၉ ဩဂုတ် ၂၀၁၉ - ၁၅:၀၈
ပေါင်မြို့နယ် မုတ္တမဆေးရုံတွင်း ရေဝင်သဖြင့် လူနာများအား ဘေးလွတ်ရာပြောင်းရွှေ့

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ဒီနေ့ မနက်အစော ပိုင်း ၄ နာရီလောက်ကစပြီး မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေတာကြောင့်မုတ္တမတိုက်နယ်ဆေးရုံရှိလူနာ တွေကို ဘေးလွတ်ရာကိုရွှေ့ပြောင်းထားခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ဒီနေ့ မနက်အစောပိုင်း ၄ နာရီလောက်ကစပြီး မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေတာကြောင့် မုတ္တမတိုက်နယ်ဆေးရုံရှိ လူနာတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထားခဲ့ကြပါတယ်။

ပေါင်မြို့နယ် မုတ္တမတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြတဲ့ ကျန်းမာရေးချို့တဲ့လူနာ ၃၁ ဦးကို သြဂုတ် ၉ရက်မနက် ၇ နာရီ ၅၀ အချိန်မှာ ရေအခြေအနေအရ ကယ်ဆယ်ရေးလှေတွေနဲ့ သယ်ထုတ်ပြီး နန်းဦးဘုန်းကြီးကျောင်းကို ယာယီရွှေပြောင်းပေးခဲ့တာဖြစ်ပါတယ်။

လတ်တလောအခြေအနေမှာ သံလွင်တံတား(မုတ္တမ)ဘက်အခြမ်းကနေ ပေါင်မြို့ကို လာရာ အဝေးပြေးကားလမ်းတလျောက် ရေ ၁ ပေကျော်လောက် မြင့်တက်နေတာကြောင့် အဝေးပြေးကားငယ်သွားလာမှုကို ခေတ္တရပ်ဆိုင်းထားတာလည်းဖြစ်ပါတယ်။

=======================

251 / End