
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ)ထံတရားစြဲဆို သည့္အမႈကိစၥအေပၚအစိုးရ၏ သေဘာထားရပ္တည္ခ်က္ကို ေထာက္ခံေၾကာင္း ‘ဝ’လက္နက္ ကိုင္အဖြဲ႕ (UWSA)က ထုတ္ျပန္ သည္။
UWSA ၏ ႏိုဝင္ဘာ ၂၇ရက္ ေန႔စြဲျဖင့္ ထုတ္ျပန္သည့္အဆိုပါ သေဘာထားထုတ္ျပန္ခ်က္ကို UWSA လားရႈိးဆက္ဆံေရး႐ုံး တာဝန္ခံ ဦးညီရန္း၏ Facebook စာမ်က္ႏွာ၌ ယမန္ေန႔ (ႏိုဝင္ ဘာ ၃၀) တြင္ ေဖာ္ျပခဲ့ျခင္းျဖစ္သည္။
အဆိုပါအမႈႏွင့္ပတ္သက္ ၿပီး ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဝန္ ႀကီးအေနျဖင့္ ကိုယ္စားလွယ္ အဖြဲ႕ကို ကိုယ္တိုင္ဦးေဆာင္ၿပီး နယ္သာလန္ႏိုင္ငံ The Hague ၿမိဳ႕သို႔ သြားေရာက္ေခ်ပေျပာဆို တုံ႔ျပန္မႈျဖင့္ ျပည္ေထာင္စု၏ ဂုဏ္သိကၡာကို ကာကြယ္ေစာင့္ ထိန္းမည့္ လုပ္ေဆာင္ခ်က္အား ေလးစားစြာ ဂုဏ္ယူသည္ဟု လည္း UWSA က ထုတ္ျပန္သည္။
ရခိုင္ျပည္နယ္ ပဋိပကၡမ်ား ကို မည္သည့္ဘက္လိုက္မႈမ်ိဳး (သို႔မဟုတ္ ) မသင့္ေလ်ာ္ေသာ ႏိုင္ငံတကာစြက္ဖက္မႈသည္ ရခိုင္ ျပည္နယ္၏ အေျခအေနအား မတည္မၿငိမ္ျဖစ္မႈႏွင့္ ရႈပ္ေထြးမႈ မ်ား ပိုမိုျဖစ္ေစလာႏိုင္ေၾကာင္း၊ UWSA အေနျဖင့္ တရားမွ်တမႈ မရွိေသာမည္သည့္ ေျဖရွင္း ေဆာင္႐ြက္ခ်က္မဆို ကန႔္ကြက္ ေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပ သည္။
ထို႔အျပင္ ႏိုင္ငံတကာအ သိုင္းအဝိုင္းမ်ားအေနျဖင့္ ပဋိ ပကၡမ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္း ကိုင္တြယ္သည့္မူ အပါအဝင္ အ ျပန္အလွန္ေလးစားမႈကို အေျခခံ ၿပီး သက္ဆိုင္ရာ ႏွစ္ဖက္ႏိုင္ငံႏွင့္ ၾကားဝင္ေစ့စပ္ေပးေသာ ႏိုင္ငံတို႔ ေတြ႕ဆုံေဆြးေႏြးညႇိႏႈိင္းမႈမ်ားမွ တစ္ဆင့္ ရခိုင္ျပည္နယ္ျပႆနာ ကို ေျဖရွင္းရန္ ေမွ်ာ္လင့္ေၾကာင္း UWSA ကဆိုသည္။
ျမန္မာႏိုင္ငံအတြင္းရွိ သက္ ဆိုင္သည့္ အဖြဲ႕မ်ားအေနျဖင့္ လည္း ဉာဏ္ရည္ထက္ျမက္စြာ စိတ္ရွည္သေဘာထားႀကီးသည့္ နည္းလမ္းျဖင့္ ပဋိပကၡမ်ားကိုကိုင္ တြယ္ေျဖရွင္းရန္ လိုအပ္ေၾကာင္း ႏွင့္ သက္ဆိုင္ရာမ်ားမွ ၿငိမ္းခ်မ္း ေရးကို အမွန္တကယ္ရယူလို သည့္ ဆႏၵျဖင့္ ပူးေပါင္းႀကိဳးပမ္း သြားပါက လက္ရွိျဖစ္ပြားေနသည့္ ပဋိပကၡမ်ားကို ေျပလည္စြာ ေျဖ ရွင္းႏိုင္မည္ဟု ယုံၾကည္ေၾကာင္း UWSA က ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
