၁၁ ဒီဇင်ဘာ ၂၀၁၉ - ၁၉:၅၈
ICJ တြင္ ျမန္မာႏိုင္ငံကို တရားစြဲမႈ စတင္ၾကားနာ

- ဂမ္ဘီယာေရွ႕ေနအဖြဲ႕က ကုလသမဂၢအခ်က္အလက္ ရွာ ေဖြေရးအဖြဲ႕ အစီရင္ခံစာႏွင့္ ျမန္မာ့လူ႔အခြင့္အေရးဆိုင္ရာ ကု လအထူးကိုယ္စားလွယ္၏ အေထာက္အထားမ်ားကို အဓိက ကိုးကားတင္ျပ

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


 - ဂမ္ဘီယာေရွ႕ေနအဖြဲ႕က ကုလသမဂၢအခ်က္အလက္ ရွာေဖြေရးအဖြဲ႕ အစီရင္ခံစာႏွင့္ ျမန္မာ့လူ႔အခြင့္အေရးဆိုင္ရာ ကုလအထူးကိုယ္စားလွယ္၏ အေထာက္အထားမ်ားကို အဓိကကိုးကားတင္ျပ

- ေဒၚေအာင္ဆန္းစုၾကည္ ၾကားနာပြဲတက္၊ ျမန္မာႏိုင္ငံ၏ေရွ႕ေနအျဖစ္ ပါေမာကၡ ဝီလ်ံရွာဘတ္စ္ကို ငွားရမ္းထား

- ျမန္မာႏိုင္ငံတြင္ က်န္ရွိေသာ ဘဂၤါလီေျခာက္သိန္းခန႔္သည္ ဂ်ီႏိုဆိုက္အႏၲရာယ္ႀကဳံႏိုင္သျဖင့္ ကာကြယ္တားဆီးရန္ဆိုကာ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ခ်ေပးရန္ ဂမ္ဘီယာ ေရွ႕ေနအဖြဲ႕က ICJ သို႔ေလွ်ာက္ထား

 ျမန္မာႏိုင္ငံအား လူမ်ိဳးတုံး သတ္ျဖတ္မႈ တားျမစ္ေရးဆိုင္ရာ ႏိုင္ငံတကာ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္သည္ဆိုကာ အျပည္ျပည္ဆိုင္ရာ တရား႐ုံး(ICJ)၌ ဂမ္ဘီယာႏိုင္ငံ က တရားစြဲဆိုမႈအေပၚ ယမန္ေန႔က ပထမဆုံးၾကားနာမႈတြင္ ဂမ္ဘီယာကိုယ္စားလွယ္ႏွင့္ ေရွ႕ေနခုနစ္ဦးတို႔က သုံးနာရီေက်ာ္ၾကာ ႏႈတ္ျဖင့္ေလွ်ာက္လဲတင္သြင္းခဲ့ၾကသည္။

အျပည္ျပည္ဆိုင္ရာတရား႐ုံးမွ ျပန္ထြက္လာေသာ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံေနၾကသူမ်ား (ဓာတ္ပုံ −ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး)

အဆိုပါ ၾကားနာမႈသို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ဝန္ႀကီးဦးေက်ာ္တင့္ေဆြ၊ ဝန္ႀကီး ဦးေက်ာ္တင္ႏွင့္ ျမန္မာက ငွားရမ္းထားသည့္ ေရွ႕ေနအဖြဲ႕က ေရွ႕ဆုံးတန္းမွ တက္ေရာက္နားေထာင္ခဲ့သည္။

၁၉၉၁ ဒီဇင္ဘာ ၁၀ ရက္က ၿငိမ္းခ်မ္းေရး ႏိုဗယ္ဆုရရွိခဲ့ေသာ ေဒၚေအာင္ဆန္းစုၾကည္သည္ (၂၈)ႏွစ္တိတိအၾကာတြင္ JCJ ၌ ျမန္မာအေပၚ တရားစြဲဆိုမႈကို ဦးေဆာင္ရင္ ဆိုင္ခဲ့ျခင္းမွာလည္း ထူးျခားေသာ တိုက္ဆိုင္မႈျဖစ္သည္။ ၿငိမ္းခ်မ္းေရး ႏိုဗယ္ဆုရရွိသူမ်ားထဲမွ ႏိုင္ငံတကာ တရား႐ုံးတြင္ ဂ်ီႏိုဆိုက္ စြပ္စြဲခ်က္အတြက္ တရားရင္ဆိုင္ျခင္းမွာ ပထမဆုံး ျဖစ္သည္။

ျမန္မာဘက္မွ ေရွ႕ေနအျဖစ္ သတင္းထြက္ ေပၚခဲ့သည့္အတိုင္း ႏိုင္ငံတကာ ရာဇဝတ္မႈႏွင့္ လူ႔အ ခြင့္အေရး ဥပေဒကြၽမ္းက်င္ ပညာရွင္ ကေနဒါႏိုင္ငံသား ဝီလ်ံရွာဘတ္စ္ႏွင့္ အျခားေရွ႕ေနႏွစ္ဦး ကိုလည္း တရားခြင္၌ ျမင္ေတြ႕ရသည္။

ထို႔အျပင္ ျမန္မာဘက္မွ အဆိုျပဳတရားသူႀကီးသည္ ဂ်ာမနီမွ ဥပေဒပညာရွင္ ပါေမာကၡ ကေလာ့စ္ခရက္စ္ျဖစ္ၿပီး ICJ ၏ အၿမဲတမ္းတရားသူႀကီး ၁၅ ဦးအပါအဝင္ သက္ဆိုင္ရာ ႏွစ္ႏိုင္ငံမွ အဆိုျပဳတရားသူႀကီး ႏွစ္ဦး စုစုေပါင္း တရားသူႀကီး ၁၇ ဦးတို႔က အမႈကို စီရင္ဆုံးျဖတ္မည္ ျဖစ္သည္။

