
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပည္သူကိုမ်က္ႏွာမူၿပီး ျပည္သူ႔အက်ိဳးၾကည့္တဲ့ ကိုယ္စားလွယ္ေတြကိုသာ ေ႐ြးခ်ယ္သြားမယ္လို႔ အာဏာရပါတီ NLD က ထုတ္ေဖာ္ေျပာ ဆိုလိုက္ပါတယ္။
ၿပီးခဲ့တဲ့ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာ NLD ပါတီအေနနဲ႔ ေျပာင္းလဲခ်ိန္တန္ၿပီ၊ လူကိုမၾကည့္ပဲ ပါတီကိုသာၾကည့္ၿပီး မဲေပးပါစို႔ဆိုတဲ့ ေဆာင္ပုဒ္ နဲ႔ ေ႐ြးေကာက္ပြဲယွဥ္ခဲ့ၿပီး တႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ ေသာင္ၿပိဳ ကမ္းၿပိဳ အႏိုင္ရကာ အစိုးရဖြဲ႕ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ ျပည္သူေတြက ေ႐ြးခ်ယ္တင္ေျမာက္ထားတဲ့ ကိုယ္စားလွယ္တခ်ိဳ႕ဟာ လုပ္ငန္း တာဝန္ေက်ပြန္ေအာင္ မေဆာင္႐ြက္ႏိုင္သလို ျပည္သူအက်ိဳးရွိတဲ့ လုပ္ငန္းေတြ မေဆာင္႐ြက္ႏိုင္ခဲ့ဘူးလို႔ NLD ပါတီက ေျပာပါတယ္။
ဒါ့ေၾကာင့္ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပည္သူကိုမ်က္ႏွာမူၿပီး ျပည္သူက ႀကိဳက္ႏွစ္သက္တဲ့သူကိုသာ ကိုယ္စားလွယ္အျဖစ္ ေ႐ြးခ်ယ္ခြင့္ျပဳသြားမယ္လို႔ ပါတီေျပာေရးဆို ခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။
“ၿမိဳ႕မိၿမိဳ႕ဖ ျပည္သူမ်ားရဲ႕ သေဘာဆႏၵကို ပါဝင္ႏိုင္ေအာင္ က်ေနာ္တို႔ ထည့္သြင္းေ႐ြးခ်ယ္သြားမွာ ျဖစ္ပါတယ္။ လက္ရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနနဲ႔ေတာ့ သူတို႔ လႊတ္ေတာ္မွာ ေဆာင္႐ြက္ခဲ့တဲ့ ေဆာင္႐ြက္ခ်က္ေတြ မွတ္တမ္းေတြ ရွိပါတယ္။ အဲဒါေတြေပၚ မူတယ္မယ္။ ဌာနဆိုင္ရာမ်ား၊ ျပည္သူမ်ား၊ ပါတီဝင္ေဒသခံ အလုပ္အ မႈေဆာင္မ်ားနဲ႔ ဆက္ဆံေရးမွာ ဘယ္ေလာက္အထိ ႀကိဳးစားေဆာင္႐ြက္ခဲ့သလဲဆိုတဲ့ မွတ္တမ္းမ်ိဳး ရွိပါတယ္။ အဲဒီအေပၚမွာ မူတည္ၿပီး က်ေနာ္တို႔ ဆုံးျဖတ္သြားမွာ ျဖစ္ပါတယ္။”
NLD ပါတီအေနနဲ႔ လက္ရွိကိုယ္စားလွယ္ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ျပန္လည္စိစစ္အကဲျဖတ္မႈေတြ လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။ ပါတီအေနနဲ႔ ေ႐ြးေကာက္ ပြဲအတြက္ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ေရး မူဝါဒေတြကို ေရးဆြဲၿပီးျဖစ္ကာ အတည္ျပဳဖို႔ပဲ လိုတယ္လို႔ ေဒါက္တာမ်ိဳးၫြန႔္က ဆိုပါတယ္။
“၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္မႈက ၂၀၁၅ နဲ႔ မတူတဲ့အခ်က္ေတြ ရွိပါတယ္။ တစ္အခ်က္ကေတာ့ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္မႈကို ကပ္ မွ မေ႐ြးခ်ယ္ဘဲနဲ႔ အခ်ိန္လုံလုံေလာက္ေလာက္ ေစာၿပီးမွ ေ႐ြးခ်ယ္ခဲ့ပါတယ္။ အဓိက ေျပာလိုတာက ျပည္သူေတြ ပါဝင္ခြင့္ရွိတဲ့ ေ႐ြးခ်ယ္မႈမ်ိဳးျဖစ္ေအာင္ က်ေနာ္တို႔ စဥ္းစား ထားၿပီး ျဖစ္ပါတယ္။ ဒီအတြက္ ေ႐ြးခ်ယ္ေရးမူဝါဒေတြကို ေရးဆြဲေနပါတယ္။ အတည္ျပဳေနပါတယ္။”