UWSA ၏ ႏိုင္ငံေရးမဟာ မိတ္သုံးဖြဲ႕ျဖစ္သည့္ ရခိုင္အဖြဲ႕ (AA)၊ တအာင္းအဖြဲ႕(TNLA)၊ ကိုးကန႔္အဖြဲ႕(MNDAA)တို႔က ICJ တြင္ ဂမ္ဘီယာႏိုင္ငံက ျမန္မာ ႏိုင္ငံကို တရားစြဲျခင္းအေပၚ ေထာက္ခံေၾကာင္း ႏိုဝင္ဘာ ၂၈ ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့သည္။ ထို႔ေၾကာင့္ ICJ ကိစၥတြင္ ေျမာက္ ပိုင္းသုံးဖြဲ႕ႏွင့္ UWSA တို႔ၾကား ရပ္တည္ခ်က္မတူညီေပ။
တပ္မေတာ္က ရခိုင္ျပည္ နယ္ ေျမာက္ပိုင္းတြင္ရွိေသာ ဘဂၤါလီလူမ်ိဳးမ်ားအေပၚ က်ဴး လြန္ခဲ့သည့္ လူမ်ိဳးတုံးသတ္ျဖတ္ မႈႏွင့္ စစ္ရာဇဝတ္မႈလုပ္ရပ္မ်ား ႏွင့္ပတ္သက္ၿပီး အျပည္ျပည္ဆိုင္ ရာတရား႐ုံးက အေရးယူရန္ ႀကိဳး ပမ္းလုပ္ေဆာင္ခ်က္မ်ားအား ေထာက္ခံေၾကာင္း ေျမာက္ပိုင္း သုံးဖြဲ႕က ေဖာ္ျပခဲ့ၿပီး ျပစ္မႈက်ဴး လြန္ေနသူမ်ားကို အျပစ္ေပးအ ေရးယူႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္ ေၾကာင္း ေဖာ္ျပခဲ့သည္။
ေျမာက္ပိုင္းလက္နက္ကိုင္ သုံးဖြဲ႕ ရပ္တည္ခ်က္ႏွင့္ UWSA ရပ္တည္ခ်က္ ကြဲလြဲျခင္းသည္ ေျမာက္ပိုင္းမဟာမိတ္ သုံးဖြဲ႕ သည္ တပ္မေတာ္ႏွင့္ တိုက္ပြဲမ်ား ဆက္တိုက္ ျဖစ္ပြားေနျခင္း ေၾကာင့္ ရႈေထာင့္အျမင္ မထူျခင္း ျဖစ္ေၾကာင္း၊ အဆိုပါ အဖြဲ႕မ်ား၏ နယ္ေျမမ်ားတြင္လည္း ‘ဝ’ေဒသ ကဲ့သို႔ ၿငိမ္းခ်မ္းသည့္ အေနအ ထားဆိုပါက သေဘာထား ေျပာင္းလဲႏိုင္ေၾကာင္း UWSA လားရႈိးဆက္ဆံေရး႐ုံးတာဝန္ခံ ဦးညီရန္းက မွတ္ခ်က္ျပဳသည္။
‘‘အျမင္မတူတာက သီး ျခားအျမင္ေပါ့။ ဒါကေတာ့ ကြၽန္ ေတာ္တို႔ FPNCC ရဲ႕ ျဖစ္တည္မႈနဲ႔ စုဖြဲ႕မႈ ဘာမွေတာ့ မဆိုင္ပါဘူး။ ထိခိုက္မႈ တစ္စုံတစ္ရာမရွိပါဘူး’’ ဟု ဦးညီရန္းက ဆိုသည္။
UWSA ႏွင့္ ေျမာက္ပိုင္းသုံး ဖြဲ႕အပါအဝင္ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕ခုနစ္ဖြဲ႕သည္ ျပည္ ေထာင္စုႏိုင္ငံေရး ေဆြးေႏြးညႇိ ႏႈိင္းေရးေကာ္မတီ(FPNCC)ဟု စုဖြဲ႕ကာ ႏိုင္ငံေရးမဟာမိတ္ ျပဳ လုပ္ထားသည္။
တိုင္းရင္းသားအေရးေလ့ လာသူ ဦးေမာင္ေမာင္စိုးက ‘‘အ ဖြဲ႕အစည္းေတြၾကားမွာေတာ့မတူ ညီတဲ့ အေျခအေနနဲ႔ မတူညီသ လိုေျပာေနတာ။ အဲဒါနဲ႔ ပတ္သက္ ၿပီး ကြဲလြဲမႈေတြ႕ေနရတာ သူတို႔ ဘယ္လိုေျဖရွင္းၾကမလဲ ဆိုတာ ေတာ့ ကြၽန္ေတာ္လည္းမသိဘူး။ သူတို႔အဖြဲ႕အစည္းေတြ အစိုးရနဲ႔ စစ္တပ္နဲ႔ ဆက္ဆံေရးအေျခအ ေနမတူၾကတာ။ ‘ဝ’အဖြဲ႕ဆိုရင္ အစိုးရနဲ႔ေရာ၊ တပ္မေတာ္နဲ႔ေရာ ဘာျပႆနာမွမရွိဘူး။ ေျမာက္ ပိုင္းသုံးဖြဲ႕ဆိုရင္ေတာ့ ေလာေလာ ဆယ္ စစ္ျဖစ္ေနတဲ့အဖြဲ႕ေတြေပါ့။ အဲဒီ အေျခအေနမတူတဲ့ၾကားမွာ သူတို႔ရဲ႕ ေၾကညာခ်က္ေတြ ထြက္ လာတယ္လို႔ ေျပာရမွာပဲ’’ ဟု ေျပာသည္။
