၁၁ ဒီဇင်ဘာ ၂၀၁၉ - ၂၀:၂၄
လူမ်ိဳးတုံးသတ္ျဖတ္ျခင္းမရွိဟု ICJ တရား႐ုံး၌ ေဒၚေအာင္ဆန္းစုၾကည္ ေလွ်ာက္လဲ

အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ)မွာ ျမန္မာႏိုင္ငံအေပၚ ဂမ္ဘီယာႏိုင္ငံကတရား စြဲထားတဲ့ အမႈအတြက္ ျမန္မာႏိုင္ငံ ျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ဒီဇင္ဘာ ၁၁ ရက္ေန႔ ဒီကေန႔ သည္ဟိတ္ဂ္ၿမိဳ႕ တရား႐ုံးမွာ ပထမအႀကိမ္ ႏႈတ္ျဖင့္ေလွ်ာက္လဲခ်က္ ေပးသြားပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ)မွာ  ျမန္မာႏိုင္ငံအေပၚ ဂမ္ဘီယာႏိုင္ငံကတရား စြဲထားတဲ့ အမႈအတြက္ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ဒီဇင္ဘာ ၁၁ ရက္ေန႔ ဒီကေန႔  သည္ဟိတ္ဂ္ၿမိဳ႕ တရား႐ုံးမွာ ပထမအႀကိမ္ ႏႈတ္ျဖင့္ေလွ်ာက္လဲခ်က္ ေပးသြားပါတယ္။

ရခိုင္ျပည္နယ္မွာ ျဖစ္ပြားတဲ့ကိစၥေတြကို ဂ်ဴးလူမ်ိဳး ၆ သန္းေက်ာ္ အသတ္ခံရတဲ့ ကိစၥ၊  ေဘာ့စနီးယားျဖစ္စဥ္ေတြနဲ႔ လြဲမွားစြာေဖာ္ျပေနၾကတဲ့အေၾကာင္း၊ ရခိုင္အေနအထားဟာ ရႈပ္ေထြးၿပီး ေသခ်ာတာကေတာ့ အျပစ္မဲ့တဲ့သူေတြ ခံစားၾကရတဲ့အေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က  ေျပာသြားပါတယ္။  

မေန႔က ဂမ္ဘီယာႏိုင္ငံရဲ႕ ေလွ်ာက္လဲခ်က္ေတြထဲမွာ လတ္တေလာ ရခိုင္ျပည္နယ္မွာ ေအေအနဲ႔ ျမန္မာတပ္မေတာ္တိုက္ပြဲေတြျဖစ္ပြားေနၿပီး အရပ္သားေတြ ေသေက်ေနရတဲ့ ကိစၥကိုေတာ့ ထည့္သြင္းေျပာဆိုသြားျခင္းမရွိဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က  ေျပာပါတယ္။  

ရခိုင္ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္ေတြဟာ အာဆာ အင္အား ၄၀၀ ေလာက္က နယ္ျခားေစာင့္  ရဲစခန္းေတြကို တၿပိဳင္တည္းတိုက္ခိုက္ခဲ့ရာက စတင္ခဲ့တာျဖစ္ၿပီး အာဆာ ေတြက သံသယရွိတဲ့ အရပ္သားေတြကို သတ္ျဖတ္ခဲ့ေၾကာင္း၊ အာဆာေတြကို လုံၿခဳံေရးတပ္ဖြဲ႕ေတြက ေနရာ ၁၂ ေနရာမွာ ရွင္းလင္းခဲ့ရေၾကာင္း၊ အာဆာေတြ ဝိုင္းရံထားလို႔ ရဟတ္ယာဥ္ေတြ သုံးခဲ့ရတာေတြရွိၿပီး တိုက္ခိုက္ေရးသမားမဟုတ္တဲ့သူေတြ အရပ္သားေတြ ေသေကာင္းေသႏိုင္ေၾကာင္း၊ အာဆာနဲ႔ အရပ္သားေတြၾကား ခြဲျခားလို႔မရခဲ့တာ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ဒါကလည္း ရာဇဝတ္မႈအေနအထားမ်ိဳး ျဖစ္ခဲ့ၿပီး၊ ရႈပ္ေထြးခဲ့တယ္၊ ဒီလိုအေနအထားေၾကာင့္ လူမ်ိဳးတုံးသတ္ျဖတ္မႈလို႔ ေကာက္ခ်က္ခ်လို႔ မရေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ က ေျပာပါတယ္။

