၂၆ နိုဝင်ဘာ ၂၀၁၇ - ၁၉:၄၅
အခြေခံပညာကျောင်းများတွင် အိမ်သာတစ်လုံးကို ကျောင်းသား ၄၈ ဦးနှုန်း အသုံးပြုနေရဟု ပညာရေးဝန်ကြီးဆို

မြန်မာနိုင်ငံရှိ အစိုးရ အခြေခံပညာ ကျောင်းများတွင် သန့်စင်ခန်း(အိမ်သာ)တစ်လုံးကိုကျောင်းသား ၄၈ ဦးနှုန်းအသုံးပြု နေရပြီး သန့်စင်ခန်းအရေအတွက်လေးသောင်းကျော် ဆောက်လုပ် ရန် လိုအပ်နေကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာနိုင်ငံရှိ အစိုးရ အခြေခံပညာ ကျောင်းများတွင် သန့်စင်ခန်း(အိမ်သာ)တစ်လုံးကိုကျောင်းသား ၄၈ ဦးနှုန်းအသုံးပြု နေရပြီး သန့်စင်ခန်းအရေအတွက်လေးသောင်းကျော် ဆောက်လုပ် ရန် လိုအပ်နေကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြော သည်။

နိုဝင်ဘာ ၂၅ ရက်တွင် ကျရောက်သော World Toilet အထိမ်းအမှတ်အခမ်းအနားကို အထက(၆)ဗိုလ်တထောင်တွင်  ကျင်းပခဲ့ ရာ အဆိုပါအခမ်းအနား၌ ယင်း သို့ပြောကြားခဲ့သည်။

ပညာရေးဆိုင်ရာ သတင်းအ ချက်အလက်များအရ တစ်နိုင်ငံ လုံးတွင် အစိုးရအခြေခံပညာ မူလ တန်း၊ အလယ်တန်း၊ အထက် တန်းကျောင်းပေါင်း လေးသောင်း ခြောက်ထောင်ကျော် (၄၆,၄၆၈)ရှိပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉ ဒသမ ၁ သန်းကျော် ရှိ သည်။

ကျောင်းတိုင်း ယောက်ျား လေးများအတွက် သန့်စင်ခန်းတစ်လုံး၊ မိန်းကလေးများအတွက် သန့်စင်ခန်းတစ်လုံးနှုန်းဖြင့် စုစုပေါင်းတစ်သိန်းကိုးသောင်းကျော် (၁၉၂,၈၄၁) ရှိရာ သန့်စင်ခန်းတစ်လုံး လျှင် ကျောင်းသား၊ ကျောင်းသူ ၄၈ ဦးနှုန်း အသုံးပြုနေရကြောင်း ဆိုသည်။

‘‘အခြေခံပညာကျောင်းသား ကိုးသန်းကျော်မှာ သန့်စင်ခန်း တစ်သိန်းကိုးသောင်းကျော်ပဲရှိတဲ့အတွက် သန့်စင်ခန်းနဲ့ ကျောင်း သားအချိုးဟာ ၁ အချိုး ၄၈ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက ကျောင်း တွေ၊ တက္ကသိုလ်တွေ၊ အိမ်တွေ၊ ရုံးတွေမှာရှိတဲ့ သန့်စင်ခန်းတွေရဲ့ သန့်ရှင်းမှုကို အားလုံးအသိပါပဲ။ မြန်မာနိုင်ငံမှာ သန့်ရှင်းသောရေ၊ သန့်စင်သော ရေအိမ်အသုံးပြုနိုင် ဖို့ ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ဖြန့်ဝေပေးဖို့ လိုပါတယ်’’ဟု ပြည် ထောင်စုဝန်ကြီးက ပြောသည်။

အခြေခံပညာကျောင်းတစ် ကျောင်းချင်း၏လိုအပ်ချက်အရ တစ်နိုင်ငံလုံးတွင် သန့်စင်ခန်း ပေါင်း လေးသောင်းရှစ်ထောင် ကျော် (၄၈,၅၉၅) ထပ်မံလိုအပ် နေပြီး အခြေခံပညာကျောင်းများ အနက် ကျောင်းပေါင်း သုံးသောင်း ရှစ်ထောင်ကျော် (၃၈,၀၄၅) တွင်သာ သန့်စင်ခန်းတွင် ရေအသုံးပြု နိုင်ကြောင်း ပညာရေးဝန်ကြီးက ဆိုသည်။

ပညာရေးဝန်ကြီးဌာနသည် အခြေခံ ပညာကျောင်းများ ဆောက်လုပ်ရာတွင် သန့်စင်ခန်း များ ထည့်သွင်းဆောက်လုပ်ပေး နေပြီး ကျောင်းများအနေဖြင့် ကျောင်းအလိုက် သန့်စင်ခန်းလို အပ်ချက်အရ ပညာရေးဝန်ကြီး ဌာနထံ ဘတ်ဂျက်တင်ပြဆောက် လုပ်ခြင်း၊ အလှူရှင်များက ဆောက်လုပ်ပေးခြင်းတို့ရှိသည်။

========================
251 / End