ICJ တြင္ ျမန္မာႏိုင္ငံ တရား စြဲခံရျခင္းႏွင့္ပတ္သက္၍ NCA လက္မွတ္ထိုး ကရင္အမ်ိဳးသားအ စည္းအ႐ုံး (KNU)က သေဘာ ထားထုတ္ျပန္ထားရာ အစိုးရအ ေနျဖင့္ ႏိုင္ငံတကာ လူ႔အခြင့္အ ေရးဆိုင္ရာ အေျခခံမူမ်ားႏွင့္စံခ်ိန္ စံၫႊန္းမ်ားကို ေလးစားလိုက္နာ ေဆာင္႐ြက္ရန္ႏွင့္ လက္ရွိရင္ဆိုင္ ေနရသည့္ တရားေရးဆိုင္ရာကိစၥ ရပ္မ်ားအေပၚ ပြင့္ပြင့္လင္းလင္း၊ တာဝန္သိသိရင္ဆိုင္ရန္ တိုက္ တြန္းခဲ့သည္။ ရွမ္းလက္နက္ကိုင္ အဖြဲ႕(RCSS) အတြင္းေရးမႉး ဗိုလ္မႉးႀကီးစိုင္းငင္းကမူ ျပည္ ေထာင္စုပုံရိပ္ကို ထိခိုက္က်ဆင္း ေစမည့္ ျပည္တြင္း၊ ျပည္ပမွ သာသာထိုးထိုး ႀကိဳးပမ္းလုပ္ ေဆာင္ ထိုးႏွက္မႈမ်ားကိုတစ္ဖက္ တစ္လမ္းမွ လိုအပ္သလို တန္ ျပန္သြားႏိုင္ရန္ လိုအပ္သည္ဟု ေျပာၾကားထားသည္။
Unicode
ICJ တွင် တရားစွဲခံရသည့်ကိစ္စ အစိုးရသဘောထားရပ်တည်ချက်ကို ထောက်ခံကြောင်း ‘ဝ’အဖွဲ့ထုတ်ပြန်
ဂမ်ဘီယာနိုင်ငံက မြန် မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ထံ တရားစွဲဆို သည့်အမှုကိစ္စအပေါ် အစိုးရ၏ သဘောထားရပ်တည်ချက်ကို ထောက်ခံကြောင်း ‘ဝ’လက်နက် ကိုင်အဖွဲ့(UWSA)က ထုတ်ပြန် သည်။
UWSA ၏ နိုဝင်ဘာ ၂၇ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် အဆိုပါ သဘောထားထုတ်ပြန်ချက်ကို UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်း၏ Facebook စာမျက်နှာ၌ ယမန်နေ့ (နိုဝင်ဘာ ၃၀) တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုနှင့်ပတ်သက် ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားရေးဝန်ကြီးဌာန ဝန် ကြီးအနေဖြင့် ကိုယ်စားလှယ် အဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ပြီး နယ်သာလန်နိုင်ငံ The Hague မြို့သို့ သွားရောက်ချေပပြောဆို တုံ့ပြန်မှုဖြင့် ပြည်ထောင်စု၏ ဂုဏ်သိက္ခာကို ကာကွယ်စောင့် ထိန်းမည့် လုပ်ဆောင်ချက်အား လေးစားစွာ ဂုဏ်ယူသည်ဟု လည်း UWSA က ထုတ်ပြန်သည်။
ရခိုင်ပြည်နယ် ပဋိပက္ခများ ကို မည်သည့်ဘက်လိုက်မှုမျိုး (သို့မဟုတ် ) မသင့်လျော်သော နိုင်ငံတကာစွက်ဖက်မှုသည် ရခိုင် ပြည်နယ်၏ အခြေအနေအား မတည်မငြိမ်ဖြစ်မှုနှင့် ရှုပ်ထွေးမှု များ ပိုမိုဖြစ်စေလာနိုင်ကြောင်း၊ UWSA အနေဖြင့် တရားမျှတမှု မရှိသောမည်သည့် ဖြေရှင်း ဆောင်ရွက်ချက်မဆို ကန့်ကွက် ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။