ယမန္ေန႔က ေကာ္ဖီေသာက္ခ်ိန္ ၁၀ မိနစ္ရပ္နားခ်ိန္ကလြဲ၍ ၾကားနာမႈ သုံးနာရီေက်ာ္ၾကာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ ေရွ႕ေနမ်ားႏွင့္ ကိုယ္စားလွယ္အဖြဲ႕က ေတာက္ေလွ်ာက္နားေထာင္ခဲ့ၿပီး ယေန႔(ဒီဇင္ဘာ၁၁ ရက္)တြင္ ျမန္မာႏိုင္ငံက ႏႈတ္ျဖင့္တင္သြင္းမည္ ျဖစ္သည္။

အဖြင့္ေလွ်ာက္လဲခ်က္ေျပာၾကားမည့္ ဂမ္ဘီယာတရားေရးဝန္ႀကီးကို ၾကည့္ေနေသာေဒၚေအာင္ဆန္းစုၾကည္ (ဓာတ္ပုံ −အီးပီေအ)

ဂမ္ဘီယာ ဘာေတြတင္သြင္းခဲ့လဲ

ဂမ္ဘီယာ၏ တရားေရးဝန္ ႀကီးႏွင့္ ေရွ႕ေနခ်ဳပ္ျဖစ္သူ ဘာတမ္ဘာဒူက အမႈႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပခ်က္ အက်ဥ္းႏွင့္ ေတာင္းဆိုမႈအခ်ိဳ႕ကို ေျပာၾကားသည္။

‘‘ဂမ္ဘီယာရဲ႕ ေတာင္းဆိုခ်က္ အားလုံးကေတာ့ တရားသူႀကီးေတြအေနနဲ႔ အဲဒီအဓိပၸာယ္ မဲ့သတ္ျဖတ္မႈေတြ ရပ္တန႔္ဖို႔ ျမန္မာကိုေျပာဖို႔ပါ။ ကြၽန္ေတာ္တို႔ကို တုန္လႈပ္ခဲ့၊ ဆက္လက္တုန္ လႈပ္ေစမယ့္ အဲဒီရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြကို ရပ္တန္းကရပ္ပါ။ ျမန္မာအေနနဲ႔ ကိုယ့္လူ မ်ိဳးကိုယ္လူမ်ိဳးတုံးသတ္ျဖတ္တာ ကို ရပ္တန္းက ရပ္ပါ’’ ဟု ဘာတမ္ဘာဒူက တရားခြင္၌ ေျပာသည္။

ျမန္မာကို တရားစြဲဆိုျခင္း သည္ ဘဂၤါလီ (မူရင္႐ိုဟင္ဂ်ာ)မ်ား၏ အခြင့္အေရးမ်ားကို ကာကြယ္ေန႐ုံသာမက ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းအဖြဲ႕ဝင္ ႏိုင္ငံတစ္ႏိုင္ငံအေနျဖင့္ ကိုယ္ပိုင္ အခြင့္ အေရးမ်ားကို ကာကြယ္ရန္ ႀကိဳးစားေနျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

‘‘ဒါက ကြၽန္ေတာ္တို႔ စုစည္းထားတဲ့ အသိတရားရဲ႕ စြန္းထင္းမႈတစ္ခုပါပဲ။ ဒါကို ကိုယ့္ကိစၥမဟုတ္ဘူးလို႔ ဟန္ေဆာင္ေနတာ၊ ကိုယ္နဲ႔ မဆိုင္ဘူးလို႔ ႐ိုးရွင္းစြာ ရႈျမင္ေနတာက တာဝန္မဲ့ရာ က်ပါလိမ့္ မယ္’’ဟု ဘာတမ္ဘာဒူက ေျပာသည္။

၎၏ တင္သြင္းေျပာၾကားခ်က္အၿပီးတြင္ ယင္းႏိုင္ငံဘက္မွ ေရွ႕ေန ခုနစ္ဦးက ဘဂၤါလီ (မူရင္းတြင္ ႐ိုဟင္ဂ်ာ)အေပၚ က်ဴးလြန္ခဲ့သည့္ အစုလိုက္ အၿပဳံလိုက္သတ္ျဖတ္မႈမ်ား၊ အမ်ိဳးသမီးမ်ားအေပၚ အဓမၼျပဳက်င့္မ်ား၊ ေက်း႐ြာမ်ားကို စနစ္တက် မီးရႈိ႕ဖ်က္ဆီးမႈမ်ား၊ ႐ြာေပါင္းမ်ားစြာ ေ႐ႊ႕ေျပာင္းေစမႈမ်ားကို အေထာက္အထားမ်ားျဖင့္ ျပင္းထန္စြာ စြပ္စြဲတင္သြင္းခဲ့ၾကသည္။

သို႔ေသာ္ အဆိုပါ ေရွ႕ေနခုနစ္ဦး၏ ကိုးကားခ်က္မ်ားသည္ ျမန္မာအစိုးရက အသိအမွတ္ျပဳ မထား သည့္၊ ျငင္းပယ္ထားသည့္ အခ်က္အလက္ရွာေဖြေရး မစ္ရွင္(FFM) ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔ အခြင့္အေရး အေျခအေန တင္သြင္းသူ မစၥစ္ရန္ဟီးလီတို႔၏ အစီရင္ခံစာမ်ားမွ ရယူထားျခင္း ျဖစ္ သည္။

‘‘ဘဂၤါလီ (မူရင္းတြင္ ႐ိုဟင္ဂ်ာ) ေတြဟာ ေမြးဖြားခ်ိန္ကေန ေသဆုံးခ်ိန္အထိ စနစ္တက် ႏွိပ္ကြပ္ခံခဲ့ရပါတယ္။ တခ်ိဳ႕ဆိုရင္ ေမြးဖြားခ်ိန္မတိုင္ခင္ မိခင္ဝမ္းထဲမွာကတည္းက ညႇဥ္းပန္းႏွိပ္စက္မႈ ခံခဲ့ရပါတယ္’’ဟု ဂမ္ဘီယာေရွ႕ေန Payam Akhavan က တရားခြင္၌ ေျပာသည္။

