၉ ဇန်နဝါရီ ၂၀၁၉ - ၁၅:၃၂
၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းပါက သက်ဆိုင်ရာ ကော်မရှင်ခွဲဥက္ကဋ္ဌများက တာဝန်ယူရမည် ယခုနှစ် တစ်နှစ်လုံး မဲစာရင်းကောက်မည်

၂၀၂၀ ရွေး ကောက်ပွဲမဲစာရင်းရလဒ်မှန်ကန် အောင် ကြိုတင်ပြင်ဆင်ထားရန် နှင့် မဲစာရင်းမှားယွင်းမှုအတွက် ဖြစ်ပေါ်လာသည့်ပြဿနာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကော် မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများက တာ ဝန်ယူရမည်ဖြစ်ပြီး ယင်းကိစ္စအ တွက် အလျှော့အတင်း ပြုလုပ် ရန်မရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှ သိန်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၂၀၂၀ ရွေး ကောက်ပွဲမဲစာရင်းရလဒ်မှန်ကန် အောင် ကြိုတင်ပြင်ဆင်ထားရန် နှင့် မဲစာရင်းမှားယွင်းမှုအတွက် ဖြစ်ပေါ်လာသည့်ပြဿနာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကော် မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများက တာ ဝန်ယူရမည်ဖြစ်ပြီး ယင်းကိစ္စအ တွက် အလျှော့အတင်း ပြုလုပ် ရန်မရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှ သိန်းက ပြောသည်။

ယင်းကိစ္စအတွက် ယခုအ ချိန်က စတင်ပြင်ဆင်ထားရန် နှင့် လိုအပ်ချက်များရှိလာပါက ကော်မရှင်ဥက္ကဋ္ဌထံ ပွင့်ပွင့်လင်း လင်းတိုက်ရိုက်တင်ပြတောင်းခံ နိုင်သည်ဟု ဦးလှသိန်းက ပြော သည်။ ဇန်နဝါရီ ၉ ရက်က နေ ပြည်တော်တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ပြုလုပ် သော တစ်နိုင်ငံလုံးအဆင့် မဲဆန္ဒ ရှင်စာရင်းပြုစုခြင်းလုပ်ငန်းသင် တန်းဖွင့်ပွဲအခမ်းအနားမိန့်ခွန်း တွင် ဦးလှသိန်းက ထည့်သွင်းပြောကြားခဲ့သည်။

‘‘တကယ်တော့ ကျွန်တော် အလေးအနက်ထားမှာက ၁၄ ဦး။ ပြည်ထောင်နယ်မြေပါ ၁၅ ဦး။ ဒီ ၂၀၂၀ မဲစာရင်းကိစ္စက ဆရာတို့ အပေါ်မှာ လုံးလုံးတာဝန်ရှိတယ်။ အပြစ်ဖို့ချင်လို့မဟုတ်ဘူး။ ကိုယ့် ဘက်က ကောင်းအောင် ဘယ် နည်းနဲ့ ဆောင်ရွက်ရမလဲ၊ အခက် အခဲရှိရင် ပြည်ထောင်စုကော်မ ရှင်ကို ဘယ်လိုအကူအညီတောင်း ရမလဲ။ ပြောပါ။ အားမနာနဲ့’’ဟု ဦးလှသိန်းက ပြောသည်။

‘‘အခက်အခဲမှန်သမျှ ကျိတ် ပြီး မဖြေရှင်းနဲ့။ ကျွန်တော့်ကို တိုက်ရိုက်ပြော။ ၂၄ နာရီပြော။ ကျွန်တော်မတွေ့ရသေးလို့တို့၊ တွေ့မှပြောမှာတို့၊ ဘာဖြစ်မှာစိုး လို့တို့ အဲဒီအကြောင်းပြချက်တွေ လုံးဝလက်မခံဘူး။ ကျွန်တော်တို့ တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲ တွေက ရှိနေပြီ။ ၂၄ နာရီ ကျွန် တော့်ကို ပြောပါ။ ညွှန်ချုပ်တို့ ဘာတို့ပြောပါ။ နောက်ဆုံးဆက် မရတော့ဘူးဆို ကျွန်တော့်ကိုပြော  ပါ။ အားနာစရာမလိုဘူး။ ကျွန် တော်လည်း နိုင်ငံ့တာဝန်ထမ်း ဆောင်နေတာလေ။ ကျွန်တော့် မှာလည်း တာဝန်ရှိတယ်’’ဟု ၎င်း က ဆက်လက်ပြောသည်။