ဂူတာျပင္ကိစၥမွာလည္း စစ္ခုံး႐ုံးနဲ႔ အေရးယူမွာျဖစ္သလို ႏိုင္ငံတကာက ကုလအမႈထမ္းေဟာင္းေတြနဲ႔ ဖြဲ႕ထားတဲ့ တျခားလြတ္လပ္တဲ့ စုံစမ္းေရးေကာ္မရွင္ရဲ႕ ေတြ႕ရွိခ်က္ ေတြအရ အေရးယူသြားဖို႔ရွိၿပီး  ေကာ္မရွင္က မ်က္ျမင္သက္ေသ ၁၅၀၀ ေက်ာ္ကို ေတြ႕ဆုံေမးျမန္းခဲ့တယ္လို႔ ဆိုပါတယ္။

အင္းဒင္ျဖစ္စဥ္မွာ တရားမွ်တမႈရရွိဖို႔အတြက္ အရာရွိ ၄ ေယာက္၊ စစ္သား ၃ ေယာက္ကို အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခဲ့တယ္။ ေနာက္ပိုင္း စစ္ဘက္က ျပန္ လႊတ္ေပးခဲ့တဲ့ အေပၚမွာလည္း ျမန္မာျပည္သူျပည္သူေတာ္ေတာ္မ်ားမ်ား မႏွစ္သက္ခဲ့ၾကဘူးလို႔ ေျပာပါတယ္။

ျမန္မာအေနနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈကို သည္းခံဖို႔မရွိတဲ့အေၾကာင္းနဲ႔  ျမန္မာလုံၿခဳံေရး တပ္ဖြဲ႕ေတြအေနနဲ႔ စစ္ရာဇဝတ္မႈက်ဴးလြန္ပါက စစ္ဥပေဒအရ အေရးယူခံရမယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံဟာ ျပည္တြင္း လက္နက္ကိုင္ျပႆနာနဲ႔ ႏွစ္ေပါင္းမ်ားစြာ ရင္ဆိုင္ေနရၿပီး လက္ရွိမွာလည္း ရကၡိဳင္တပ္မေတာ္ေအေအနဲ႔ တိုက္ပြဲေတြ ျဖစ္ပြားေနတယ္၊ အခုဆိုရင္ ပလက္ဝ ဘက္မွာ  လက္နက္ကိုင္ အင္အား ၄၀၀ ေလာက္နဲ႔ရင္ဆိုင္ေနရတယ္လို႔ ေျပာသြားပါတယ္။

ဒါ့အျပင္ လက္နက္ကိုင္ပဋိပကၡျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္မွာ ၿငိမ္းခ်မ္းေရးရရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ေနၿပီး မယုံၾကည္မႈေတြ၊ သံသယျဖစ္မႈေတြ လူ႔အသိုင္းအဝိုင္းမွာျဖစ္ ေနတယ္လို႔ ဆိုပါတယ္။

ဒီဇင္ဘာ ၁၀ ရက္ေန႔ကေတာ့ တရားလို ဂမ္ဘီယာႏိုင္ငံက တရားေရးဝန္ႀကီး အဘူဘာကာ ဦးေဆာင္တဲ့အဖြဲ႕က ပထမအႀကိမ္   ႏႈတ္နဲ႔ေလွ်ာက္လဲခ်က္ေပးသြားခဲ့ရာမွာ တပ္ မေတာ္ရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈ ေျမာက္တယ္လို႔ စြပ္စြဲ ေျပာသြားပါတယ္။

 မနက္ျဖန္မွာေတာ့  ျမန္မာနဲ႔ ဂမ္ဘီယာ ႏွစ္ႏိုင္ငံ ေရွ႕ေနေတြ အျပန္အလွန္ ေလွ်ာက္လဲၾကမွာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ကို ေထာက္ခံအားေပးတဲ့အေနနဲ႔   ျမန္မာျပည္တြင္းနဲ႔ ျပည္ပႏိုင္ငံေတြက လာေရာက္ၾကတဲ့ ျမန္မာႏိုင္ငံသားေတြက  သည္ဟိတ္ဂ္ၿမိဳ႕ရွိ အိုင္စီ ေဂ် တရား႐ုံး အျပင္ဘက္မွာ လာေရာက္ စု႐ုံးခဲ့ၾကပါတယ္။  

Unicode

လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိဟု ICJ တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ  မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကတရား စွဲထားတဲ့ အမှုအတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီဇင် ဘာ ၁၁ ရက်နေ့ ဒီကနေ့  သည်ဟိတ်ဂ်မြို့ တရားရုံးမှာ ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲချက် ပေးသွားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ကိစ္စတွေကို ဂျူးလူမျိုး ၆ သန်းကျော် အသတ်ခံရတဲ့ ကိစ္စ၊  ဘော့စနီးယားဖြစ်စဉ်တွေနဲ့ လွဲမှားစွာဖော်ပြနေကြတဲ့အကြောင်း၊ ရခိုင်အ နေအထားဟာ ရှုပ်ထွေးပြီး သေချာတာကတော့ အပြစ်မဲ့တဲ့သူတွေ ခံစားကြရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က  ပြောသွားပါတယ်။  