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာလုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ား၏ ဂ်ီႏိုဆိုက္ က်ဴးလြန္မႈမ်ားအတြက္ တာဝန္ယူမႈ၊ တာဝန္ခံမႈ ရွိသင့္ ေၾကာင္းႏွင့္  အျပစ္မဲ့ အမ်ိဳးသမီးမ်ား၊ ကေလးငယ္မ်ားစြာကို ပစ္သတ္ရန္၊ ရာႏွင့္ခ်ီေသာ ေက်း႐ြာမ်ားေ႐ႊ႕ေျပာင္း ေစရန္ႏွင့္ လူေပါင္းသိန္းႏွင့္ ခ်ီထြက္ေျပး တိမ္းေရွာင္ေစရန္ ၫႊန္ၾကားခ်က္မ်ားကို ျမန္မာတပ္မေတာ္က ထုတ္ျပန္ခဲ့ေၾကာင္း အထက္ပါေရွ႕ေနက စြပ္စြဲသည္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းတြင္ ဂ်ီႏိုဆိုက္ကို ရည္႐ြယ္လုပ္ေဆာင္သည့္ အခ်က္ခုနစ္ခ်က္ကို ကုလသမဂၢအဖြဲ႕၏ ထုတ္ျပန္ခ်က္ကို ကိုးကား၍ တပ္မေတာ္၏ျပင္းထန္စြာ တိုက္ ခိုက္မႈ၊ တပ္မေတာ္က စနစ္တက်ဖ်က္ဆီးမႈ၊ တပ္မေတာ္က အႀကီးအက်ယ္ အဓမၼျပဳက်င့္မႈ၊ တပ္မေတာ္၏ ဆဲဆိုမႈ၊ လူမ်ိဳးေရးခြဲျခားမႈ၊ ႏိုင္ငံသားျဖစ္ခြင့္ကို ကန႔္သတ္ထားမႈ၊ အစိုးရကိုယ္တိုင္က အမုန္းစကားမ်ားကို လက္ခံေနမႈ၊ အစိုးရက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈကို စုံစမ္းအေရးယူရန္ ပ်က္ကြက္မႈတို႔ျဖစ္ ေၾကာင္း အထက္ပါေရွ႕ေနက စြပ္ စြဲခဲ့ သည္။

ထို႔အျပင္ အစိုးရက ဖြဲ႕စည္းတည္ေထာင္ထားေသာ UEHRD(ရခိုင္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈ အကူအညီ အေထာက္အပံ့ေပးေရး၊ ျပန္လည္ ေနရာခ်ထားေရး ဖြံ႕ၿဖိဳးေရးစီမံကိန္း)သည္ ဂ်ီႏိုဆိုက္က်ဴးလြန္မႈတြင္ ပါဝင္ၿပီး ရာဇဝတ္မႈျဖစ္ပြားခဲ့သည့္ ေက်း႐ြာမ်ားကို ဖ်က္ဆီးခဲ့ေၾကာင္း ေရွ႕ေန Payam Akhavanက ဆိုသည္။ ယင္းသည္ အေထာက္အ ထား မႂကြင္းက်န္ေစရန္ ဖ်က္ ဆီးမႈျဖစ္ေၾကာင္း ၎က စြပ္စြဲသည္။

ထို႔အျပင္ ဂမ္ဘီယာေရွ႕ေနမ်ားက ရခိုင္ျပည္နယ္ေျမာက္ပိုင္းျဖစ္စဥ္ကို နာဇီဂ်ီႏိုဆိုက္ျဖစ္စဥ္ႏွင့္ နမူနာေပးခဲ့ၿပီး ေဘာ့စနီးယားႏွင့္ ဟာဇီဂိုဗီးနား၊ ဆားဘီးယားႏွင့္ မြန္တီနီ ဂ႐ိုး ျဖစ္စဥ္မ်ားကို ထည့္သြင္းေျပာၾကားခဲ့သည္။ယင္းေနာက္ ဂမ္ဘီယာေရွ႕ ေန Andrew Loewenstein ကျမန္မာတပ္မေတာ္၏ ဂ်ီႏိုဆိုက္က်ဴးလြန္မႈ အေထာက္အ ထားမ်ား ကို ဆက္လက္တင္သြင္းခဲ့ၿပီး တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၏ လူမႈကြန္ရက္စာမ်က္ႏွာႏွင့္  အစိုးရပိုင္ မီဒီယာမ်ားက အမုန္းစကားမ်ားစြာကို ျဖန႔္ေဝခဲ့ေၾကာင္း စြပ္စြဲေျပာၾကားသည္။

 ‘‘ျမန္မာႏိုင္ငံဟာ တပ္မေတာ္ က်ဴးလြန္ခဲ့တာေတြနဲ႔ ပတ္သက္လို႔ ေနာင္တမရဘူး။ အသိအမွတ္ျပဳဖို႔ ပ်က္ကြက္ခဲ့တယ္။ ဒါေတြက ဂ်ီႏိုဆိုက္လုပ္ေဆာင္ဖို႔ ရည္႐ြယ္ခ်က္ ရွိတယ္ဆိုတာ အခ်က္အလက္ ရွာေဖြေရးမစ္ရွင္ကလည္း ေထာက္ျပထားၿပီးျဖစ္ တယ္’’ ဟု  အထက္ပါ ေရွ႕ေနက ဆိုသည္။

ဂမ္ဘီယာေရွ႕ေနမ်ားက အေစာပိုင္းတြင္ Military ဟု သုံးႏႈန္းေသာ္လည္း အခ်ိန္အမ်ားစုတြင္ တပ္မေတာ္ဟု ျမန္မာအသံထြက္အတိုင္း ထြက္ဆိုေျပာၾကားခဲ့ၿပီး တပ္မေတာ္ သည္ ရခိုင္   ျပည္နယ္ရွိ ဘဂၤါလီ (မူရင္းတြင္ ႐ိုဟင္ဂ်ာ)မ်ားအားလုံးကို သတ္ျဖတ္ရန္ ၫႊန္ၾကားခဲ့ျခင္း ျဖစ္ေၾကာင္း စြပ္စြဲသည္။

