အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ - ဘင်္ဂလား ဒေ့ရှ်နယ်စပ်ခြံစည်းရိုးတစ်ဖက် တွင် နေထိုင်သော ဘင်္ဂါလီများ အား မြန်မာနိုင်ငံကြက်ခြေနီ အ သင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ရိက္ခာ ထောက်ပံ့မှုကို အလိုမရှိကြောင်း မောင်တောဒေသခံ ၃၀၀ ခန့်က စက်တင်ဘာ ၁၀ ရက်တွင်မြို့ပတ် လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒထုတ်ဖော်ရာတွင် MRCS/ICRC က ဦးဆောင်ပြီး ‘နိုင်ငံပြင်ပနေ အကြမ်းဖက်ဘင်္ဂါလီများအား နယ်စပ်ဖြတ်ကျော်ထောက်ပံ့မှုအလိုမရှိ၊ နိုင်ငံတော်အစိုးရမှ ဒေသခံများ၏ သဘောထား ဆန္ဒကို ဦးစားပေးရေး တို့အရေးနှင့် MRCS/ICRC ရန်ကုန်ရုံးချုပ်အကြံ မောင်တောပြည်သူလက်မခံ’ဆိုသည့် ဆိုင်းဘုတ်များနှင့် ကြွေးကြော်သံများဖြင့် တရားဝင် ဆန္ဒထုတ်ဖော်ခဲ့သည်။
‘‘အခုကြက်ခြေနီအဖွဲ့က ရိက္ခာထောက်ပံ့နေသူတွေက နှစ် နိုင်ငံနယ်စပ်မျဉ်းမှာ တရားမ၀င် နေထိုင်သူတွေဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က လုံးဝလက်မခံ နိုင်တဲ့အတွက်အခုလို ဆန္ဒထုတ် ဖော်ကန့်ကွက်ရတာဖြစ်ပါတယ်’’ ဟု ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးစိန်လှဖြူကပြောသည်။
အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီကော်မတီသည် ၂၀၁၇ သြ ဂုတ်မောင်တောအကြမ်းဖက်မှု မ ဖြစ်ပွားမီက လူမှုကူညီရေး လုပ် ငန်းများ ဆောင်ရွက်နေပြီး အ ကြမ်းဖက်မှုဖြစ်ပွားချိန်နှင့် ဖြစ် ပွားပြီးချိန်တွင်လည်း လူမှုကူညီ ရေးလုပ်ငန်းများ ဆောင်ရွက် နေသောအဖွဲ့ဖြစ်သည်။
=======================
251 / End
၁၀ စက်တင်ဘာ ၂၀၁၈ - ၁၅:၅၁
News ID: 908793
မြန်မာ - ဘင်္ဂလား ဒေ့ရှ်နယ်စပ်ခြံစည်းရိုးတစ်ဖက် တွင် နေထိုင်သော ဘင်္ဂါလီများ အား မြန်မာနိုင်ငံကြက်ခြေနီ အ သင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ရိက္ခာ ထောက်ပံ့မှုကို အလိုမရှိကြောင်း မောင်တောဒေသခံ ၃၀၀ ခန့်က စက်တင်ဘာ ၁၀ ရက်တွင်မြို့ပတ် လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။