ပိုင် ခွင့်ဖြစ်ပါတယ်။ ဂေါပက ပြန်ဖွဲ့ ပါမယ်။ သန့်သန့်ရှင်းရှင်း တည် တည်တံ့တံ့၊ သိက္ခာသမာဓိ၊ ပညာ တို့နဲ့ ပြည့်စုံတဲ့ ဂေါပကအဖွဲ့ ဖွဲ့စည်းဖို့အတွက်  ဝန်ကြီးချုပ်နဲ့ ညှိနှိုင်းပြောဆိုထားပါတယ်။ နောက်စေတီတော်ကြီးကလည်း ပြန်လည်ပြင်ဆင်ရန် လိုအပ်နေပါပြီ။ ခွန်တန်ကို ထောက်ခံသူနဲ့ ခွန်တန်ကို ကန့်ကွက်သူတွေ သဘောထားကွဲလွဲမှုက တော်တော်ကြီးမားပါတယ်။ အဲဒါတွေကို ပြေလည်အောင် စေ့စပ်ညှိနှိုင်းဖို့က အဓိကဖြစ်ပါတယ်။ အဲဒီအခါကျမှသာလျှင် သီလ၊ သမာဓိနဲ့ ပြည့်စုံတဲ့ ဂေါပကအဖွဲ့ကို ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

       ခွန်တန် (ခ) ဇာတ်လိုက်သည် အသက်(၂၅)နှစ်ခန့်ရှိပြီး အလံတစ် ရာ ဆရာတော် ဝင်စားသည်ဟု ဒေသခံ အချို့က ယုံကြည်ကိုး ကွယ်နေသည်။ ထိုသို့ ယုံကြည် ကိုးကွယ်မှုကို အခွင့်ကောင်းယူ ကာ ၂၀၁၄ မှ ၂၀၁၆ အတွင်း အလံ တစ်ရာဒေသရှိ မိန်းမပျိုခြောက်ဦးကို ခွန်တန်က လက်ထပ်ခဲ့သည်။

ခွန်တန် (ခ) ဇာတ်လိုက်အ ပါအဝင် အမျိုးသားခုနစ်ဦးကို အ တင်းအဓမ္မပေါင်းသင်းရန် ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၃၆၊ လူခိုး ယူမှုပုဒ်မ ၃၆၃၊ ပူးပေါင်းပါဝင်သူ များကို အားပေးကူညီမှုပုဒ်မ ၁၁၄ တို့ဖြင့် သထုံမြို့မရဲစခန်းတွင် အောက်တိုဘာ ၂၄ ရက်က အမှု ဖွင့်လှစ်ထားကြောင်း သထုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးမောင်မောင်က ပြောကြားသည်။

သို့သော် ခွန်တန်ကို လက်ရှိ အချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေး ပေ။

========================
251 / End