၄ ဒီဇင်ဘာ ၂၀၁၉ - ၁၂:၅၆
ဥေရာပသမဂၢက လႊတ္ေတာ္ကို ယူ႐ို ၃ သန္း ကူညီမည္

အမ်ားျပည္သူဆိုင္ရာ ေငြေၾကးသုံးစြဲမႈမွာ လႊတ္ေတာ္ႀကီးၾကပ္မႈ ပိုမိုအား ေကာင္းလာေစဖို႔ အတြက္ ဥေရာပသမဂၢ (အီးယူ) ယူ႐ို ၃ သန္း (က်ပ္ ၄ ဒသမ ၉ ဘီလီယံ) ကူ ညီသြားမွာျဖစ္ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

အမ်ားျပည္သူဆိုင္ရာ ေငြေၾကးသုံးစြဲမႈမွာ လႊတ္ေတာ္ႀကီးၾကပ္မႈ ပိုမိုအားေကာင္းလာေစဖို႔ အတြက္ ဥေရာပသမဂၢ (အီးယူ) ယူ႐ို ၃ သန္း (က်ပ္ ၄ ဒသမ ၉ ဘီလီယံ) ကူ ညီသြားမွာျဖစ္ပါတယ္။

အခုလို ကူညီမယ့္ အစီစဥ္ျဖစ္တဲ့ SHWEBO စီမံကိန္း မိတ္ဆက္ပြဲအခမ္းအနားကို ဒီဇင္ဘာ ၃ ရက္ေန႔က ေနျပည္ေတာ္ရွိ Park Royal ဟိုတယ္မွာ ျပဳလုပ္ခဲ့ပါတယ္။

ဒီစီမံကိန္းဟာ လာမယ့္ ၄ ႏွစ္အတြင္း ျမန္မာႏိုင္ငံရွိ ဥပေဒျပဳသူေတြက ျပည္သူလူထုဆိုင္ရာ ေငြေၾကးသုံးစြဲမႈအေပၚ ႀကီးၾကပ္မႈ ပိုမိုအားေကာင္းလာေစဖို႔ ယူ႐ို ၃ သန္း သုံးစြဲၿပီး ကူညီ ေဆာင္႐ြက္ ေပးသြားမယ္လို႔ သိရပါတယ္။

“ဒါေၾကာင့္ SHWEBO စီမံကိန္းကတဆင့္ အီးယူအေနနဲ႔ ျမန္မာႏိုင္ငံမွာရွိတဲ့ ျပည္ေထာင္စု အဆင့္၊ ေနာက္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အဆင့္ လႊတ္ေတာ္ေတြမွာရွိတဲ့ ကိုယ္စားလွယ္ေတြ အပါအ ဝင္ ျပည္သူ႔စာရင္းအင္းေကာ္မတီအဖြဲ႕ဝင္ေတြရဲ႕ စြမ္းေဆာင္ရည္ေတြကို ျမႇင့္တင္ေပး ၿပီးေတာ့ ျပည္သူ႔ဘ႑ာေငြခြဲေဝသုံးစြဲတဲ့ေနရာမွာ ဆုံးျဖတ္ခ်က္ခ်တဲ့ေနရာမွာ မွန္ကန္စြာ ဆုံးျဖတ္ခ်က္ခ်ႏိုင္ၿပီး ေတာ့ ျပည္သူ႔ဝန္ေဆာင္မႈေတြကို ထိေရာက္ေအာင္ေပးႏိုင္ဖို႔ ဒီ SHWEBO စီမံကိန္းကေန တဆင့္ကူညီပံ့ပိုးေပးသြားမွာျဖစ္ပါတယ္” လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢ သံအမတ္ႀကီး Kristian Schmidt က ဆိုပါတယ္။