တပ္မေတာ္က က်ယ္ျပန႔္စြာႏွင့္ အလုံးစုံဖ်က္ဆီးခဲ့သည္ဟုဆိုေသာ ေက်း႐ြာမ်ားအနက္ သုံးခုကို ဂမ္ဘီယာေရွ႕ေနက ေ႐ြးထုတ္ေျပာခဲ့ၿပီး မင္းႀကီး၊ ေမာင္ႏုႏွင့္ခ်က္ျပင္ ေက်း ႐ြာမ်ားတြင္ လူရာေပါင္းမ်ားစြာ အသတ္ခံခဲ့ရကာ ရည္႐ြယ္ခ်က္ရွိရွိ မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း ေရွ႕ေန Andrew Loe−wenstein က စြပ္စြဲသည္။

‘‘ၿဂိဳလ္တုဓာတ္ပုံေတြအရ မင္းႀကီးမွာ  အေဆာက္အအုံ ေပါင္း ၄၄၀ ေက်ာ္ေလာက္ လုံးဝဖ်က္ဆီးခံခဲ့ရပါတယ္။ ဒါေပမဲ့ အနီးက ဗုဒၶဘာသာဝင္ေတြရဲ႕ ေနအိမ္၊ အေဆာက္အ အုံေတြက ပ်က္စီးတာမ်ိဳး မရွိပါဘူး’’ ဟု အထက္ပါေရွ႕ေနက ဆိုသည္။

ျမန္မာအစိုးရသည္  ဂ်ီႏိုဆိုက္လုပ္ေဆာင္ျခင္း မရွိဟု မည္သို႔ပင္ ျငင္းဆိုေစကာမူ ဘဂၤါလီမ်ား၏ ေနရပ္ျပန္လိုသည့္ ဆႏၵကို ျဖည့္ဆည္းေပးျခင္း မရွိျခင္းႏွင့္ လက္ရွိ ျမန္ မာႏိုင္ငံတြင္ က်န္ရစ္သည့္ဘဂၤါလီမ်ားကို လုံၿခဳံမႈမေပးႏိုင္ျခင္းက ဂ်ီႏိုဆိုက္လုပ္ေဆာင္ရန္  ရည္႐ြယ္သည္ကို ျပသေနေၾကာင္း ဂမ္ဘီယာေရွ႕ေန Tafadzwa Paipanodya က စြပ္စြဲသည္။

ရခိုင္ျပည္နယ္တြင္ ထိုသို႔ဂ်ီႏိုဆိုက္က်ဴးလြန္မႈမ်ားျဖစ္ေပၚေနခဲ့ေသာ္လည္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ၎၏ အစိုးရအဖြဲ႕ေခါင္းေဆာင္ရာထူးကို သာမက ၎၏ အက်င့္သိကၡာဩဇာကိုလည္း အသုံးခ်ကာ တားဆီးပိတ္ပင္ခဲ့ျခင္းမရွိေၾကာင္းႏွင့္ ပ်က္ကြက္မ်ား က်ဴးလြန္ခဲ့ေၾကာင္း ဂမ္ဘီယာေရွ႕ေန Phillippe Sands က ေျပာသည္။

ထို႔အျပင္ ေရွ႕ေန ArsalanSuleman က ဂမ္ဘီယာက ျမန္မာကို ICJ သို႔ တရားမစြဲဆိုမီတြင္ အႀကိမ္ႀကိမ္ ကန႔္ကြက္၊ သတိေပးတိုက္တြန္းမႈႏွင့္ စိုးရိမ္ခ်က္မ်ားကို အသိေပး ေျပာၾကားခဲ့ ေသာ္လည္း ျမန္မာအစိုးရ၏ လ်စ္လ်ဴရႈမႈမ်ားႏွင့္ ျငင္းပယ္မႈမ်ားကို တင္သြင္းေျပာၾကားသည္။  ထို႔အတြက္ ဂမ္ဘီယာသည္ ျမန္မာကို ICJ ၌ တရားစြဲဆို ရျခင္းျဖစ္ၿပီး ICJ က စီရင္ပိုင္ခြင့္ရွိေၾကာင္း ေလွ်ာက္လဲသည္။

ရခိုင္ျပည္နယ္တြင္ ဂ်ီႏိုဆိုက္က်ဴးလြန္မႈကို တပ္မေတာ္က ဦးေဆာင္ေသာ္လည္း ျမန္မာအစိုးရကလည္း တစ္သားတည္းရွိေန ေၾကာင္းကို ေဒၚေအာင္ဆန္းစု ၾကည္ႏွင့္ တပ္မေ တာ္ဝန္ႀကီး သုံးဦး၏ ၿပဳံးရယ္ေနေသာ ဓာတ္ပုံက သက္ေသျပေနေၾကာင္း ေရွ႕ေန Paul Reichler က စြပ္စြဲသည္။

မၾကာေသးမီက ကရင္ျပည္နယ္တြင္ ဗီႏိုင္းစိုက္ထူခဲ့ေသာ ICJ ႐ုံးစိုက္ရာ ၿငိမ္းခ်မ္းေရးနန္းေတာ္ အေဆာက္အအုံကို ေနာက္ခံထားကာ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တပ္ မေတာ္က အဆိုျပဳခန႔္ထားသည့္ ဝန္ႀကီးသုံးဦး၏ ၿပဳံးရယ္ေနေသာ ပုံကို တရားခြင္၌ ျပသခဲ့သည္။

