၄ ဇန်နဝါရီ ၂၀၁၉ - ၁၇:၅၃
တိုင်ပေကမ်းရိုးတန်းသင်္ဘောတိမ်းမှောက်မှုမှ မြန်မာသင်္ဘောသား ငါးဦးကိုဆယ်ယူနိုင်သော်လည်း တစ်ဦးသေ၊ ၁၀ ဦးပျောက်ဆုံး

မြန်မာသင်္ဘောသားများပါဝင်သော ကုန်တင် သင်္ဘောတစ်စီး တိုင်ပေကမ်းရိုးတန်းတွင် တိမ်းမှောက် ရာ မြန်မာသင်္ဘောသားတစ်ဦးသေဆုံးပြီး ၁၀ ဦး ပျောက်ဆုံးနေသည်ဟု ရေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲညွှန်ကြားရေး မှူး ဦးဟိန်းထက်စိုးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာသင်္ဘောသားများပါဝင်သော ကုန်တင် သင်္ဘောတစ်စီး တိုင်ပေကမ်းရိုးတန်းတွင် တိမ်းမှောက် ရာ မြန်မာသင်္ဘောသားတစ်ဦးသေဆုံးပြီး ၁၀ ဦး ပျောက်ဆုံးနေသည်ဟု ရေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲညွှန်ကြားရေး မှူး ဦးဟိန်းထက်စိုးက ပြောသည်။

မြန်မာသင်္ဘောသား ၁၄ ဦးနှင့် တိုင်ပေကိုယ် စားလှယ်တစ်ဦးပါဝင်သည့် M.V.London ကုန်တင် သင်္ဘောသည် တိုင်ပေရှိ Kaohsiung မှ ကိုရီးယား နိုင်ငံသို့ ထွက်ခွာလာစဉ် ဇန်န၀ါရီ၂ ရက် နံနက် ၄ နာရီခွဲ၌ တိုင်ပေကမ်းရိုး တန်းတွင် တိမ်းမှောက်ခဲ့သည်။ မြန်မာသင်္ဘောသားငါးဦးကို ဆယ်ယူနိုင်ပြီး ယင်း အနက် တစ်ဦးသေဆုံးကာ ကျန် ၁၀ ဦးကို ရှာဖွေနေ ဆဲဖြစ်သည်။

ငါးဖမ်းသင်္ဘောများမှ ဆယ် ယူရရှိပြီး အသက်ရှင်ကျန်ရစ် သူလေးဦးမှာ Sunmartime သင်္ဘောကုမ္ပဏီမှ AB ကိုမင်း ဇော်အောင်၊ Cook ကိုမြတ် ထွဋ်ဝင်း၊ AB ကို ကျော်မင်းဝေ၊ AB ကိုအောင် အောင်ဦးတို့ဖြစ်ပြီး သေဆုံးသူမှာ Leader Marine (Oversea) မှ Oiler ကိုခင်အောင် လတ်ဖြစ်သည်။

အဆိုပါသင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား ၁၄ ဦးအနက် Sunmartime သင်္ဘောကုမ္ပဏီ မှခြောက်ဦး၊ Leader Marine (Oversea)မှ သုံးဦး၊ Ocean World Shipping မှသုံးဦးဖြစ်ပြီး ကျန်နှစ်ဦးသည် မည်သည့်  ကုမ္ပဏီမှဖြစ်ကြောင်း စိစစ်နေ ဆဲဖြစ်သည်ဟု ဦးဟိန်းထက်စိုးက ပြောသည်။

‘‘သင်္ဘောမှောက်တဲ့ဖြစ်စဉ် ကို ကုမ္ပဏီတွေက ဌာနကိုအ ကြောင်းကြားထားပါပြီ။ သတင်း အတိအကျကိုလည်း စုံစမ်းနေပါ တယ်’’ ဟု ၎င်းကပြောသည်။

သင်္ဘောပေါ်တွင်ပါရှိသည့် သင်္ဘောသားများအမည်စာရင်း

‘‘ကုမ္ပဏီကတော့ ဒီမနက် မှာ အကြောင်းကြားတယ်။ ကျွန် တော့်ညီက ဆယ်လို့ရတဲ့ငါးဦးထဲ မှာမပါသေးဘူးဆိုတာ’’ဟု Oiler ကိုဟန်လင်းဇော်၏အစ်ကို ကိုရဲ သူရက ပြောသည်။

သေဆုံးသည့်သင်္ဘောသား နှင့် ထိခိုက်နစ်နာသူများအတွက်  အာမခံကြေးရရှိအောင် ဆောင် ရွက်ပေးမည်ဟု Leader Marine ကုမ္ပဏီတာဝန်ရှိသူကပြောသည်။

ပျောက်ဆုံးနေသူများကို ရှာ ဖွေရန် တိုင်ပေကမ်းခြေစောင့်တပ် ဖွဲ့က ရေယာဉ်များဖြင့်ရှာဖွေနေ ပြီး ရေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနကလည်း ယင်း ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။

ရှာဖွေနေဆဲ သင်္ဘောသား များမှ ကိုဟန်လင်းဇော်မှာ Ever Fortune ကုမ္ပဏီမှ ထွက်ခွာခဲ့သူ ဖြစ်ပြီး သင်္ဘောသားဌာနခွဲမှဖြေ ကြားသည့် သင်္ဘောကုမ္ပဏီစာ ရင်းတွင် မပါရှိပေ။

‘‘ရာသီဥတုဆိုးလို့ သင်္ဘော မှောက်တယ်လို့တော့သိရတယ်။ တစ်စီးလုံးမှာက မြန်မာသင်္ဘော သားချည်းပဲ။ ကုန်တင်တဲ့သင်္ဘော ဆိုတော့ တိုင်ပေလူမျိုးက ကိုယ် စားလှယ်ပါ။ ကျန်တဲ့သူတွေ သ တင်းမရသေးပါဘူး’’ ဟု သင်္ဘော သားအရေး ဆောင်ရွက်နေသူ ကပ္ပတိန်ကျော်မြဦးက ပြော သည်။

=======================
251 / End