၂ ဧပြီ ၂၀၁၉ - ၁၈:၂၈
အီးယူနှင့် ပြည်သူ့ပါတီတွေ့ဆုံစဉ် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေး

ဥရောပသမဂ္ဂ(အီးယူ) ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် နှင့် ရွေးကောက်ပွဲလေ့လာရေးအ ဖွဲ့ခေါင်းဆောင်တို့သည် ဧပြီ ၁ ရက်တွင် ပြည်သူ့ပါတီဥက္ကဋ္ဌဦးကို ကိုကြီး၊ ပါတီတာဝန်ရှိသူများနှင့် ရန်ကုန်မြို့၌ တွေ့ဆုံစဉ် လက်ရှိ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ် များဆွေးနွေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဥရောပသမဂ္ဂ(အီးယူ) ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် နှင့် ရွေးကောက်ပွဲလေ့လာရေးအ ဖွဲ့ခေါင်းဆောင်တို့သည် ဧပြီ ၁ ရက်တွင် ပြည်သူ့ပါတီဥက္ကဋ္ဌဦးကို ကိုကြီး၊ ပါတီတာဝန်ရှိသူများနှင့် ရန်ကုန်မြို့၌ တွေ့ဆုံစဉ် လက်ရှိ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ် များဆွေးနွေးခဲ့သည်။

အီးယူသံအမတ်နှင့် ရွေး ကောက်ပွဲလေ့လာရေးအဖွဲ့မှ အ ဓိကလေ့လာသူအပါအ၀င် ခုနစ် ဦးသည် ပြည်သူ့ပါတီဗဟိုဌာန ချုပ်သို့ ပထမဆုံးလာရောက်တွေ့ ဆုံခြင်းဖြစ်ကြောင်း ပါတီအထွေ ထွေအတွင်းရေးမှူး (၂)ဦးကျော် ကျော်စိုးက ပြောသည်။

‘‘မြန်မာနိုင်ငံရွေးကောက်ပွဲ နောက်ပိုင်းအခြေအနေတွေကို အမြင်ချင်းဖလှယ်တယ်။ နောက် ၂၀၂၀ ရွေးကောက်ပွဲရဲ့အနေအ ထားပေါ့။ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဘာတွေလုပ် သင့်လဲဆိုတာမျိုးကို ဆွေးနွေးဖြစ် တယ်’’ ဟု ဦးကျော်ကျော်စိုးက ပြောသည်။

လက်ခံတွေ့ဆုံရာတွင် လက်ရှိနိုင်ငံရေးအခြေအနေများ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စများ၊ ငြိမ်းချမ်းရေးကိစ္စများအပါအ၀င် လာမည့်အထွေထွေရွေးကောက် ပွဲ၌ ဖြစ်ပေါ်လာနိုင်သည့်နိုင်ငံ ရေးအခင်းအကျင်းများကို ဦးစား ပေးဆွေးနွေးခဲ့ကြောင်းလည်း ပြည်သူ့ပါတီက သတင်းထုတ်ပြန် သည်။

‘‘အီးယူဘက်ကတော့ ပြည် သူ့ပါတီအနေနဲ့ နဂိုကတည်းက လည်း ထူထောင်သူဦးကိုကိုကြီး ကို သူတို့အနေနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့အတွက် ပါတီကိုအောင် မြင်စေချင်တယ်ပေါ့နော်။ ဒီမိုက ရက်တစ်ဖက်ဒရယ်ထူထောင်ရေး မှာ ပြည်သူ့ပါတီအနေနဲ့ တစ်တပ် တစ်အားပါနိုင်မယ်လို့ သူတို့ယုံ ကြည်တယ်ပေါ့နော်။ ဒါမျိုး သူတို့ မှတ်ချက်ပြုပါတယ်’’ ဟု ဦးကျော် ကျော်စိုးက ဆက်လက်ပြော သည်။

အီးယူအနေဖြင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲဆိုင်ရာ နောက် ဆက်တွဲလေ့လာရေးအဖွဲ့ကို ဖွဲ့ စည်းထားပြီး ယင်းအဖွဲ့တွင် Alexander Graf Lambsdorff က အဓိကလေ့လာသူအဖြစ် တာဝန် ယူထားသည်။ ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြည်တွင်း၊ပြည်ပ မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အီးယူရွေးကောက်ပွဲလေ့လာရေး အဖွဲ့၏ အကြံပြုချက်များ အ ကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေကို ဆွေးနွေးမှုရှိ ကြောင်း မီဒီယာများအား အသိ ပေးထားသည်။

ပြည်သူ့ပါတီကို ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က ၂၀၁၈ ဩဂုတ် ၂၃ ရက် တွင် နိုင်ငံရေးပါတီအဖြစ် တရား ၀င်မှတ်ပုံတင်ခွင့်ပြုခဲ့သည်။ ပြည် သူ့ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် ၂၃ ဦးပါဝင်ကာ ဥက္ကဋ္ဌဦးကိုကိုကြီး၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျ၊ အထွေထွေအတွင်း ရေးမှူးဦးရဲနိုင်အောင်(ကိုဝ)၊ တွဲ ဖက်အတွင်းရေးမှူး  ဦးကျော် ကျော်ထွေးနှင့် ဦးကျော်ကျော်စိုး တို့က တာဝန်ယူထားသည်။ အီး ယူတာဝန်ရှိသူအချို့သည် ပြည် သူ့ပါတီရုံးချုပ်ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ဖူးသည်။

=======================
251 / End