ထို႔အျပင္ ‘‘ေျမမ်ိဳ၍ လူမ်ိဳးမျပဳတ္၊ လူမ်ိဳမွ လူမ်ိဳးျပဳတ္မည္’ ’ဟူေသာ လဝက၏ ေဆာင္ပုဒ္ကို လည္း ဂမ္ဘီယာေရွ႕ေနက လူမ်ိဳးခြဲျခား ဆက္ဆံမႈႏွင့္ ဂ်ီႏိုဆိုက္ကို ရည္႐ြယ္ သည္ဟုဆိုကာ စြပ္ စြဲတင္ျပခဲ့သည္။

ယင္းေနာက္ ဂမ္ဘီယာေရွ႕ေနသည္ ၎တို႔ေတာင္းဆိုသည့္ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ (Provisional Measures)ကို ခ်မွတ္ေပးရန္ ICJ သို႔ေလွ်ာက္လဲသည္။ ၾကားျဖတ္စီမံေဆာင္ ႐ြက္ခ်က္လိုအပ္ေနမႈမွာ ျမန္မာႏိုင္ငံတြင္ က်န္ရစ္ခဲ့ေသာ ဘဂၤါလီ(မူရင္း ႐ိုဟင္ဂ်ာ) ေျခာက္သိန္းခန႔္အတြက္ျဖစ္ၿပီး ၎တို႔သည္ ဂ်ီႏိုဆိုက္ အႏၲရာယ္ ႀကဳံေတြ႕ ႏိုင္ဖြယ္ရွိေန၍ ျဖစ္ေၾကာင္း  တရားခြင္၌ ေျပာၾကားသည္။

အဆိုပါ ၾကားျဖတ္စီမံ ေဆာင္႐ြက္ခ်က္ကို ICJ က ခ်မွတ္လိုက္ ပါက ေဆာင္႐ြက္ရန္ေတာင္းဆို ခ်က္ ပါဝင္သည့္အခ်က္ အားလုံးကို ရပ္တန႔္ရန္ႏွင့္ ယင္းသက္ဆိုင္ သည့္ အစီရင္ခံစာကို ေလးလအ တြင္း တင္သြင္းရန္လည္း ဂမ္ဘီ ယာက ေတာင္းဆိုသည္။

ျမန္မာ ဘာေတြ ေလွ်ာက္လဲတင္ သြင္းမလဲ

ယေန႔ (ဒီဇင္ဘာ ၁၁ ရက္)တြင္ ျမန္မာႏိုင္ငံက ညေန ၃နာရီခြဲမွ ၆ နာရီခြဲအထိ သုံးနာရီၾကာICJ သို႔ တင္သြင္းေလွ်ာက္လဲမည္ျဖစ္ၿပီး ယင္းအစီအစဥ္ကို ျမန္မာႏိုင္ငံ ကိုယ္စားလွယ္ ေဒၚေအာင္ဆန္းစုၾကည္က ဦးေဆာင္မည္ျဖစ္သည္။ ျမန္မာႏိုင္ငံ၏ အဖြင့္ေလွ်ာက္ထားခ်က္ကို ေဒၚေအာင္ ဆန္းစုၾကည္က တရားခြင္၌ ေျပာၾကားမည္ျဖစ္ ေသာ္လည္း က်န္အပိုင္းမ်ားကို မည္သူက မည္သို႔ တင္ သြင္းမည္ကို မသိရေသးေပ။

Unicode

ICJ တွင် မြန်မာနိုင်ငံကို တရားစွဲမှု စတင်ကြားနာ

 - ဂမ်ဘီယာရှေ့နေအဖွဲ့က ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့ အစီရင်ခံစာနှင့် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်၏ အထောက်အထားများကို အဓိကကိုးကားတင်ပြ

- ဒေါ်အောင်ဆန်းစုကြည် ကြားနာပွဲတက်၊ မြန်မာနိုင်ငံ၏ရှေ့နေအဖြစ် ပါမောက္ခ ဝီလျံရှာဘတ်စ်ကို ငှားရမ်းထား

- မြန်မာနိုင်ငံတွင် ကျန်ရှိသော ဘင်္ဂါလီခြောက်သိန်းခန့်သည် ဂျီနိုဆိုက်အန္တရာယ်ကြုံနိုင်သဖြင့် ကာကွယ်တားဆီးရန်ဆိုကာ ကြားဖြတ်စီမံဆောင်ရွက်ချက်ချပေးရန် ဂမ်ဘီယာရှေ့နေအဖွဲ့က ICJ သို့လျှောက်ထား

 မြန်မာနိုင်ငံအား လူမျိုးတုံး သတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်သည်ဆိုကာ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၌ ဂမ်ဘီယာ နိုင်ငံက တရားစွဲဆိုမှုအပေါ် ယမန်နေ့က ပထမဆုံးကြားနာမှုတွင် ဂမ်ဘီယာကိုယ်စားလှယ်နှင့် ရှေ့နေခုနစ်ဦးတို့က သုံးနာရီကျော်ကြာ နှုတ်ဖြင့်လျှောက်လဲ တင်သွင်းခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာတရားရုံးမှ ပြန်ထွက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြသူများ (ဓာတ်ပုံ −နိုင်ငံတော်အတိုင်ပင်ခံရုံး)

အဆိုပါ ကြားနာမှုသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီးဦးကျော်တင့်ဆွေ၊ ဝန်ကြီး ဦးကျော်တင်နှင့် မြန်မာက ငှားရမ်းထားသည့် ရှေ့နေအဖွဲ့က ရှေ့ဆုံးတန်းမှ တက်ရောက်နားထောင်ခဲ့သည်။

၁၉၉၁ ဒီဇင်ဘာ ၁၀ ရက်က ငြိမ်းချမ်းရေး နိုဗယ်ဆုရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် (၂၈)နှစ်တိတိအကြာတွင် JCJ ၌ မြန်မာအပေါ် တရားစွဲဆိုမှုကို ဦးဆောင်ရင်ဆိုင်ခဲ့ခြင်းမှာလည်း ထူးခြားသော တိုက်ဆိုင်မှုဖြစ်သည်။ ငြိမ်းချမ်းရေး နိုဗယ်ဆုရရှိသူများထဲမှ နိုင်ငံတကာ တရားရုံးတွင် ဂျီနိုဆိုက် စွပ်စွဲချက်အတွက် တရားရင်ဆိုင်ခြင်းမှာ ပထမဆုံး ဖြစ်သည်။

