အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စား လှယ်နှစ်ဦးဖြစ်သည့် ဒေါက်တာသက်သက် ခိုင်နှင့် ဦးကျော်ဇေယျတို့ကို ပါတီတာဝန်မှ ရပ်ဆိုင်းခဲ့သော်လည်း နှစ်ဦးစလုံးက အယူခံ ဝင်မည်မဟုတ်ကြောင်း 7Day Daily သတင်း စာသို့ ပြောသည်။
ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာသက်သက်ခိုင်နှင့် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ကို မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့သော်လည်း မည်သည့်စည်းကမ်းချက်ဖြင့်အရေးယူသည်ကို မသိရှိကြောင်း ကာယကံရှင် ကိုယ်စားလှယ် နှစ်ဦးက ပြောကြားသည်။
‘‘မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တောင် အံ့အားသင့်နေကြတာ။ စာက ဒီနေ့မှရတာ။ ကြားနေတာတော့ကြာပြီ’’ ဟု ဦးကျော်ဇေယျ က ပြောသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦး ဉာဏ်ဝင်း လက်မှတ်ရေးထိုးထားသည့် ပါတီက ပေးအပ်ထားသော တာဝန်များ ရပ်ဆိုင်းကြောင်း ပေးပို့စာတွင် မည်သည့်အကြောင်းကြောင့် ရပ်ဆိုင်းသည်ကို ဖော်ပြမထားကြောင်းနှင့် မီဒီယာများကို ဖြေကြားမှုကြောင့် ဖြစ်နိုင်ကြောင်း ဒေါက်တာ သက်သက်ခိုင်က ပြောသည်။
‘‘ပါတီစည်းကမ်းရှိတယ်။ ပါတီစည်းကမ်းက ဘာလဲဆိုတော့ မီဒီယာနဲ့ စကားမပြောရဆို တဲ့ စည်းကမ်းလေ။ အဲဒါနဲ့ အ ရေးယူခံရတာ။ မီဒီယာကိုပြော လို့ ခေါ်သတိပေးခံရတယ်။ မီဒီ ယာကိုပြောလို့ ထုချေလွှာတင်ရ တယ်။ မီဒီယာကိုပြောလို့ ခေါ်အ စစ်ခံရတယ်။ မီဒီယာကိုပြောလို့ အခုလို သတိပေးခံရတယ်။ ဒါပဲ’’ ဟု ၎င်းက ဆိုသည်။
ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ သက်သက်ခိုင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘော လုံးတစ်ကွင်းလုံး ပတ်ကန်နေ သည်ဟု ဥပမာပေး၍ သတင်းမီဒီ ယာအချို့ကို ပြောဆိုခဲ့သည်။ တိုင်းဒေသကြီးအမတ် ဦးကျော် ဇေယျသည် ၂၀၁၇ က ဒီချုပ် အစိုးရလက်ထက်တွင် စီးပွားရေး တိုးတက်မှု မရှိသေးကြောင်းနှင့် ပြည်သူ့စိတ်ပျက် ဝိုင်ဘီအက်စ်ဟူ ၍ သတင်းမီဒီယာအား ပြောဆိုခဲ့ သည်။
ပါတီက အရေးယူခြင်းသည် ၎င်းတို့နှစ်ဦးက သတင်းမီဒီယာ များအား ယင်းသို့ဖြေကြားခြင်းနှင့် သက်ဆိုင်မှု ရှိ၊ မရှိအပေါ် ဒေါက် တာမျိုးညွန့်က တိုက်ရိုက်ဖြေ ကြားခြင်းမရှိဘဲ ပါတီစည်းကမ်း မလိုက်နာခြင်းက အဓိကဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။
‘‘အဖွဲ့အစည်းဖြစ်လာပြီဆို ရင် ကျွန်တော်တို့က ပါတီက ချမှတ်ထားတဲ့ စည်းကမ်းလည်း ရှိပါတယ်။ အဲဒါတွေကို မဖြစ် မနေ ပါတီဝင်တိုင်း လိုက်နာရပါ တယ်။ ကွဲလွဲတဲ့သဘောထားရှိရင် ပါတီတွင်း အစည်းအဝေးတွေမှာ ကျွန်တော်တို့ လွတ်လပ်စွာကွဲလွဲ ပြီး ငြင်းခုံခွင့်ရှိပါတယ်။ သို့သော် ပါတီက ချမှတ်ပြီးဖြစ်တဲ့ စည်း မျဉ်းစည်းကမ်းတွေကိုတော့ သူ တို့က မဖြစ်မနေ လိုက်နာရပါ တယ်။ ဒီလိုမှမဟုတ်ရင် မိမိမှန် တယ်ထင်တိုင်း ပါတီဝင်တစ်ဦး ချင်းကနေ လုပ်နေမယ်ဆိုရင် ပါတီရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်ပါတယ်။ ဒါကြောင့် အရေးယူခြင်းဖြစ်ပါတယ်’’ဟု ပါတီဗဟို အလုပ်အမှုဆောင် ဒေါက်တာမျိုး ညွန့်က ပြောသည်။
ပါတီ၏ အထက်ပါအရေးယူ မှုသည် သြဂုတ် ၂၅ ရက်တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက် ဖြစ်သော်လည်း အရေးယူခံရ သည့် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက အယူခံခွင့်၊ မေးမြန်းခွင့် ရှိကြောင်း ဒေါက်တာမျိုးညွန့်က ဆက်လက်ပြောသည်။