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲနဲ႔ မတူတဲ့ မူဝါဒေတြ ခ်မွတ္ေဆာင္႐ြက္ႏိုင္မွသာ ေ႐ြးေကာက္ ပြဲေအာင္ႏိုင္ေရး ရရွိႏိုင္မယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြကလည္း ေထာက္ျပၾကပါတယ္။
လာမယ့္ ေ႐ြးေကာက္ပြဲမွာ ပါတီအျပင္ လူကိုပါၾကည့္ၿပီး မဲေပးရမယ့္ မူဝါဒနဲ႔ပက္သက္ၿပီး ဝင္ေရာက္ေ႐ြးခ်ယ္မယ့္ ကိုယ္စားလွယ္ေလာင္းေတြကို ေသခ်ာစိစစ္ သင့္တယ္လို႔ ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက ေျပာပါတယ္။
“ေလးစားတန္ဖိုးထားၿပီးေတာ့ အသိအမွတ္ျပဳခံရတဲ့ ပုဂၢိဳလ္မ်ိဳးေတြ ေ႐ြးခ်ယ္ႏိုင္မယ္ဆိုရင္ အဲဒီလို ေ႐ြးခ်ယ္ႏိုင္ဖို႔အတြက္ ပါတီဗဟိုအလုပ္ေဆာင္အမႈေဆာင္အဖြဲ႕ကလည္းပဲ လိုအပ္တဲ့ အေသးစိတ္ မူဝါဒေတြကို၊ လမ္းၫႊန္ခ်က္ေတြ ထုတ္ျပန္ႏိုင္မယ္ဆိုရင္ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအေနနဲ႔ ေသာင္ၿပိဳ ကမ္းၿပိဳ ျပန္အႏိုင္ရဖို႔အတြက္ အလားအလာေကာင္းေတြ ရွိလာလိမ့္မယ္။”
တိုင္းရင္းသားေဒသေတြနဲ႔ ပတ္သက္ၿပီး ပါတီအေနနဲ႔ တိုင္းရင္းသားေတြ သေဘာတူ လက္ခံတဲ့ တိုင္းရင္းသားကိုယ္စားလွယ္ေတြကိုသာ ဦးစားေပး ယွဥ္ၿပိဳင္ေစမယ္လို႔ ေျပာပါ တယ္။
NLD ပါတီက ခန္႔အပ္တာဝန္ေပးထားတဲ့ ကိုယ္စားလွယ္ေလာင္းတခ်ိဳ႕ရဲ႕ ေဆာင္႐ြက္ခ်က္ေတြနဲ႔ပက္သက္ၿပီး လက္ရွိႏိုင္ငံေရး အသိုင္းအဝိုင္းမွာ ေဝဖန္တာေတြရွိေနပါတယ္။
Unicode
ပြည်သူ့အကျိုးကြည့် ကိုယ်စားလှယ်များကိုသာ ရွေးချယ်မည်ဟု NLD ပြော
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူကိုမျက်နှာမူပြီး ပြည်သူ့အကျိုးကြည့်တဲ့ ကိုယ်စားလှယ်တွေကိုသာ ရွေးချယ်သွားမယ်လို့ အာဏာရပါတီ NLD က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ ပြောင်းလဲချိန်တန်ပြီ၊ လူကိုမကြည့်ပဲ ပါတီကိုသာကြည့်ပြီး မဲပေးပါစို့ဆိုတဲ့ ဆောင်ပုဒ် နဲ့ ရွေးကောက် ပွဲယှဉ်ခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သောင်ပြို ကမ်းပြို အနိုင်ရကာ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပြည်သူတွေက ရွေးချယ်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တချို့ဟာ လုပ်ငန်း တာဝန်ကျေပွန်အောင် မဆောင်ရွက်နိုင်သလို ပြည်သူအကျိုးရှိတဲ့ လုပ်ငန်းတွေ မဆောင်ရွက်နိုင်ခဲ့ဘူးလို့ NLD ပါတီက ပြောပါတယ်။
ဒါ့ကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူကိုမျက်နှာမူပြီး ပြည်သူက ကြိုက်နှစ်သက်တဲ့သူကိုသာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခွင့်ပြုသွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