မြန်မာဘက်မှ ရှေ့နေအဖြစ် သတင်းထွက် ပေါ်ခဲ့သည့်အတိုင်း နိုင်ငံတကာ ရာဇဝတ်မှုနှင့် လူ့အ ခွင့်အရေး ဥပဒေကျွမ်းကျင် ပညာရှင် ကနေဒါနိုင်ငံသား ဝီလျံရှာဘတ်စ်နှင့် အခြားရှေ့နေနှစ်ဦး ကိုလည်း တရားခွင်၌ မြင်တွေ့ရသည်။

ထို့အပြင် မြန်မာဘက်မှ အဆိုပြုတရားသူကြီးသည် ဂျာမနီမှ ဥပဒေပညာရှင် ပါမောက္ခ ကလော့စ်ခရက်စ်ဖြစ်ပြီး ICJ ၏ အမြဲတမ်းတရားသူကြီး ၁၅ ဦးအပါအဝင် သက်ဆိုင်ရာ နှစ်နိုင်ငံမှ အဆိုပြုတရားသူကြီး နှစ်ဦး စုစုပေါင်း တရားသူကြီး ၁၇ ဦးတို့က အမှုကို စီရင်ဆုံးဖြတ်မည် ဖြစ်သည်။

ယမန်နေ့က ကော်ဖီသောက်ချိန် ၁၀ မိနစ်ရပ်နားချိန်ကလွဲ၍ ကြားနာမှု သုံးနာရီကျော်ကြာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရှေ့နေများနှင့် ကိုယ်စားလှယ် အဖွဲ့က တောက်လျှောက်နားထောင်ခဲ့ပြီး ယနေ့(ဒီဇင်ဘာ၁၁ ရက်)တွင် မြန်မာနိုင်ငံက နှုတ်ဖြင့်တင်သွင်းမည် ဖြစ်သည်။

အဖွင့်လျှောက်လဲချက်ပြောကြားမည့် ဂမ်ဘီယာတရားရေးဝန်ကြီးကို ကြည့်နေသောဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ −အီးပီအေ)

ဂမ်ဘီယာ ဘာတွေတင်သွင်းခဲ့လဲ

ဂမ်ဘီယာ၏ တရားရေးဝန် ကြီးနှင့် ရှေ့နေချုပ်ဖြစ်သူ ဘာတမ်ဘာဒူက အမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက် အကျဉ်းနှင့် တောင်းဆိုမှုအချို့ကို ပြောကြား သည်။

‘‘ဂမ်ဘီယာရဲ့ တောင်းဆိုချက် အားလုံးကတော့ တရားသူကြီးတွေအနေနဲ့ အဲဒီအဓိပ္ပာယ် မဲ့သတ်ဖြတ်မှုတွေ ရပ်တန့်ဖို့ မြန်မာကိုပြောဖို့ပါ။ ကျွန်တော်တို့ကို တုန်လှုပ်ခဲ့၊ ဆက်လက်တုန် လှုပ်စေမယ့် အဲဒီရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ပါ။ မြန်မာအနေနဲ့ ကိုယ့်လူ မျိုးကိုယ်လူမျိုးတုံးသတ်ဖြတ်တာ ကို ရပ်တန်းက ရပ်ပါ’’ ဟု ဘာတမ်ဘာဒူက တရားခွင်၌ ပြောသည်။

မြန်မာကို တရားစွဲဆိုခြင်း သည် ဘင်္ဂါလီ (မူရင်ရိုဟင်ဂျာ)များ၏ အခွင့်အရေးများကို ကာကွယ်နေရုံသာမက ဂျီနိုဆိုက် ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ကိုယ်ပိုင်အခွင့် အရေးများကို ကာကွယ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ဒါက ကျွန်တော်တို့ စုစည်းထားတဲ့ အသိတရားရဲ့ စွန်းထင်းမှုတစ်ခုပါပဲ။ ဒါကို ကိုယ့်ကိစ္စမဟုတ်ဘူးလို့ ဟန်ဆောင်နေတာ၊ ကိုယ်နဲ့ မဆိုင်ဘူးလို့ ရိုးရှင်းစွာ ရှုမြင် နေတာက တာဝန်မဲ့ရာ ကျပါလိမ့် မယ်’’ဟု ဘာတမ်ဘာဒူက ပြောသည်။

၎င်း၏ တင်သွင်းပြောကြားချက်အပြီးတွင် ယင်းနိုင်ငံဘက်မှ ရှေ့နေ ခုနစ်ဦးက ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ)အပေါ် ကျူးလွန်ခဲ့သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်များ၊ ကျေးရွာများကို စနစ်တကျ မီးရှို့ဖျက်ဆီးမှုများ၊ ရွာပေါင်းများစွာ ရွှေ့ပြောင်းစေမှုများကို အထောက်အထားများဖြင့် ပြင်းထန်စွာ စွပ်စွဲတင်သွင်းခဲ့ကြသည်။

သို့သော် အဆိုပါ ရှေ့နေခုနစ်ဦး၏ ကိုးကားချက်များသည် မြန်မာအစိုးရက အသိအမှတ်ပြု မထား သည့်၊ ငြင်းပယ်ထားသည့် အချက်အလက်ရှာဖွေရေး မစ်ရှင် (FFM) နှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး အခြေအနေ တင်သွင်းသူ မစ္စစ်ရန်ဟီးလီတို့၏ အစီရင်ခံစာများမှ ရယူထားခြင်း ဖြစ် သည်။

