အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖမ်းဆီးခံနေရသော ရိုက်တာသတင်းထောက်နှစ်ဦးအရေး သတင်းမီဒီယာဥပဒေအရ ဖြေ ရှင်းပေးစေလိုပြီး ၎င်းတို့နှစ်ဦးအ တွက် တရားမျှတသော ဆုံးဖြတ် ချက်များဖြစ်ရန်နှင့် ဥပဒေရေးရာ အထောက်အကူ လိုအပ်ပါက ကောင်စီကို ဆောင်ရွက်ခွင့်ပေး စေလိုကြောင်း မြန်မာနိုင်ငံသ တင်းမီဒီယာကောင်စီက ယမန်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ် ၍ အချက်သုံးချက်ပါဝင်သော ကြေညာချက် ထုတ်ပြန်တောင်း ဆိုသည်။
အထက်ပါ အချက်နှစ်ချက် အပြင် အကယ်၍ ထိုသတင်း ထောက်နှစ်ဦးကို တရားရုံးတင် စစ်ဆေးမည်ဆိုပါက လိုအပ်လျှင် ကျွမ်းကျင်သူ အသိသက်သေအ နေဖြင့် သတင်းမီဒီယာကောင်စီ က ဆောင်ရွက်လိုကြောင်း ကြေ ညာချက်တွင် ဖော်ပြထားသည်။
‘‘ကျွန်တော်တို့က အကြံပဲ ပေးနိုင်တယ်။ သြဇာအာဏာမရှိ ဘူး။ ဒီလောက်ပဲ လုပ်နိုင်တယ်’’ ဟု မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ဒုဥက္ကဋ္ဌ (၁) ဦးအောင်လှ ထွန်းက သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားသည်။
ရိုက်တာသတင်းထောက် နှစ်ဦး ဖမ်းဆီးခံရမှုသည် သတင်း ရေးသားဖော်ပြမှုကြောင့် မဟုတ် ၍ အာဏာပိုင်များက ကောင်စီသို့ လာရောက် မတိုင်ကြားခြင်းဖြစ် ကြောင်း ဦးအောင်လှထွန်းက ပြောသည်။
‘‘သတင်းမီဒီယာကောင်စီ က သိသိချင်း အော်လို့မရဘူး။ လမ်းပေါ်ထွက်လို့မရဘူး။ ကျွန် တော်တို့က တက်ကြွလှုပ်ရှားသူ တွေ မဟုတ်ဘူး’’ ဟု ဦးအောင်လှ ထွန်းက ကောင်စီ၏ရပ်တည်မှု နှင့်ပတ်သက်၍ ဆက်လက်ပြော သည်။
ရိုက်တာသတင်းထောက် နှစ်ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက် ပြီး အစိုးရအနေဖြင့် တစ်စုံတစ်ရာ ပြောဆိုပေးသင့်ကြောင်း ယင်း ကောင်စီ အတွင်းရေးမှူး ဦးသီဟ စောကပြောကြားသည်။
ယမန်နေ့က ပြုလုပ်သည့် သ တင်းစာရှင်းလင်းပွဲသို့ လာရောက် သတင်းယူသော သတင်းထောက် အချို့က အနက်ရောင် အင်္ကျီနှင့် ဘောင်းဘီများဝတ်ဆင်၍ အနက် ရောင်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များကို ချဉ်းကပ် စည်းရုံးဆက်သွယ်ကာ အရေးကြီး လုံခြုံရေး စာရွက်စာတမ်း အ ထောက်အထားများကို ပြည်ပ သတင်းဌာနများသို့ ပေးပို့ရန်ရည် ရွယ်ချက်ဖြင့် တရားမဝင် သတင်း ရယူဆောင်ရွက်ခဲ့သည်ဟု ဆိုကာရိုက်တာသတင်းထောက်နှစ်ဦးကိုအစိုးရလျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ-၃ ဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့လူတွေက အ ပြစ်မရှိဘူးဗျ။ အပြစ်မရှိတဲ့အ တွက်ကြောင့် ကျွန်တော်တို့မျှော် လင့်ထားတာက ကောင်စီကနေ သူတို့ကိုခြွင်းချက်မရှိ လွှတ်ပေးရ မယ်။ ကောင်စီအနေနဲ့လည်း ပြင်းပြင်းထန်ထန် ကန့်ကွက်မယ်လို့ မျှော်လင့်ထားတာပေါ့’’ ဟု မြန်မာသ တင်းသမားများ ကာကွယ်ရေး ကော်မတီ ဦးဆောင်အဖွဲ့ဝင် ကို သာလွန်ဇောင်းထက်က ပြော ကြားသည်။
========================
251 / End
၂၁ ဒီဇင်ဘာ ၂၀၁၇ - ၁၈:၀၀
News ID: 873538
ဖမ်းဆီးခံနေရသော ရိုက်တာသတင်းထောက်နှစ်ဦးအရေး သတင်းမီဒီယာဥပဒေအရ ဖြေ ရှင်းပေးစေလိုပြီး ၎င်းတို့နှစ်ဦးအ တွက် တရားမျှတသော ဆုံးဖြတ် ချက်များဖြစ်ရန်နှင့် ဥပဒေရေးရာ အထောက်အကူ လိုအပ်ပါက ကောင်စီကို ဆောင်ရွက်ခွင့်ပေး စေလိုကြောင်း မြန်မာနိုင်ငံသ တင်းမီဒီယာကောင်စီက ယမန်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ် ၍ အချက်သုံးချက်ပါဝင်သော ကြေညာချက် ထုတ်ပြန်တောင်း ဆိုသည်။