၁၇ နိုဝင်ဘာ ၂၀၁၈ - ၁၅:၅၆
သိမ်းဆည်းမြေကိစ္စ ဖြေရှင်း်ရေးနည်းလမ်း မြေသိမ်းဥပဒေကြမ်းတွင် မပါဟုဆို

ဥပဒေမဲ့ အသိမ်းဆီးခံထားရတဲ့ မြေသိမ်းမှုတွေကို ဖြေရှင်းပေးထားတဲ့နည်းလမ်း ၂၀၁၇ မြေသိမ်းဥပဒေကြမ်းထဲမှာ ထည့်သွင်းမထားဘူးလို့ တောင်သူ လယ်သမားနဲ့ မြေယာ သိမ်းဆည်းကာကွယ်ရေးလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဥပဒေမဲ့ အသိမ်းဆီးခံထားရတဲ့ မြေသိမ်းမှုတွေကို ဖြေရှင်းပေးထားတဲ့နည်းလမ်း ၂၀၁၇ မြေသိမ်းဥပဒေကြမ်းထဲမှာ ထည့်သွင်းမထားဘူးလို့ တောင်သူ လယ်သမားနဲ့ မြေယာ သိမ်းဆည်းကာကွယ်ရေးလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ Parkroyal hotel မှာ နိုဝင်ဘာလ ၁၇ နေ့က ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းကနေ ပြုလုပ်ခဲ့တဲ့ ၂၀၁၇ မြေသိမ်းဥပဒေကြမ်းဆိုင်ရာ ဆွေးနွေးပွဲ ဥပဒေနဲ့ အမြင်စကားဝိုင်းမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တောင်သူတွေရဲ့အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့အတွက် မြေသိမ်းတဲ့အခါမှာ စီးပွားရေးအရ မြေယာတွေကို မသိမ်းသင့်ဘူးလို့ မကွေးတိုင်းလယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီက ဦးအောင်ကျော်ကပြောပါတယ်။

ဒါအပြင် တနိုင်ငံလုံးက ပြည်သူတွေရဲ့အသံကို နားထောင်ပြီးမှ ဒီ မြေသိမ်းဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုသင့်တယ်လို့ ဆွေးနွေးကြပါတယ်။

၂၀၁၇ မြေသိမ်းဥပဒေကြမ်းထဲမှာ သိမ်းချင်သလိုသိမ်းခွင့်ပေးထားတဲ့ ပုဒ်မတွေလည်း တွေ့ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှင်ဝင်းက ပြောပါတယ်။

အရင်တုန်းက ရာဇဝတ်မှုမြောက်အောင် မြေသိမ်းဆည်းခဲ့တဲ့သူတွေကို အခု မြေသိမ်း ဥပဒေကြမ်းဟာ ကာကွယ်ပေးထားတဲ့ ဥပဒေလည်း ဖြစ်နေတယ်လို့ ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးသွားကြပါတယ်။

ဒီဆွေးနွေးပွဲမှာ မုတ်သုံကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သောင်းထွန်း၊ တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှင်ဝင်း၊ မကွေးတိုင်း လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေးကော်မတီက ဦးအောင်အောင်ကျော်နဲ့ သံလွင်အဖွဲ့က ဦးသီဟသူတို့ကနေ ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

=======================
251 / End