အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
တစ္ႏိုင္ငံလုံးလွ်ပ္စစ္ဓာတ္ အားသုံးစြဲမႈ ၅၀ ရာခိုင္ႏႈန္းျပည့္ သည့္ အထိမ္းအမွတ္အျဖစ္ ဝက္ လက္ၿမိဳ႕နယ္တြင္ လွ်ပ္စစ္ဓာတ္ အားခြဲ႐ုံသစ္ဖြင့္လွစ္ေၾကာင္း စစ္ ကိုင္းတိုင္းေဒ သႀကီး အစိုးရအဖြဲ႕ စည္ပင္သာယာေရး ဝန္ႀကီးဦးျမင့္ၾကည္ ကေျပာသည္။
လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီး ဌာန၊ ႏိုင္ငံေတာ္ဓာတ္အားေပး စနစ္မွ တစ္ႏိုင္ငံလုံးလွ်ပ္စစ္ဓာတ္ အားသုံးစြဲမႈ ၅၀ ရာခိုင္ႏႈန္းျပည့္ သည့္အထိမ္းအမွတ္အျဖစ္ ေ႐ႊဘို ခ႐ိုင္ဝက္လက္ၿမိဳ႕နယ္ ေ႐ႊပန္း ကုံးေက်း႐ြာအနီး 66/33 KV, 30 MVA လွ်ပ္စစ္ဓာတ္အားခြဲ႐ုံ ကို စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရ အဖြဲ႕ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ားကဒီဇင္ဘာ ၁၀ ရက္နံနက္တြင္ ဖြင့္လွစ္ခဲ့သည္။ ‘‘ေ႐ႊပန္းခိုင္လွ်ပ္စစ္ဓာတ္အားခြဲ႐ုံဖြင့္လွစ္လိုက္တဲ့အတြက္ အဲဒီဘက္ေက်း႐ြာေတြ မီးသုံးစြဲခြင့္ပိုရတာေပါ့။ ဒါေပမဲ့ အဲဒီ ဓာတ္အားခြဲ႐ုံမွာ တာပိန္ကဓာတ္ အားမရေသးတဲ့အခါ လတ္တ ေလာဘုတလင္ေရအားလွ်ပ္စစ္ ကေနၾကားျဖတ္ေပးတယ္’’ ဟု ဦး ျမင့္ၾကည္ကေျပာသည္။
ေ႐ႊပန္းကုံးလွ်ပ္စစ္ဓာတ္ အားခြဲ႐ုံမွ ေက်း႐ြာ ၁၂၈ ႐ြာလွ်ပ္စစ္မီးအသုံးျပဳခြင့္ရရွိသျဖင့္ ဝက္လက္ၿမိဳ႕နယ္တြင္းရွိ ေက်း႐ြာအားလုံး လွ်ပ္စစ္ မီးလင္းၿပီျဖစ္ေၾကာင္းတိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုးဝင္းထြန္းကေျပာသည္။
Unicode
၀က်လက်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားခွဲရုံသစ် ဖွင့်လှစ်
တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ် အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်းပြည့် သည့် အထိမ်းအမှတ်အဖြစ် ဝက် လက်မြို့နယ်တွင် လျှပ်စစ်ဓာတ် အားခွဲရုံသစ်ဖွင့်လှစ်ကြောင်း စစ် ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဦးမြင့်ကြည် ကပြောသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ နိုင်ငံတော်ဓာတ်အားပေး စနစ်မှ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ် အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်းပြည့် သည့်အထိမ်းအမှတ်အဖြစ် ရွှေဘို ခရိုင်ဝက်လက်မြို့နယ် ရွှေပန်း ကုံးကျေးရွာအနီး 66/33 KV, 30 MVA လျှပ်စစ်ဓာတ်အားခွဲရုံ ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကဒီဇင်ဘာ ၁၀ ရက်နံနက်တွင် ဖွင့်လှစ်ခဲ့သည်။ ‘‘ရွှေပန်းခိုင်လျှပ်စစ်ဓာတ်အားခွဲရုံဖွင့်လှစ်လိုက်တဲ့အတွက် အဲဒီဘက်ကျေးရွာတွေ မီးသုံးစွဲခွင့်ပိုရ တာပေါ့။ ဒါပေမဲ့ အဲဒီ ဓာတ်အားခွဲရုံမှာ တာပိန်ကဓာတ် အားမရသေးတဲ့အခါ လတ်တ လောဘုတလင်ရေအားလျှပ်စစ် ကနေကြားဖြတ်ပေးတယ်’’ ဟု ဦး မြင့်ကြည် ကပြောသည်။
ရွှေပန်းကုံးလျှပ်စစ်ဓာတ် အားခွဲရုံမှ ကျေးရွာ ၁၂၈ ရွာလျှပ်စစ်မီးအသုံးပြုခွင့်ရရှိသဖြင့် ဝက်လက်မြို့နယ်တွင်းရှိ ကျေးရွာအားလုံး လျှပ်စစ် မီးလင်းပြီဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းထွန်းကပြောသည်။
====================================
END / 251
၁၂ ဒီဇင်ဘာ ၂၀၁၉ - ၁၈:၀၂
News ID: 993409
တစ္ႏိုင္ငံလုံးလွ်ပ္စစ္ဓာတ္ အားသုံးစြဲမႈ ၅၀ ရာခိုင္ႏႈန္းျပည့္ သည့္ အထိမ္းအမွတ္အျဖစ္ ဝက္ လက္ၿမိဳ႕နယ္တြင္ လွ်ပ္စစ္ ဓာတ္ အားခြဲ႐ုံသစ္ဖြင့္လွစ္ေၾကာင္း စစ္ ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕စည္ပင္သာယာေရးဝန္ႀကီးဦးျမင့္ၾကည္ကေျပာသည္။