အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြထဲက ေနရပ္ျပန္လာႏိုင္ဖို႔ လူ ၅၀၀၀၀ စာရင္းကို ဘဂၤလားေဒ့ရွ္အစိုးရက ျမန္မာအစိုးရထံ ေပးပို႔ထားတယ္လို႔ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာပါတယ္။
ေအာက္တိုဘာ ၁၈ ရက္ ေနျပည္ေတာ္ MICC 2 ခန္းမမွာ ျပဳလုပ္တဲ့ သဘာဝေဘး အႏၲရာယ္ေလ်ာ့ခ်ေရး အခမ္းအနားမွာ သတင္းမီဒီယာေတြနဲ႔ ေတြ႕ဆုံစဥ္ ျပည္ေထာင္စု ဝန္ႀကီးက ေျဖဆိုခဲ့တာပါ။
လက္ရွိအခ်ိန္မွာေတာ့ ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ ေနရပ္ျပန္လိုသူ ၅၀၀၀၀ စာရင္းအေပၚ စိစစ္ေနၿပီး အမွန္တကယ္ေနထိုင္ခဲ့သူေတြ ျဖစ္ပါက ျပန္လည္လက္ခံေရးလုပ္ေဆာင္ သြားမယ္လို႔ ေဒါက္တာ ဝင္းျမတ္ေအးက ေျပာပါတယ္။
ျမန္မာအစိုးရရဲ႕ ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္ကို ထြက္ေျပးဒုကၡသည္ေတြ သတင္းအတိအက် သိရွိႏိုင္ေစဖို႔အတြက္လည္း စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။
ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးဒုကၡသည္ေတြ ျပန္လည္ဝင္ေရာက္လာေစဖို႔ အစိုးရခ်င္း ညႇိဳႏႈိင္းေဆြးေႏြးၿပီး ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ေတြ ေဆာင္႐ြက္ေနေပမယ့္ ဝင္ေရာက္လာသူ မရွိသေလာက္ နည္းပါးေနပါတယ္။
Unicode
ဘင်္ဂလားဒေ့ရှ်ရောက် ထွက်ပြေးဒုက္ခသည် ၅၀၀၀၀ စာရင်းပေးထားဟု လူကယ်ပြန်ဝန်ကြီးပြော
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေထဲက နေရပ်ပြန်လာနိုင်ဖို့ လူ ၅၀၀၀၀ စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရထံ ပေးပို့ထားတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက် နေပြည်တော် MICC 2 ခန်းမမှာ ပြုလုပ်တဲ့ သဘာဝဘေး အန္တရာယ်လျော့ချရေး အခမ်းအနားမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြည် ထောင်စုဝန်ကြီးက ဖြေဆိုခဲ့တာပါ။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအစိုးရအနေနဲ့ နေရပ်ပြန်လိုသူ ၅၀၀၀၀ စာရင်းအပေါ် စိစစ်နေပြီး အမှန်တကယ်နေထိုင်ခဲ့သူတွေ ဖြစ်ပါက ပြန်လည်လက်ခံ ရေးလုပ်ဆောင်သွားမယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
မြန်မာအစိုးရရဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ထွက်ပြေးဒုက္ခသည်တွေ သတင်းအတိအကျ သိရှိနိုင်စေဖို့အတွက်လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးဒုက္ခသည်တွေ ပြန်လည်ဝင်ရောက်လာစေဖို့ အစိုးရချင်း ညှိုနှိုင်းဆွေးနွေးပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေ ပေမယ့် ဝင်ရောက်လာသူ မရှိသလောက် နည်းပါးနေပါတယ်။
====================================
END / 251