အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပုလဲမွေးမြူရေးလုပ်ကိုင် ရန်ဆိုကာ ကုမ္ပဏီများကသိမ်း ဆည်းထားသည့် ဆလုံတိုင်းရင်း သားများ၏ ကျွန်းမြေနေရာများကို သီးခြားအဖွဲ့အစည်းတစ်ခုဖွဲ့ စည်း၍ အမြန်ဆုံးစိစစ်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့ကြောင်း ကော့သောင်းမြို့ နယ်ဒီချုပ်ပါတီတာဝန်ရှိသူတစ် ဦးက ပြောသည်။
‘‘အတိုင်ပင်ခံပုဂ္ဂိုလ်က အ မြန်ဖြေရှင်းဖို့အတွက် သက်ဆိုင် ရာဝန်ကြီးဌာနတွေကို မေးမြန်းပြီး တော့ အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီးစေလွှတ် ပေးမယ်ပြောတယ်။ဒေသခံဆလုံ တိုင်းရင်းသားတွေ ပြောတာက ပုလဲမွေးမြူရေးကုမ္ပဏီတွေလို့ပဲ ပြောတယ်။ နာမည်တော့မပြော ဘူး’’ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ဖေဖော်ဝါရီ ၁၄ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ကော့သောင်းမြို့နယ်ရှိ မကြုံဂလက်ကျေးရွာသို့ သွား ရောက်၍ ဒေသခံဆလုံတိုင်းရင်း သားများနှင့်တွေ့ဆုံကာ အခက် အခဲများမေးမြန်းပြီး ဆလုံတိုင်း ရင်းသားများက ကျွန်းမြေနေရာ အများစုသိမ်းဆည်းခံရမှုများ ဖြေ ရှင်းပေးရန်၊ ဆက်သွယ်ရေးတာ ၀ါတိုင်ထူပေးရန် ဒေါ်အောင်ဆန်း စုကြည်ထံတောင်းဆိုခဲ့သည်ဟု ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီ ၁၄ ရက်နံနက် ၉ နာရီကစ၍ ဘုတ် ပြင်းမြို့နယ်ရှိ ပုလဲကျွန်းနှင့် ၀အလည်ကျွန်း များသို့ သွားရောက်ကာ ပုလဲ ထုတ်လုပ်မွေးမြူရေး လုပ်ငန်း များကို လေ့လာခဲ့သည်။
ထို့နောက် ညနေ ၆ နာရီခန့် တွင် ကော့သောင်းမြို့ပေါ်သို့ ပြန် လည်ရောက်ရှိခဲ့သည်။ ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) နံနက် ၉ နာရီတွင် ကော့သောင်းမြို့ခံများ နှင့်တွေ့ဆုံမည်ဖြစ်ပြီး ထားဝယ် မြို့သို့ ပြန်လည်ထွက် ခွာမည် ဖြစ်သည်။
=======================
251 / End
ဆလုံတိုင်းရင်းသားများ၏ သိမ်းဆည်းခံမြေများကို သီးခြားအဖွဲ့ဖွဲ့၍ အမြန်စိစစ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဟုဆို
၁၅ ဖေဖော်ဝါရီ ၂၀၁၉ - ၁၅:၄၄
News ID: 929217