ထို့အပြင် သက်ဆိုင်ရာတိုင်း နှင့် ပြည်နယ်ရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက တင်ပြ ခြင်းမရှိသည့် ပြဿနာများနှင့် ၂၀၂၀ မဲစာရင်းရလဒ်မှားယွင်းမှု ဖြစ်လာခဲ့လျှင် အပြည့်အဝတာ ဝန်ယူရမည်ဖြစ်သည့်အပြင် ယင်း ကိစ္စအပေါ်တွင် ညှိနှိုင်းဆောင် ရွက်ပေးရန် မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

‘‘ကျွန်တော် ကြိုပြောထား တာ။ ဒီ့ပြင်နေရာ ကျွန်တော် အလျှော့အတင်းရှိတယ်။ မဲစာ ရင်းကိစ္စမှားလို့ကတော့ တိုင်းဒေ သကြီး ကော်မရှင်အဖွဲ့ခွဲအရာရှိ သည် အလျှော့အတင်းမရှိဘူး။ ဒါပေမဲ့ သဘာဝအလျောက်ဖြစ် လာတဲ့ဟာကိုတော့ လက်ခံပါ တယ်။ ကိုယ့်အားနည်းချက်၊ ကိုယ့်ချွတ်ယွင်းချက်ကြောင့်ဖြစ် တာဆိုရင်တော့ ကျွန်တော်လက် မခံဘူး။ ဆရာတို့ကို ဒါ အစော ကတည်းက လေးလေးစာစားနဲ့ မေတ္တာရပ်ခံတာ။ အဲဒီစကားလေး ကို ဆရာတို့ခေါင်းထဲမှာ ထားပြီး တော့ အလေးအနက်ဆောင်ရွက် ပေးပါ’’ ဟု ဦးလှသိန်းက ပြော သည်။  ထို့အပြင် ၂၀၂၀ ရွေး ကောက်ပွဲအတွက် မဲစာရင်းပြုစု ခြင်းလုပ်ငန်းများကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ဦး ဆောင်၍ လူဝင်မှုကြီးကြပ်ရေး နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှစ်ခုနှင့် ပူးပေါင်းကာ ယခု နှစ်တစ်နှစ်တာလုံးအတိုင်းအတာ ဖြင့် တစ်နိုင်ငံလုံးတွင် ဆောင်ရွက် ရန် ပြင်ဆင်ပြီးဖြစ်သည်ဟု ၎င်း က ဆိုသည်။

‘‘ဒီတစ်နှစ်လုံးကိုတော့ မဲစာ ရင်းကိုပဲ ဇောက်ချလုပ်နေမှာပါ’‘ ဟု ဦးလှသိန်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကျန်သည့်ရုံး ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များသည်  ပြဿနာမရှိဘဲ စာရင်းမှန်ကန်ရေး သည် အချိန်ယူဆောင်ရွက်ရမည့်  ကိစ္စဖြစ်၍ တစ်နှစ်စော၍ ကြို တင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ် သည်ဟု ရှင်းပြသည်။

‘‘ကျွန်တော်တို့ကို ကျန်တာ တွေ ဝေဖန်စရာမရှိသလောက်ပါ ပဲ။ ဘာလို့ဆို ကျွန်တော်တို့ဆောင် ရွက်နိုင်တယ်။ မဲစာရင်းကတော့ ရွေးကောက်ပွဲကော်မရှင်ရယ်၊ လူ ဝင်မှုကြီးကြပ်ရေးရယ်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရယ်၊ ထွေအုပ်က ရပ်ကွက်၊ ကျေးရွာ အုပ်စုတွေနဲ့ ဆောင်ရွက်ရတာပါ။ ဆိုတော့ သုံးဦးသုံး ဖလှယ် ဆောင်ရွက်ရတာပါ။ သုံးဦး၊ သုံး ဖလှယ်ဆောင်ရွက်တဲ့နေရာမှာ ကော်မရှင်ကပဲ ဖြစ်စေ၊ လဝက ပဲဖြစ်စေ၊ ထွေအုပ်ကဖြစ်စေ တစ်ခုခုက ဖောက်ထွက်သွားရင် အဲဒီစာရင်းက မှားသွားပြီ။ ဒါကြောင့်မို့ သုံးဦး၊ သုံးဖလှယ်ညှိပြီးတော့ ညီတူညီမျှ စည်းကမ်းရှိရှိနဲ့၊ ရိုရိုသေသေနဲ့ အလုပ်ကို တန်ဖိုးထား ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်’’ ဟု ဦးလှသိန်းက ပြောသည်။

=======================
251 / End