၁၇ စက်တင်ဘာ ၂၀၁၈ - ၁၇:၅၆
မန္တလေးတွင် သိန်းငှက်စစ်ဆင်ရေး သုံးလခန့်အတွင်း အမှုသုံးထောင်ကျော် ဖမ်းဆီးနိုင်ခဲ့

မန္တလေးခရိုင်တွင် မှုခင်းဖြစ်ပွားမှု လျော့ကျရန် ရဲ တပ်ဖွဲ့က သိန်းငှက်စစ်ဆင်ရေး ပြုလုပ်နေပြီး သုံးလခန့် အကြာ တွင် အမှုသုံးထောင်ကျော် ဖမ်း ဆီးနိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေ သကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က စက်တင်ဘာ ၁၃ ရက်က မီဒီယာများနှင့် တွေ့ ဆုံစဉ်ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန္တလေးခရိုင်တွင် မှုခင်းဖြစ်ပွားမှု လျော့ကျရန် ရဲ တပ်ဖွဲ့က သိန်းငှက်စစ်ဆင်ရေး ပြုလုပ်နေပြီး သုံးလခန့် အကြာ တွင် အမှုသုံးထောင်ကျော် ဖမ်း ဆီးနိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေ သကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က စက်တင်ဘာ ၁၃ ရက်က မီဒီယာများနှင့် တွေ့ ဆုံစဉ်ပြောသည်။

သိန်းငှက်စစ်ဆင်ရေး စတင်သည့် ဇွန်လ ၂၅ ရက်မှ စက်တင်ဘာ ၁၃ ရက်အထိ ဖမ်းဆီးနိုင်ခဲ့သည့်အမှု ၃,၃၃၀ အနက် ကျူးလွန်သူ ၃,၅၇၁ ဦး ဖမ်းမိကာ မူးယစ်ဆေးဝါးအမှု၊ မော်တော်ယာဉ်အမှုနှင့် မူးယစ်ရမ်းကားမှု၊ ခိုးမှု၊ မသင်္ကာမှုနှင့် ခိုးမှုကျော်စောမှုများ အများဆုံး ဖမ်းဆီးနိုင်ခဲ့သည်။

မှုခင်းဖြစ်ပွားမှုလျော့ကျရန် သုံးလကြာလုပ်ဆောင်မည့် သိန်း ငှက်စစ်ဆင်ရေးတွင် ရဲတပ်ဖွဲ့ဝင် တစ်ထောင်ကျော် အသုံးပြုပြီး ပြည်သူလူထုငါးရာခန့်၊ ရဲတပ် ရင်းမှ ရဲတစ်ရာကျော်ဖြင့် နေ့၊ ည လုံခြုံရေး ဆောင်ရွက်နေကြောင်း သိရသည်။ စစ်ဆင်ရေးနှင့် ပတ် သက်ပြီး ပြည်သူလူထုကြားတွင် ဝေဖန်မှု အမျိုးမျိုးရှိနေကာ လူမှု ကွန်ရက်တွင် သတင်းအမှားလွှင့် ခြင်းနှင့်တစ်ဖက်စောင်းပုတ်ခတ် ဖော်ပြနေခြင်းများ ရှိနေသဖြင့် ပြည်သူလူထုက ပူးပေါင်းပါဝင် ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

