၃၁ ဩဂုတ် ၂၀၁၈ - ၁၆:၂၇
၂၁ ရာစုပင်လုံညီလာခံရလဒ် အားကောင်းစေရန် UPDJC အတွင်းရေးမှူးအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး

လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံအစည်းအဝေးများ ပိုမိုအား ကောင်းစေရန် ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှုပူးတွဲကော်မ တီ(UPDJC)အတွင်းရေးမှူးအဖွဲ့ များ ပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရေးအစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ကိုယ်စားလှယ်များအ ကြား ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲကိုယ်စားလှယ်အချို့က ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံအစည်းအဝေးများ ပိုမိုအား ကောင်းစေရန် ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှုပူးတွဲကော်မ တီ(UPDJC)အတွင်းရေးမှူးအဖွဲ့ များ ပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရေးအစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ကိုယ်စားလှယ်များအ ကြား ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲကိုယ်စားလှယ်အချို့က ပြော သည်။

အစိုးရ၊ လွှတ်တော်နှင့်တပ် မတော်ကိုယ်စားလှယ်များသည် နေပြည်တော်၌ သြဂုတ် ၂၉ ရက်မှ၃၁ ရက်အထိ သုံးရက်ကြာတွေ့ ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းခဲ့သည်။

 ‘‘မူလက အတွင်းရေးမှူးအဖွဲ့တွေက အဓိကခိုင်ခိုင်မာမာ အားကောင်းကောင်း၊ ပူးပေါင်း ဆောင်ရွက်မှုကောင်းကောင်းနဲ့ လုပ်နိုင်ခဲ့တဲ့ဟာ တတိယအစည်း အဝေးမှာ လျော့သွားတယ်။ ဒါကို လည်း အားနည်းချက်တစ်ရပ်အ နေနဲ့တွေ့တယ်။ အဲဒီတော့ အ တွင်းရေးမှူးအဖွဲ့ရဲ့အခန်းကဏ္ဍ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့် တာပြင်ဆင်ဖို့ ဒီအချက်တွေကိုပဲ အားလုံးက သဘောတူတယ်’’ဟု အစိုးရကိုယ်စားလှယ် ဦးဇော်ဌေး က ပြောသည်။

 နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် UPDJC ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေး ပါတီအစုအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ကိုယ်စား လှယ် စုစုပေါင်း ၄၈ ဦးဖြင့် အချိုး ကျဖွဲ့စည်းထားသည်။ UPDJC အတွင်းရေးမှူးအဖွဲ့ကို ၁၅ ဦးဖြင့် ဖွဲ့စည်းထားရာ အစုအဖွဲ့ အသီးသီးမှ  ကိုယ်စားလှယ်များ အချိုးကျပါဝင်သည်။

 UPDJC အတွင်းရေးမှူးအ ဖွဲ့သည် UPDJC ခေါင်းဆောင်များ၏ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရသည့် စုဖွဲ့မှုဖြစ်သည် ဟု နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ် စားလှယ် စိုင်းကျော်ညွန့်က ပြော သည်။  နိုင်ငံရေးဆွေးနွေးရေးလုပ်ငန်းစဉ်တွင် အရေးပါသော UPDJC သည် ရုံးဖွင့်လှစ်ထားခြင်းမရှိ၍ အတွင်းရေးမှူးများအနေ ဖြင့် ပုံမှန်တွေ့ဆုံနိုင်ခြင်းမရှိဟု ၎င်းက ဆိုသည်။

‘‘ဖြစ်သင့်တာက UPDJC ရုံး ကို တည်မယ်။ ရုံးမှာ သက်ဆိုင် ရာ ကဏ္ဍအလိုက် ဘယ်လိုလုပ် မယ်။ ဌာနဘယ်နှခုထားမယ်ပေါ့။ ဒါ ပူးတွဲလုပ်ရမယ့် သဘောဖြစ် တယ်။ အဲဒီပုံစံကတော့ အားနည်း မှုရှိပါတယ်။ အမြဲတမ်း ဆောင်ရွက်နေတဲ့ ပုံစံရှိမနေဘဲ အစည်းအ ဝေးရှိမှ လာတွေ့ဆုံရတဲ့သဘော ဖြစ်တာပေါ့လေ’’ဟု စိုင်းကျော် ညွန့်က ပြောသည်။

အစည်းအဝေးတွင် နိုင်ငံရေး ဆွေးနွေးရာ၌ ပိုမိုလွယ်ကူသွက်လက်မြန်ဆန်ပြီး ဆုံးဖြတ်ချက်များချနိုင်ရေး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်၏  အားသာချက်၊ အားနည်းချက်များ ညှိနှိုင်းခဲ့ကြောင်း အစိုးရအစုအဖွဲ့ပါဝင်သင့်၊ ပါဝင်ထိုက်သူကိုယ်စားလှယ် ဒေါက်တာမင်းဇော်ဦးက ပြောသည်။

=======================
251 / End