ဒီစီမံကိန္းရဲ႕ အစီအစဥ္ေတြထဲမွာ ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီကေန တာဝန္ယူ ေဆာင္႐ြက္ေနတဲ့ ျပည္ေထာင္စုဘက္ဂ်က္တစ္ခုလုံးရဲ႕ Oversight(ႀကီးၾကပ္ေရး)လုပ္ငန္းေတြကို ပိုမိုထက္ ျမက္ထိေရာက္လာေအာင္ အေတြ႕အႀကဳံေတြ ဖလွယ္တာ၊ ေလ့လာတာ၊ ကိုယ္စားလွယ္ ေတြ၊ ဝန္ထမ္းေတြရဲ႕ စြမ္းေဆာင္ရည္ေတြ ျမႇင့္တင္ေပးတာ စတာေတြပါတယ္လို႔ ျပည္ေထာင္စု လႊတ္ေတာ္၊ ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီ ဒုတိယဥကၠဌ (၁)ျဖစ္သူ ဦးေအာင္မင္းက ေျပာပါ တယ္။

ေကာ္မတီအေနနဲ႔လည္း အစိုးရရဲ႕မူဝါဒေတြဟာ ျပည္သူေတြလိုအပ္တဲ့ ေရာက္သင့္ ေရာက္ထိုက္တဲ့ အျမင့္ဆုံးအေျခအေနကို ေရာက္မေရာက္ ခြဲျခမ္းစိတ္ျဖာဖို႔ ေကာ္မတီရဲ႕ စြမ္းေဆာင္ရည္ကို ျမႇင့္ တင္ဖို႔ ႀကိဳးစားေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

“ဒီလို က်ေနာ္တို႔ရဲ႕ လႊတ္ေတာ္ရဲ႕ စြမ္းေဆာင္ရည္ကို ျမႇင့္တင္ဖို႔ ႀကိဳးစားေနတာဟာ အမွား ရွာဖို႔၊ အျပစ္တင္ ဖို႔ မဟုတ္ပါဘူး။ ဒီလိုလုပ္တာဟာ အစိုးရနဲ႔ လႊတ္ေတာ္နဲ႔ ၾကားမွာ အျပန္အလွန္ ထိန္း ညႇိတဲ့ လုပ္ငန္းစဥ္နဲ႔ ဘတ္ဂ်က္ဆိုင္ရာ ပြင့္လင္းျမင္သာမႈေတြ ပိုၿပီး ဖြံ႕ၿဖိဳးတိုးတက္ေစၿပီးေတာ့ အဲဒီကမွတဆင့္ ျပည္သူေတြအတြက္ အေကာင္းဆုံးအက်ိဳးရလဒ္ေတြကို ေဖာ္ေဆာင္ေပးႏိုင္ဖို႔ ျဖစ္ပါ တယ္” လို႔ ဦးေအာင္မင္းက ေျပာပါတယ္။

ဒီလို Oversight စြမ္းရည္ျမႇင့္တင္ေပးျခင္းအားျဖင့္ လႊတ္ေတာ္နဲ႔ အစိုးရရဲ႕ အျပန္အလွန္ ထိန္းေက်ာင္းတဲ့ လုပ္ငန္းစဥ္ေတြကိုလည္း အေထာက္အကူျပဳမွာျဖစ္သလို ျပည္သူေတြအတြက္ သုံးစြဲတဲ့ ျပည္သူ႔ရင္းႏွီးေငြစီမံခန႔္ခြဲ ေရးအပိုင္းေတြကိုလည္း ျမႇင့္တင္ေပးရာေရာက္မွာျဖစ္တယ္လို႔ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ဆိုပါတယ္။