“မြို့မိမြို့ဖ ပြည်သူများရဲ့ သဘောဆန္ဒကို ပါဝင်နိုင်အောင် ကျနော်တို့ ထည့်သွင်းရွေးချယ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့တော့ သူတို့ လွှတ်တော်မှာ ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ မှတ်တမ်းတွေ ရှိပါတယ်။ အဲဒါတွေပေါ် မူတယ်မယ်။ ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ပါတီဝင်ဒေသခံ အလုပ်အမှုဆောင်များနဲ့ ဆက်ဆံရေးမှာ ဘယ်လောက်အထိ ကြိုးစားဆောင်ရွက်ခဲ့သလဲဆိုတဲ့ မှတ်တမ်းမျိုး ရှိပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီး ကျနော်တို့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။”
NLD ပါတီအနေနဲ့ လက်ရှိကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်စိစစ်အကဲဖြတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး မူဝါဒတွေကို ရေးဆွဲပြီးဖြစ်ကာ အတည်ပြုဖို့ပဲ လိုတယ်လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုက ၂၀၁၅ နဲ့ မတူတဲ့အချက်တွေ ရှိပါတယ်။ တစ်အချက်ကတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို ကပ်မှ မရွေးချယ်ဘဲနဲ့ အချိန်လုံလုံလောက်လောက် စောပြီးမှ ရွေးချယ်ခဲ့ပါတယ်။ အဓိက ပြောလိုတာက ပြည်သူတွေ ပါဝင်ခွင့်ရှိတဲ့ ရွေးချယ်မှု မျိုးဖြစ်အောင် ကျနော်တို့ စဉ်းစားထားပြီး ဖြစ်ပါတယ်။ ဒီအတွက် ရွေးချယ်ရေးမူဝါဒတွေကို ရေးဆွဲနေပါတယ်။ အတည်ပြုနေပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ မတူတဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်နိုင်မှသာ ရွေးကောက် ပွဲအောင်နိုင်ရေး ရရှိနိုင်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း ထောက်ပြကြပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ ပါတီအပြင် လူကိုပါကြည့်ပြီး မဲပေးရမယ့် မူဝါဒနဲ့ပက်သက်ပြီး ဝင်ရောက်ရွေးချယ်မယ့် ကိုယ်စားလှယ်လောင်းတွေကို သေချာစိစစ်သင့် တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။
“လေးစားတန်ဖိုးထားပြီးတော့ အသိအမှတ်ပြုခံရတဲ့ ပုဂ္ဂိုလ်မျိုးတွေ ရွေးချယ်နိုင်မယ်ဆိုရင် အဲဒီလို ရွေးချယ်နိုင်ဖို့အတွက် ပါတီဗဟိုအလုပ်ဆောင်အမှုဆောင် အဖွဲ့ ကလည်းပဲ လိုအပ်တဲ့ အသေးစိတ် မူဝါဒတွေကို၊ လမ်းညွှန်ချက်တွေ ထုတ်ပြန်နိုင်မယ်ဆိုရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေနဲ့ သောင်ပြို ကမ်းပြို ပြန်အနိုင်ရဖို့အတွက် အလားအလာကောင်းတွေ ရှိလာလိမ့်မယ်။”
တိုင်းရင်းသားဒေသတွေနဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ တိုင်းရင်းသားတွေ သဘောတူ လက်ခံတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကိုသာ ဦးစားပေး ယှဉ်ပြိုင်စေမယ်လို့ ပြောပါတယ်။
NLD ပါတီက ခန့်အပ်တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်လောင်းတချို့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပက်သက်ပြီး လက်ရှိနိုင်ငံရေး အသိုင်းအဝိုင်းမှာ ဝေဖန်တာတွေ ရှိနေပါတယ်။
====================================
END / 251