ထို့အပြင် နိုင်ငံတကာအ သိုင်းအဝိုင်းများအနေဖြင့် ပဋိ ပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်း ကိုင်တွယ်သည့်မူ အပါအဝင် အ ပြန်အလှန်လေးစားမှုကို အခြေခံ ပြီး သက်ဆိုင်ရာ နှစ်ဖက်နိုင်ငံနှင့် ကြားဝင်စေ့စပ်ပေးသော နိုင်ငံတို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများမှ တစ်ဆင့် ရခိုင်ပြည်နယ်ပြဿနာ ကို ဖြေရှင်းရန် မျှော်လင့်ကြောင်း UWSA ကဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ သက် ဆိုင်သည့် အဖွဲ့များအနေဖြင့် လည်း ဉာဏ်ရည်ထက်မြက်စွာ စိတ်ရှည်သဘောထားကြီးသည့် နည်းလမ်းဖြင့် ပဋိပက္ခများကိုကိုင် တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း နှင့် သက်ဆိုင်ရာများမှ ငြိမ်းချမ်း ရေးကို အမှန်တကယ်ရယူလို သည့် ဆန္ဒဖြင့် ပူးပေါင်းကြိုးပမ်း သွားပါက လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကို ပြေလည်စွာ ဖြေ ရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း UWSA က ထုတ်ပြန်ချက်တွင် ပါရှိသည်။
UWSA ၏ နိုင်ငံရေးမဟာ မိတ်သုံးဖွဲ့ဖြစ်သည့် ရခိုင်အဖွဲ့ (AA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)တို့က ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာ နိုင်ငံကို တရားစွဲခြင်းအပေါ် ထောက်ခံကြောင်း နိုဝင်ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ICJ ကိစ္စတွင် မြောက် ပိုင်းသုံးဖွဲ့နှင့် UWSA တို့ကြား ရပ်တည်ချက်မတူညီပေ။
တပ်မတော်က ရခိုင်ပြည် နယ် မြောက်ပိုင်းတွင်ရှိသော ဘင်္ဂါလီလူမျိုးများအပေါ် ကျူး လွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ် မှုနှင့် စစ်ရာဇဝတ်မှုလုပ်ရပ်များ နှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင် ရာတရားရုံးက အရေးယူရန် ကြိုး ပမ်းလုပ်ဆောင်ချက်များအား ထောက်ခံကြောင်း မြောက်ပိုင်း သုံးဖွဲ့က ဖော်ပြခဲ့ပြီး ပြစ်မှုကျူး လွန်နေသူများကို အပြစ်ပေးအ ရေးယူနိုင်လိမ့်မည်ဟု မျှော်လင့် ကြောင်း ဖော်ပြခဲ့သည်။
မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့ ရပ်တည်ချက်နှင့် UWSA ရပ်တည်ချက် ကွဲလွဲခြင်းသည် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ သည် တပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်း ကြောင့် ရှုထောင့်အမြင် မထူခြင်း ဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့များ၏ နယ်မြေများတွင်လည်း ‘ဝ’ဒေသ ကဲ့သို့ ငြိမ်းချမ်းသည့် အနေအ ထားဆိုပါက သဘောထား ပြောင်းလဲနိုင်ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက မှတ်ချက်ပြုသည်။