“တနည္းအားျဖင့္ ဒီမိုကေရစီရဲ႕ အႏွစ္သာရနဲ႔ တာဝန္ယူမႈ တာဝန္ခံမႈေတြ ပိုမိုၿပီး ေဖာ္ေဆာင္ ေပးႏိုင္မယ့္ အစီအစဥ္ေတြျဖစ္ပါတယ္။ အစိုးရရဲ႕ မူဝါဒနဲ႔ ရည္မွန္းခ်က္ေတြ ပိုမိုေအာင္ျမင္ ကူညီ ေပးရာ ေရာက္ပါတယ္။ ႏိုင္ငံေတာ္ကေန က်န္းမာေရး၊ ပညာေရးအသုံးစရိတ္ေတြကို ႏွစ္စဥ္ တိုးျမႇင့္သြားမွာျဖစ္ၿပီး တစ္ဖက္ကလည္း အေျခခံ အေဆာက္အအုံေတြ လုံေလာက္ေအာင္ လိုေငြျပ ေနတဲ့ၾကားထဲကေန ေဆာင္႐ြက္သြားမွာျဖစ္တဲ့အတြက္ ဒီ SHWEBO စီမံကိန္းဟာ ျပည္သူ႔ဘ႑ာေရးစီမံခန႔္ခြဲမႈ စြမ္းရည္ေတြကို ျမႇင့္တင္ႏိုင္မယ့္ စီမံကိန္းျဖစ္ပါတယ္”လို႔ ဦးေမာင္ေမာင္ ဝင္းက ေျပာပါတယ္။

SHWEBO စီမံကိန္းဟာ ဥေရာပသမဂၢရဲ႕ ျမန္မာႏိုင္ငံပညာေရးေထာက္ပံ့ေပးထားတဲ့ ယူ႐ို ၂၂၁ သန္းရဲ႕ အစိတ္အပိုင္းတခုျဖစ္ပါတယ္။

Unicode

ဥရောပသမဂ္ဂက လွှတ်တော်ကို ယူရို ၃ သန်း ကူညီမည်

အများပြည်သူဆိုင်ရာ ငွေကြေးသုံးစွဲမှုမှာ လွှတ်တော်ကြီးကြပ်မှု ပိုမိုအားကောင်းလာစေဖို့ အတွက် ဥရောပသမဂ္ဂ (အီးယူ) ယူရို ၃ သန်း (ကျပ် ၄ ဒသမ ၉ ဘီလီယံ) ကူ ညီသွားမှာ ဖြစ်ပါတယ်။

အခုလို ကူညီမယ့် အစီစဉ်ဖြစ်တဲ့ SHWEBO စီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃ ရက်နေ့က နေပြည်တော်ရှိ Park Royal ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီစီမံကိန်းဟာ လာမယ့် ၄ နှစ်အတွင်း မြန်မာနိုင်ငံရှိ ဥပဒေပြုသူတွေက ပြည်သူလူထုဆိုင်ရာ ငွေကြေးသုံးစွဲမှုအပေါ် ကြီးကြပ်မှု ပိုမိုအားကောင်းလာစေဖို့ ယူရို ၃ သန်း သုံးစွဲပြီး ကူညီ ဆောင် ရွက်ပေးသွားမယ်လို့ သိရပါတယ်။

“ဒါကြောင့် SHWEBO စီမံကိန်းကတဆင့် အီးယူအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်ထောင်စု အဆင့်၊ နောက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် လွှတ်တော်တွေမှာရှိတဲ့ ကိုယ်စားလှယ် တွေ အပါအဝင် ပြည်သူ့စာရင်းအင်းကော်မတီအဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေး ပြီးတော့ ပြည်သူ့ဘဏ္ဍာငွေခွဲဝေသုံးစွဲတဲ့နေရာမှာ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်ပြီးတော့ ပြည်သူ့ဝန်ဆောင်မှုတွေကို ထိရောက်အောင်ပေးနိုင်ဖို့ ဒီ SHWEBO စီမံကိန်းကနေ တဆင့်ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ်ကြီး Kristian Schmidt က ဆိုပါတယ်။