‘‘ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ) တွေဟာ မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ စနစ်တကျ နှိပ်ကွပ်ခံခဲ့ရပါတယ်။ တချို့ဆိုရင် မွေးဖွားချိန်မတိုင်ခင် မိခင်ဝမ်း ထဲမှာကတည်းက ညှဉ်းပန်းနှိပ်စက်မှု ခံခဲ့ရပါတယ်’’ဟု ဂမ်ဘီယာရှေ့နေ Payam Akhavan က တရားခွင်၌ ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဂျီနိုဆိုက် ကျူးလွန်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်ကြောင်းနှင့်  အပြစ်မဲ့ အမျိုးသမီးများ၊ ကလေးငယ်များစွာကို ပစ်သတ်ရန်၊ ရာနှင့်ချီသော ကျေးရွာများရွှေ့ပြောင်း စေရန်နှင့် လူပေါင်းသိန်းနှင့် ချီထွက်ပြေး တိမ်းရှောင်စေရန် ညွှန်ကြားချက်များကို မြန်မာတပ်မတော်က ထုတ်ပြန်ခဲ့ကြောင်း အထက်ပါရှေ့နေက စွပ်စွဲသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဂျီနိုဆိုက်ကို ရည်ရွယ်လုပ်ဆောင်သည့် အချက်ခုနစ်ချက်ကို ကုလသမဂ္ဂအဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ တပ်မတော်၏ပြင်းထန်စွာ တိုက်ခိုက်မှု၊ တပ်မတော်က စနစ်တကျဖျက်ဆီးမှု၊ တပ်မတော်က အကြီးအကျယ် အဓမ္မပြုကျင့်မှု၊ တပ်မတော်၏ ဆဲဆိုမှု၊ လူမျိုးရေးခွဲခြားမှု၊ နိုင်ငံသားဖြစ်ခွင့်ကို ကန့်သတ်ထားမှု၊ အစိုးရကိုယ်တိုင်က အမုန်းစကားများကို လက်ခံနေမှု၊ အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုကို စုံစမ်းအရေးယူရန် ပျက်ကွက်မှုတို့ဖြစ် ကြောင်း အထက်ပါရှေ့နေက စွပ် စွဲခဲ့သည်။

ထို့အပြင် အစိုးရက ဖွဲ့စည်းတည်ထောင်ထားသော UEHRD(ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း)သည် ဂျီနိုဆိုက်ကျူးလွန်မှုတွင် ပါဝင်ပြီး ရာဇဝတ်မှုဖြစ်ပွားခဲ့သည့် ကျေးရွာများကို ဖျက်ဆီးခဲ့ကြောင်း ရှေ့နေ Payam Akhavanက ဆိုသည်။ ယင်းသည် အထောက်အ ထား မကြွင်းကျန်စေရန် ဖျက် ဆီးမှုဖြစ်ကြောင်း ၎င်းက စွပ်စွဲသည်။

ထို့အပြင် ဂမ်ဘီယာရှေ့နေများက ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်ကို နာဇီဂျီနိုဆိုက်ဖြစ်စဉ်နှင့် နမူနာပေးခဲ့ပြီး ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ဆားဘီးယားနှင့် မွန်တီနီဂရိုးဖြစ်စဉ်များကို ထည့်သွင်းပြောကြားခဲ့သည်။ယင်းနောက် ဂမ်ဘီယာရှေ့ နေ Andrew Loewenstein ကမြန်မာတပ်မတော်၏ ဂျီနိုဆိုက်ကျူးလွန်မှု အထောက်အထားများ ကို ဆက်လက်တင်သွင်းခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လူမှုကွန်ရက်စာမျက်နှာနှင့်  အစိုးရပိုင် မီဒီယာများက အမုန်းစကား များစွာကို ဖြန့်ဝေခဲ့ကြောင်း စွပ်စွဲပြောကြားသည်။

 ‘‘မြန်မာနိုင်ငံဟာ တပ်မတော် ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်လို့ နောင်တမရဘူး။ အသိအမှတ်ပြုဖို့ ပျက်ကွက်ခဲ့တယ်။ ဒါတွေက ဂျီနိုဆိုက်လုပ်ဆောင်ဖို့ ရည်ရွယ် ချက်ရှိတယ်ဆိုတာ အချက်အလက် ရှာဖွေရေးမစ်ရှင်ကလည်း ထောက်ပြထားပြီးဖြစ် တယ်’’ ဟု  အထက်ပါ ရှေ့နေက ဆိုသည်။

ဂမ်ဘီယာရှေ့နေများက အစောပိုင်းတွင် Military ဟု သုံးနှုန်းသော်လည်း အချိန်အများစုတွင် တပ်မတော်ဟု မြန်မာအသံထွက်အတိုင်း ထွက်ဆိုပြောကြားခဲ့ပြီး တပ်မ တော်သည် ရခိုင်   ပြည်နယ်ရှိ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ)များအားလုံးကို သတ်ဖြတ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲသည်။

တပ်မတော်က ကျယ်ပြန့်စွာနှင့် အလုံးစုံဖျက်ဆီးခဲ့သည်ဟုဆိုသော ကျေးရွာများအနက် သုံးခုကို ဂမ်ဘီယာရှေ့နေက ရွေးထုတ်ပြောခဲ့ပြီး မင်းကြီး၊ မောင်နုနှင့်ချက်ပြင် ကျေးရွာများတွင် လူရာပေါင်းများစွာ အသတ်ခံခဲ့ရကာ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှေ့နေ Andrew Loe−wenstein က စွပ်စွဲသည်။

‘‘ဂြိုလ်တုဓာတ်ပုံတွေအရ မင်းကြီးမှာ  အဆောက်အအုံ ပေါင်း ၄၄၀ ကျော်လောက် လုံးဝဖျက်ဆီးခံခဲ့ရပါတယ်။ ဒါပေမဲ့ အနီးက ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်၊ အဆောက်အအုံတွေက ပျက်စီးတာမျိုး မရှိပါဘူး’’ ဟု အထက်ပါရှေ့နေက ဆိုသည်။