သို့သော် ဒေါက်တာသက် သက်ခိုင်နှင့် ဦးကျော်ဇေယျနှစ်ဦး စလုံးက အယူခံဝင်မည်မဟုတ် ကြောင်း 7Day Daily သတင်း စာအား ပြောသည်။
ယင်းသို့ ပါတီတာဝန်များမှ ရပ်ဆိုင်းခံရသော်လည်း ဒေါက် တာသက်သက်ခိုင်သည် အနာ ဂတ်အတွက် ယတိပြတ်ဆုံးဖြတ် ထားခြင်းမရှိကြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီက ဝင် ရောက်ခွင့်ပြုပါက ဒီချုပ်ပါတီဝင် အဖြစ် ထပ်မံဝင်ရောက်ယှဉ်ပြိုင် မည်ဟု ဆိုသည်။
ဦးကျော်ဇေယျကမူ ယခု အရေးယူမှုမတိုင်မီကတည်းက ၂၀၂၀ ရွေးကောက်ပွဲတွင် အ သက်အရွယ်ကြောင့် ဝင်ရောက် ရွေးချယ်ခံမည်မဟုတ်ဘဲ အနား ယူမည်ဟု ပြောသည်။ သို့သော် ၎င်းသည် ပါတီကို ဆက်လက်ဝန်း ရံမည်ဟု ဆိုသည်။
ယခင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် မြောင်းမြမြို့နယ်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ၊ ရွှေပြည်သာ မြို့နယ်ကိုယ်စားလှယ် ဦးဉာဏ် လင်းနှင့် မအူပင်မြို့နယ်ကိုယ်စား လှယ် ဦးစိန်ဝင်းတို့ကို ပါတီတာဝန်များမှ ရပ်ဆိုင်းခဲ့သည်။ ၎င်းတို့သုံးဦးအနက် ဒေါက်တာစိုးမိုးသူ နှင့် ဦးဉာဏ်လင်းသည် ပါတီကိုအယူခံဝင်ခဲ့၍ မူလတာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ပြုပြီး ဦးစိန် ဝင်းကမူ ပါတီမှ နုတ်ထွက်ခဲ့ သည်။
ဒီချုပ်၏ အထက်ပါအရေး ယူမှုသည် ပါတီတွင်း ဝေဖန် ထောက်ပြမှု၊ ပြောဆိုမှုများ ရပ် တန့်စေနိုင်ကြောင်းနှင့် ပါတီတွင်း ဒီမိုကရေစီကျင့်စဉ်အပေါ် များစွာ ထိခိုက်မှုရှိစေကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးသီဟ သွေးက သုံးသပ်သည်။
‘‘အင်န်အယ်လ်ဒီဟာ ၂၀၂၀မှာ အားကိုးရမယ့် ပါတီတစ်ခုဖြစ် တဲ့အတွက် ပါတီတွင်း ဒီမိုကရေစီ တည်ဆောက်မှုနဲ့ လူထုက မျှော် လင့်ချက်ကြီးကြီးနဲ့ ဝေဖန်တဲ့ကိစ္စ တွေ၊ တောင်းဆိုတဲ့ကိစ္စတွေ နား မလည်လို့ ပြောမိတဲ့ကိစ္စပဲဖြစ်ပါ စေ ဒါတွေကို ထိုက်သင့်လျှောက် ပတ်စွာ တားဆီးတာမျိုးမဟုတ်ဘဲ ကြိုဆိုတဲ့နည်းနဲ့ ကိုင်တွယ်ဖြေ ရှင်းပါ။ ပါတီကို ဒီထက်ပိုပြီး အား ကိုးစရာဖြစ်တဲ့၊ ဒီမိုကရေစီဆန် တဲ့ ပါတီတစ်ခုအဖြစ် တည် ဆောက်စေချင်တယ်’’ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဒီချုပ်ပါတီဝင် များ၊ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ပါတီကို ဘောင်အ တွင်းမှ ထိန်းထိန်းသိမ်းသိမ်း ဝေဖန်ထောက်ပြသင့်ကြောင်း ဦးသီ ဟသွေးက အကြံပြုသည်။
တိုင်းဒေသကြီး ကိုယ်စား လှယ် ဦးကျော်ဇေယျသည် ၂၀၁၃ တွင် ဒီချုပ်ပါတီသို့ ဝင်ရောက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာသက်သက်ခိုင် သည် ၂၀၁၄ ၌ ပါတီဝင်ဖြစ်လာ သည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးကို ဒဂုံမြို့နယ် ဒီချုပ်ပါတီအလုပ်အမှု ဆောင်အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်း ခံရသော်လည်း ဒေါက်တာသက် သက်ခိုင်သည် ပြည်သူ့လွှတ် တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ဦးကျော်ဇေယျသည် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူးအဖြစ်လည်း ကောင်း ဆက်လက်ရှိနေသည်။
=======================
251 / End
၃ စက်တင်ဘာ ၂၀၁၈ - ၁၄:၄၃
News ID: 907913
ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စား လှယ်နှစ်ဦးဖြစ်သည့် ဒေါက်တာသက်သက် ခိုင်နှင့် ဦးကျော်ဇေယျတို့ကို ပါတီတာဝန်မှ ရပ်ဆိုင်းခဲ့သော်လည်း နှစ်ဦးစလုံးက အယူခံ ဝင်မည်မဟုတ်ကြောင်း 7Day Daily သတင်း စာသို့ ပြောသည်။