အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ မြကန်သာရပ်ကွက်မှာ မူးယစ်ဆေးဝါးတွေနဲ့ သေနတ်တလက်၊ ကျည်လေးထောင့်၊ လက်ပစ်ဗုံးတလုံးကို ဇန်န၀ါရီ ၂၂ ရက် မနက်ပိုင်းက တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ စခန်းမှူး ဇော်မင်းလွင်က ပြောပါတယ်။
ဈေးနားရပ်ထားတဲ့ VEGO အဖြူရောင် ကားတစီးကို မသင်္ကာလို့ သွားရှာကနေ လိုင်စင်မဲ့ကားဖြစ်နေတဲ့အတွက် ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါတွေနဲ့ လက်နက်တွေကို တွေ့ရှိခဲ့တာလို့ ဆီဆိုင်မြို့မ ရဲစခန်းမှူးက ပြောပါတယ်။
ကားအတွင်းပိုင်းမှာ ကာလတန်ဖိုး ကျပ်သိန်း ၁၅၀ နီးပါးလောက်ရှိတဲ့ wy စာတမ်းပါ မူးယစ်ဆေးပြား ၉၈၀၀ နဲ့ ဒေသန္တရလုပ် သေနတ်တလက်၊ ကျည်လေးထောင့်၊ တရုတ်လုပ် လက်ပစ်ဗုံး တလုံးတွေ့ရှိပြီး တရားခံနှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တာပါ။
တရားခံ မြကန်သာရပ်ကွက်နေ စိုင်းနော်(ခ)စိုင်းနောင့်နဲ့ အောင်သပြေရပ်ကွက်နေ မောင်မောင်ဦးတို့ကို ဆီဆိုင်မြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေ ပုဒ်မ ၁၉၊ ၂၁၊ ၂၂၊ ၂၂(ခ) တွေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။
ဆီဆိုင်မြို့နယ်မှာ မူးယစ်ဆေးဝါး လျော့ချရေးအတွက်မကြာခဏ ရှောင်တခင် ပိတ်ဆို့ စစ်ဆေးနေသလို ပညာပေးတွေလည်း ဆောင်ရွက်နေပါတယ်။
=======================
251 / End
၂၄ ဇန်နဝါရီ ၂၀၁၉ - ၀၃:၄၆
News ID: 926135