မြန်မာအစိုးရသည်  ဂျီနိုဆိုက်လုပ်ဆောင်ခြင်း မရှိဟု မည်သို့ပင် ငြင်းဆိုစေကာမူ ဘင်္ဂါလီများ၏ နေရပ်ပြန်လိုသည့် ဆန္ဒကို ဖြည့်ဆည်းပေးခြင်း မရှိခြင်းနှင့် လက် ရှိ မြန်မာနိုင်ငံတွင် ကျန်ရစ်သည့်ဘင်္ဂါလီများကို လုံခြုံမှုမပေးနိုင်ခြင်းက ဂျီနိုဆိုက်လုပ်ဆောင်ရန်  ရည်ရွယ်သည်ကို ပြသနေကြောင်း ဂမ်ဘီယာရှေ့နေ Tafadzwa Paipanodya က စွပ်စွဲသည်။

ရခိုင်ပြည်နယ်တွင် ထိုသို့ဂျီနိုဆိုက်ကျူးလွန်မှုများဖြစ်ပေါ်နေခဲ့သော်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ အစိုးရအဖွဲ့ခေါင်းဆောင် ရာထူးကိုသာမက ၎င်း၏ အကျင့်သိက္ခာဩဇာကိုလည်း အသုံးချကာ တားဆီးပိတ်ပင်ခဲ့ခြင်းမရှိကြောင်းနှင့် ပျက်ကွက်များ ကျူးလွန်ခဲ့ကြောင်း ဂမ်ဘီယာရှေ့နေ Phillippe Sands က ပြောသည်။

ထို့အပြင် ရှေ့နေ ArsalanSuleman က ဂမ်ဘီယာက မြန်မာကို ICJ သို့ တရားမစွဲဆိုမီတွင် အကြိမ်ကြိမ် ကန့်ကွက်၊ သတိပေးတိုက်တွန်းမှုနှင့် စိုးရိမ်ချက်များကို အသိပေး ပြောကြားခဲ့ သော်လည်း မြန်မာအစိုးရ၏ လျစ်လျူရှုမှုများနှင့် ငြင်းပယ်မှုများကို တင်သွင်းပြောကြားသည်။  ထို့အတွက် ဂမ်ဘီယာသည် မြန်မာကို ICJ ၌ တရားစွဲဆိုရခြင်းဖြစ်ပြီး ICJ က စီရင်ပိုင်ခွင့်ရှိကြောင်း လျှောက်လဲသည်။

ရခိုင်ပြည်နယ်တွင် ဂျီနိုဆိုက်ကျူးလွန်မှုကို တပ်မတော်က ဦးဆောင်သော်လည်း မြန်မာအစိုးရကလည်း တစ်သားတည်းရှိနေ ကြောင်းကို ဒေါ်အောင်ဆန်းစု ကြည်နှင့် တပ်မတော်ဝန်ကြီး သုံးဦး၏ ပြုံးရယ်နေသော ဓာတ်ပုံက သက်သေပြနေကြောင်း ရှေ့နေ Paul Reichler က စွပ်စွဲသည်။

မကြာသေးမီက ကရင်ပြည်နယ်တွင် ဗီနိုင်းစိုက်ထူခဲ့သော ICJ ရုံးစိုက်ရာ ငြိမ်းချမ်းရေးနန်းတော် အဆောက်အအုံကို နောက်ခံထားကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်က အဆိုပြုခန့်ထားသည့် ဝန်ကြီးသုံးဦး၏ ပြုံးရယ်နေသော ပုံကို တရားခွင်၌ ပြသခဲ့သည်။

ထို့အပြင် ‘‘မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်’ ’ဟူသော လဝက၏ ဆောင်ပုဒ်ကို လည်း ဂမ်ဘီယာရှေ့နေက လူမျိုးခွဲခြား ဆက်ဆံမှုနှင့် ဂျီနိုဆိုက်ကို ရည်ရွယ်သည်ဟုဆိုကာ စွပ် စွဲတင်ပြခဲ့သည်။

ယင်းနောက် ဂမ်ဘီယာရှေ့နေသည် ၎င်းတို့တောင်းဆိုသည့် ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures)ကို ချမှတ်ပေးရန် ICJ သို့လျှောက် လဲသည်။ ကြားဖြတ်စီမံဆောင် ရွက်ချက်လိုအပ်နေမှုမှာ မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သော ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာ) ခြောက်သိန်းခန့်အတွက်ဖြစ်ပြီး ၎င်းတို့သည် ဂျီနိုဆိုက် အန္တရာယ်ကြုံတွေ့ နိုင်ဖွယ်ရှိနေ၍ ဖြစ်ကြောင်း  တရားခွင်၌ ပြောကြားသည်။

အဆိုပါ ကြားဖြတ်စီမံ ဆောင်ရွက်ချက်ကို ICJ က ချမှတ်လိုက် ပါက ဆောင်ရွက်ရန်တောင်းဆို ချက် ပါဝင်သည့်အချက် အားလုံးကို ရပ်တန့်ရန်နှင့် ယင်းသက်ဆိုင် သည့် အစီရင်ခံစာကို လေးလအ တွင်း တင်သွင်းရန်လည်း ဂမ်ဘီ ယာက တောင်းဆိုသည်။

မြန်မာ ဘာတွေ လျှောက်လဲတင် သွင်းမလဲ

ယနေ့ (ဒီဇင်ဘာ ၁၁ ရက်)တွင် မြန်မာနိုင်ငံက ညနေ ၃နာရီခွဲမှ ၆ နာရီခွဲအထိ သုံးနာရီကြာICJ သို့ တင်သွင်းလျှောက်လဲမည်ဖြစ်ပြီး ယင်းအစီအစဉ်ကို မြန်မာနိုင်ငံ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဖွင့်လျှောက်ထားချက်ကို ဒေါ်အောင် ဆန်းစုကြည်က တရားခွင်၌ ပြောကြားမည်ဖြစ်သော်လည်း ကျန်အပိုင်းများကို မည်သူက မည်သို့ တင် သွင်းမည်ကို မသိရသေးပေ။

====================================

END / 251