မနေ့က ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်လဲချက်တွေထဲမှာ လတ်တလော ရခိုင်ပြည်နယ်မှာ အေအေနဲ့ မြန်မာတပ်မတော်တိုက်ပွဲတွေဖြစ်ပွားနေပြီး အရပ်သားတွေ သေ ကျေနေရတဲ့ ကိစ္စကိုတော့ ထည့်သွင်းပြောဆိုသွားခြင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က  ပြောပါတယ်။  

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ အာဆာ အင်အား ၄၀၀ လောက်က နယ်ခြားစောင့်  ရဲစခန်းတွေကို တပြိုင်တည်းတိုက်ခိုက်ခဲ့ရာက စတင်ခဲ့တာဖြစ်ပြီး အာ ဆာတွေက သံသယရှိတဲ့ အရပ်သားတွေကို သတ်ဖြတ်ခဲ့ကြောင်း၊ အာဆာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နေရာ ၁၂ နေရာမှာ ရှင်းလင်းခဲ့ရကြောင်း၊ အာဆာတွေ ဝိုင်း ရံထားလို့ ရဟတ်ယာဉ်တွေ သုံးခဲ့ရတာတွေရှိပြီး တိုက်ခိုက်ရေးသမားမဟုတ်တဲ့သူတွေ အရပ်သားတွေ သေကောင်းသေနိုင်ကြောင်း၊ အာဆာနဲ့ အရပ်သားတွေကြား ခွဲခြားလို့မရခဲ့တာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကလည်း ရာဇဝတ်မှုအနေအထားမျိုး ဖြစ်ခဲ့ပြီး၊ ရှုပ်ထွေးခဲ့တယ်၊ ဒီလိုအနေအထားကြောင့် လူမျိုးတုံးသတ်ဖြတ်မှုလို့ ကောက်ချက်ချလို့ မရကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောပါတယ်။

ဂူတာပြင်ကိစ္စမှာလည်း စစ်ခုံးရုံးနဲ့ အရေးယူမှာဖြစ်သလို နိုင်ငံတကာက ကုလအမှုထမ်းဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ တခြားလွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ တွေ့ရှိ ချက်တွေအရ အရေးယူသွားဖို့ရှိပြီး  ကော်မရှင်က မျက်မြင်သက်သေ ၁၅၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အင်းဒင်ဖြစ်စဉ်မှာ တရားမျှတမှုရရှိဖို့အတွက် အရာရှိ ၄ ယောက်၊ စစ်သား ၃ ယောက်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်။ နောက်ပိုင်း စစ် ဘက်က ပြန်လွှတ်ပေးခဲ့တဲ့ အပေါ်မှာလည်း မြန်မာပြည်သူပြည်သူတော်တော်များများ မနှစ်သက်ခဲ့ကြဘူးလို့ ပြောပါတယ်။

မြန်မာအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို သည်းခံဖို့မရှိတဲ့အကြောင်းနဲ့  မြန်မာလုံခြုံရေး တပ်ဖွဲ့တွေအနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်ပါက စစ်ဥပဒေအရ အရေးယူ ခံရမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပြည်တွင်း လက်နက်ကိုင်ပြဿနာနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်နေရပြီး လက်ရှိမှာလည်း ရက္ခိုင်တပ်မတော်အေအေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်၊ အခုဆိုရင် ပလက်ဝ ဘက်မှာ  လက်နက်ကိုင် အင်အား ၄၀၀ လောက်နဲ့ရင်ဆိုင်နေရတယ်လို့ ပြောသွားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်နေပြီး မယုံကြည်မှုတွေ၊ သံသယဖြစ်မှုတွေ လူ့အသိုင်းအဝိုင်းမှာဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ကတော့ တရားလို ဂမ်ဘီယာနိုင်ငံက တရားရေးဝန်ကြီး အဘူဘာကာ ဦးဆောင်တဲ့အဖွဲ့က ပထမအကြိမ်   နှုတ်နဲ့လျှောက်လဲချက်ပေးသွားခဲ့ရာ မှာ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ စွပ်စွဲ ပြောသွားပါတယ်။

 မနက်ဖြန်မှာတော့  မြန်မာနဲ့ ဂမ်ဘီယာ နှစ်နိုင်ငံ ရှေ့နေတွေ အပြန်အလှန် လျှောက်လဲကြမှာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံအားပေးတဲ့အနေနဲ့   မြန်မာပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေက လာရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေက  သည်ဟိတ်ဂ်မြို့ရှိ အိုင်စီဂျေ တရားရုံး အပြင်ဘက်မှာ လာရောက် စုရုံးခဲ့ကြပါတယ်။  

====================================

END / 251