၂၃ ဖေဖော်ဝါရီ ၂၀၁၉ - ၁၆:၂၉
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် ကျပ် ၇၇ ဘီလီယံနှင့် ဒေါ်လာငါးသန်းဖိုး ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ရရှိ

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ် နှံမှုပြပွဲတွင် ကျပ် ၇၇ ဘီလီယံနှင့် ကန်ဒေါ်လာ ငါးသန်းခန့်တန်ဖိုးရှိ သည့် လုပ်ငန်း ၂၈ ခု ပြည်နယ်အ တွင်း လာရောက်လုပ်ကိုင်ရန် ကတိကဝတ်ရရှိကြောင်း ပြည် နယ် အစိုးရနှင့် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သတင်းထုတ်ပြန် သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ် ရင်းနှီးမြှုပ် နှံမှုပြပွဲတွင် ကျပ် ၇၇ ဘီလီယံနှင့် ကန်ဒေါ်လာ ငါးသန်းခန့်တန်ဖိုးရှိ သည့် လုပ်ငန်း ၂၈ ခု ပြည်နယ်အ တွင်း လာရောက်လုပ်ကိုင်ရန် ကတိကဝတ်ရရှိကြောင်း ပြည် နယ် အစိုးရနှင့် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သတင်းထုတ်ပြန် သည်။

ထိုကတိကဝတ် အနေဖြင့် စီးပွားရေးလုပ်ငန်းများသည် စိတ် ဝင်စားမှုဖော်ပြလွှာ (EOI)ကို ပြပွဲ ပထမရက်အတွင်း လက်မှတ်ထိုး ခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီး ဦးကျော်အေးသိန်းက ပြော ကြားသည်။

‘‘မျှော်မှန်းထားတာထက် အ များကြီး အောင်မြင်ပါတယ်။ ပြည်နယ်အတွင်းမှာ လာလုပ်ပါ့မယ်ဆိုတဲ့ ကတိကဝတ်ပါပဲ’’ ဟု ဦးကျော် အေးသိန်းက ပြောသည်။

EOI လက်မှတ်ရေးထိုးရာ တွင် လုပ်ငန်းရှင်အချင်းချင်း ရေး ထိုးခြင်းဖြစ်ပြီး အစိုးရနှင့် လုပ်ငန်း ရှင်ကြား ရေးထိုးမှုသုံးခုသာရှိကာ လုပ်ငန်းအများစုသည် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းများဖြစ်သည် ဟု ၎င်းက ပြောသည်။

 ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှု ပြပွဲများအနက် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲသည် အောင်မြင်မှု အရှိဆုံးလုပ်ငန်းဖြစ်သည်ဟု ရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးက ပြော ကြားသည်။

‘‘ဒီပွဲလုပ်တော့ အများစုက သံသယရှိတယ်။ လုပ်တဲ့ပွဲက ထိရောက်မှုရှိတယ်။ ထူးခြားတာ က ရလဒ်တွေလည်း ချက်ချင်း ထုတ်ပေးနိုင်တယ်’’ဟု ဦးအောင် နိုင်ဦးက ပြောသည်။

သံတွဲမြို့နယ် ငပလီကမ်း ခြေတွင် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပသည့် အဆို ပါပွဲသို့ စီးပွားရေး လုပ်ငန်းရှင် ၆၀၀ ကျော် တက်ရောက်ပြီး နိုင်ငံတကာမှ လုပ်ငန်းရှင် ၂၀၀ ကျော် တက်ရောက်ခဲ့သည်။ ထို ပမာဏသည် ယခင်ပွဲများထက် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင် နှင့် သံတမန် သုံးဆခန့် ပိုမိုတက်ရောက်လာခြင်းဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်က ရခိုင်တွင် ပုစွန်နှင့် ငါးမွေးမြူရေး လုပ်ငန်းများအ တွက် ဂျပန်လုပ်ငန်းရှင်များ လာ ရောက်ရန် ဖိတ်ခေါ်ထားသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံ မှုပြပွဲကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ (JICA)နှင့် ဂျပန်ပြည်ပကုန် သွယ်မှု (Jetro)တို့ ကူညီမှုဖြင့် ရခိုင်ပြည်နယ်အစိုးရ၊ ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

=======================
251 / End