ဒီစီမံကိန်းရဲ့ အစီအစဉ်တွေထဲမှာ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကနေ တာဝန်ယူ ဆောင်ရွက်နေတဲ့ ပြည်ထောင်စုဘက်ဂျက်တစ်ခုလုံးရဲ့ Oversight(ကြီးကြပ်ရေး)လုပ်ငန်းတွေကို ပိုမိုထက်မြက်ထိရောက်လာအောင် အတွေ့အကြုံတွေ ဖလှယ်တာ၊ လေ့လာတာ၊ ကိုယ်စားလှယ် တွေ၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေ မြှင့်တင်ပေးတာ စတာတွေပါတယ်လို့ ပြည် ထောင်စု လွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ (၁)ဖြစ်သူ ဦးအောင်မင်းက ပြောပါ တယ်။

ကော်မတီအနေနဲ့လည်း အစိုးရရဲ့မူဝါဒတွေဟာ ပြည်သူတွေလိုအပ်တဲ့ ရောက်သင့် ရောက်ထိုက်တဲ့ အမြင့်ဆုံးအခြေအနေကို ရောက်မရောက် ခွဲခြမ်းစိတ်ဖြာဖို့ ကော်မတီရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“ဒီလို ကျနော်တို့ရဲ့ လွှတ်တော်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ကြိုးစားနေတာဟာ အမှား ရှာဖို့၊ အပြစ်တင် ဖို့ မဟုတ်ပါဘူး။ ဒီလိုလုပ်တာဟာ အစိုးရနဲ့ လွှတ်တော်နဲ့ ကြားမှာ အပြန်အလှန် ထိန်းညှိတဲ့ လုပ်ငန်းစဉ်နဲ့ ဘတ်ဂျက်ဆိုင်ရာ ပွင့်လင်းမြင်သာမှုတွေ ပိုပြီး ဖွံ့ဖြိုးတိုးတက်စေပြီးတော့ အဲဒီကမှတဆင့် ပြည်သူတွေအတွက် အကောင်းဆုံးအကျိုးရလဒ်တွေကို ဖော်ဆောင်ပေးနိုင်ဖို့ ဖြစ်ပါတယ်” လို့ ဦးအောင်မင်းက ပြောပါတယ်။

ဒီလို Oversight စွမ်းရည်မြှင့်တင်ပေးခြင်းအားဖြင့် လွှတ်တော်နဲ့ အစိုးရရဲ့ အပြန်အလှန် ထိန်းကျောင်းတဲ့ လုပ်ငန်းစဉ်တွေကိုလည်း အထောက်အကူပြုမှာဖြစ်သလို ပြည်သူတွေအတွက် သုံးစွဲတဲ့ ပြည်သူ့ရင်းနှီးငွေစီမံခန့်ခွဲ ရေးအပိုင်းတွေကိုလည်း မြှင့်တင်ပေးရာရောက်မှာဖြစ်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုပါတယ်။

“တနည်းအားဖြင့် ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ပိုမိုပြီး ဖော်ဆောင် ပေးနိုင်မယ့် အစီအစဉ်တွေဖြစ်ပါတယ်။ အစိုးရရဲ့ မူဝါဒနဲ့ ရည်မှန်းချက်တွေ ပိုမိုအောင်မြင် ကူညီပေးရာရောက်ပါတယ်။ နိုင်ငံတော်ကနေ ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်တွေကို နှစ်စဉ် တိုးမြှင့်သွားမှာဖြစ်ပြီး တစ်ဖက်ကလည်း အခြေခံ အဆောက်အအုံတွေ လုံလောက်အောင် လိုငွေပြနေတဲ့ကြားထဲကနေ ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ဒီ SHWEBO စီမံကိန်းဟာ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု စွမ်းရည်တွေကို မြှင့်တင်နိုင်မယ့် စီမံကိန်းဖြစ်ပါတယ်”လို့ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

SHWEBO စီမံကိန်းဟာ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံပညာရေးထောက်ပံ့ပေးထားတဲ့ ယူရို ၂၂၁ သန်းရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။

====================================

END / 251