‘‘အမြင်မတူတာက သီး ခြားအမြင်ပေါ့။ ဒါကတော့ ကျွန် တော်တို့ FPNCC ရဲ့ ဖြစ်တည်မှုနဲ့ စုဖွဲ့မှု ဘာမှတော့ မဆိုင်ပါဘူး။ ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘူး’’ ဟု ဦးညီရန်းက ဆိုသည်။
UWSA နှင့် မြောက်ပိုင်းသုံး ဖွဲ့အပါအဝင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့သည် ပြည် ထောင်စုနိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေးကော်မတီ(FPNCC)ဟု စုဖွဲ့ကာ နိုင်ငံရေးမဟာမိတ် ပြု လုပ်ထားသည်။
တိုင်းရင်းသားအရေးလေ့ လာသူ ဦးမောင်မောင်စိုးက ‘‘အ ဖွဲ့အစည်းတွေကြားမှာတော့မတူ ညီတဲ့ အခြေအနေနဲ့ မတူညီသ လိုပြောနေတာ။ အဲဒါနဲ့ ပတ်သက် ပြီး ကွဲလွဲမှုတွေ့နေရတာ သူတို့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာ တော့ ကျွန်တော်လည်းမသိဘူး။ သူတို့အဖွဲ့အစည်းတွေ အစိုးရနဲ့ စစ်တပ်နဲ့ ဆက်ဆံရေးအခြေအ နေမတူကြတာ။ ‘ဝ’အဖွဲ့ဆိုရင် အစိုးရနဲ့ရော၊ တပ်မတော်နဲ့ရော ဘာပြဿနာမှမရှိဘူး။ မြောက် ပိုင်းသုံးဖွဲ့ဆိုရင်တော့ လောလော ဆယ် စစ်ဖြစ်နေတဲ့အဖွဲ့တွေပေါ့။ အဲဒီ အခြေအနေမတူတဲ့ကြားမှာ သူတို့ရဲ့ ကြေညာချက်တွေ ထွက် လာတယ်လို့ ပြောရမှာပဲ’’ ဟု ပြောသည်။
ICJ တွင် မြန်မာနိုင်ငံ တရား စွဲခံရခြင်းနှင့်ပတ်သက်၍ NCA လက်မှတ်ထိုး ကရင်အမျိုးသားအ စည်းအရုံး (KNU)က သဘော ထားထုတ်ပြန်ထားရာ အစိုးရအ နေဖြင့် နိုင်ငံတကာ လူ့အခွင့်အ ရေးဆိုင်ရာ အခြေခံမူများနှင့်စံချိန် စံညွှန်းများကို လေးစားလိုက်နာ ဆောင်ရွက်ရန်နှင့် လက်ရှိရင်ဆိုင် နေရသည့် တရားရေးဆိုင်ရာကိစ္စ ရပ်များအပေါ် ပွင့်ပွင့်လင်းလင်း၊ တာဝန်သိသိရင်ဆိုင်ရန် တိုက် တွန်းခဲ့သည်။ ရှမ်းလက်နက်ကိုင် အဖွဲ့(RCSS) အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းငင်းကမူ ပြည် ထောင်စုပုံရိပ်ကို ထိခိုက်ကျဆင်း စေမည့် ပြည်တွင်း၊ ပြည်ပမှ သာသာထိုးထိုး ကြိုးပမ်းလုပ် ဆောင် ထိုးနှက်မှုများကိုတစ်ဖက် တစ်လမ်းမှ လိုအပ်သလို တန် ပြန်သွားနိုင်ရန် လိုအပ်သည်ဟု ပြောကြားထားသည်။
====================================
END / 251