‘‘လွှတ်တော်ကနေ အဆို တင်လိုက်ကတည်းက မန္တလေး မြို့မှာ မှုခင်းကျဆင်းရေးဆိုတာ လုပ်နေတယ်။ မလုပ်တာမရှိဘူး။ ဘာဖြစ်သလဲဆိုတော့ ဒီရာဇဝတ် မှုတွေကို Highlight လုပ်ပြီး တော့ အစိုးရကို ဘာမှမလုပ်သ ယောင်ယောင် ပြောနေတဲ့လူတွေ အများကြီးပဲ။ ဘာလို့ဒါတွေ တင် နေလဲဆိုတော့ ကြားဖြတ်ရွေး ကောက်ပွဲနီးလို့ ဘာမှမလုပ်ဘူးဆို တာ တင်နေတာ။ ပြောကြတာ လည်း မန္တလေးမြို့ကြီးနေစရာ ကို မရှိတော့ဘူး။ အစိုးရဘက်ကို ကျတော့ လာပူးပေါင်းလုပ်ဖို့ ဘယ်တုန်းက ပြောခဲ့ကြလဲ။ ပူး ပေါင်းပါဝင်ကြပါ။ ဘယ်သူမဆို ပူးပေါင်းပါဝင်လို့ရတယ်’’ ဟု ဒေါက်တာဇော်မြင့်မောင်က ဆို သည်။

ရဲတပ်ဖွဲ့က ကံကြီးကုန်း ကျေးရွာအုပ်စု အနီးရှိ မူးယစ်ဆေး ဝါးအသုံးပြုမှုများ ရှိနေသည့် ကျူး ကျော်အိမ်များကို ဖျက်သိမ်းခြင်း၊ ကမ်းနားလမ်းရှိ မူးယစ်ဆေးအ ရောင်းအဝယ် ပြုလုပ်သည့် နေ ရာများကို ရဲအင်အားအလုံးအရင်း ဖြင့် ဖမ်းဆီးခြင်းနှင့် သတင်း ကျော်စောသူများကို ဖမ်းဆီးခြင်း တို့ ဆောင်ရွက်သည်။

မန္တလေး၌ ညအချိန်သာမက နေ့ခင်းအချိန်များပါ လုယက်မှု၊ ဓားခုတ်လုယက်မှုများ ဖြစ်နေ ခြင်းနှင့်ပတ်သက်၍ အမည်မ ဖော်လိုသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး တစ်ဦးက ‘‘ဒါကမူးယစ်ဆေးနဲ့ လုံးဝသက်ဆိုင်တယ်။ ဆေးဘိ တွေမရှိတော့ဘူး။ အရင်ကတော့ သူနည်းနည်း၊  ငါနည်းနည်းပေါင်း လုပ်ကြတယ်။ အခုက ကိုယ်ရှိမှ ကိုယ်သုံးလို့ရမှာဖြစ်တဲ့အတွက် ဆေးကြောင်ကြောင်ပြီး လုပ်တာ တွေလည်းပါတယ်’’ ဟု ၎င်း၏အ မြင်ကို ပြောကြားသည်။

လက်ရှိ သိန်းငှက်စစ်ဆင် ရေးတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်နေပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ အရန်မီးသတ်၊ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက် နေကြောင်း မန္တလေးတိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ  ဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော် မင်းက ပြောသည်။

‘‘မှုခင်းတွေက ယနေ့ဆက် သွယ်ရေးကွန်ရက်မှာ ချက်ချင်း သိနေရလို့ များတယ်ထင်ရပေ မယ့် တွက်ချက်ကြည့်ရင် တစ် နိုင်ငံလုံးနဲ့ဖြစ်ဖြစ်၊ မန္တလေးတိုင်း ဒေသကြီးနဲ့ဖြစ်ဖြစ် အချိုးချပြီး တွက်ကြည့်ရင် များတယ်လို့တော့ ပြောလို့မရပါဘူး။ မန္တလေးမြို့ ကြီး ဆိုးရွားနေပြီ၊ လုံခြုံမှုမရှိတော့ ဘူးဆိုတဲ့ ပုံစံမျိုးတော့မဟုတ်ပါ ဘူး’’ ဟု ၎င်းကပြောသည်။

မန္တလေးမြို့၌ ယခုလက စတင်၍ ရပ်ကွက်လမ်းထောင့်နေ ရာများ၊ လူစည်ကားသည့်နေရာ များတွင် ရဲတပ်ဖွဲ့က ယာယီရဲ ကင်းများချ၍ လုံခြုံရေးဆောင် ရွက်နေသည်။

=======================
251 / End