၃၁ မေ ၂၀၁၉ - ၁၃:၄၀
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အပစ်ရပ်စာချုပ်ချုပ်ဆိုရန် အစိုးရဘက်က အသင့်ဖြစ်နေ

ကချင်လွတ်လပ်ရေးအတပ်မတော် (KIO/ KIA)အပါအ၀င် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၄ဖွဲ့နဲ့ တဖွဲ့ချင်း အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဖို့ အစိုးရဘက်က အသင့်ပြင်ထားပြီးဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး က ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကချင်လွတ်လပ်ရေးအတပ်မတော် (KIO/ KIA)အပါအ၀င် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၄ဖွဲ့နဲ့ တဖွဲ့ချင်း အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဖို့ အစိုးရဘက်က အသင့်ပြင်ထားပြီးဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး က ပြောပါတယ်။

နေပြည်တော် ပြန်ကြားရေးဌာနမှာ  ဒီနေ့လုပ်တဲ့ အစိုးရသက်တမ်း တတိယ တနှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး မြောက်ပိုင်းလေးဖွဲ့နဲ့  တွေ့ဆုံဆွေးနွေးမယ့်နေ ရာရွေးနေတယ်လို့လည်း ပြောပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ မြောက်ပိုင်းလေးဖွဲ့ ဖြစ်တဲ့ MMDAA၊ TNLA၊ KIO၊ AA တို့ တွေ့ဆုံဆွေးနွေးဖို့အတွက် နေရာရွေးချယ်တာကို မူဆယ်မှာ တွေ့ဆုံဖို့ ညှိနှိုင်းနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

နှစ်ဖက်အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ချုပ်ဖို့လည်း အလားအလာ ကောင်းနေပြီး စာချုပ်မူကြမ်းတွေလည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

=======================

251 / End