
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
လူေပါင္း ၁၃၀၀၀၀ ေက်ာ္ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရတဲ့ ရခိုင္ျပည္နယ္ရဲ႕ လူသားခ်င္းစာနာမႈဆိုင္ရာ အေျခအေနဟာ ပိုျပင္းထန္လာတဲ့ တိုက္ပြဲေတြနဲ႔ ေနရပ္စြန႔္ခြာ တိမ္း ေရွာင္မႈ အသစ္ေတြေၾကာင့္ ပိုၿပီးရႈပ္ေထြးလာတယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံး (UNOCHA) က ေျပာပါတယ္။
မေန႔က UNOCHA ရဲ႕ ထုတ္ျပန္ခ်က္အရ ဒီဇင္ဘာလထဲမွာ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္တို႔က စခန္း ၁၃၁ ခုကို လူေပါင္း ၄၅,၀၀၀ နီးနီး ထြက္ေျပးခဲ့ရၿပီး ႐ြာခံမိသား စုေတြက ဘယ္ေလာက္ လက္ခံထားရလဲ ဆိုတာ မသိရေသးဘူးလို႔ ဆိုပါတယ္။
ဒီဇင္ဘာလထဲမွာ ျမန္မာတပ္မေတာ္နဲ႔ ရခိုင့္တပ္မေတာ္ (AA) တို႔အၾကား တိုက္ပြဲျဖစ္တာ ျမင့္တက္လာၿပီး ၂၀၁၉ ဒီဇင္ဘာ ၁ ရက္ေန႔အထိ ရခိုင္ျပည္နယ္ အစိုးရရဲ႕ ကိန္းဂဏန္းေတြအရ ရခိုင္ျပည္နယ္ထဲက စခန္း ၁၁၉ ခုမွာ လူေပါင္း ၄၃,၀၀၀ ေလာက္ ေနရပ္စြန႔္ခြာေနရၿပီး ခ်င္းျပည္နယ္က စခန္း ၁၂ ခုမွာ လူေပါင္း ၁,၈၀၀ ေလာက္ ေနရပ္စြန႔္ခြာ ေနထိုင္ေနတယ္လို႔ ဆိုပါတယ္။
ေနရပ္စြန႔္ခြာရတာေတြနဲ႔ တခ်ိဳ႕ ေနရပ္ျပန္မႈေတြဆိုင္ရာ ပုံမွန္ အစီရင္ခံစာေတြအရ ေ႐ႊ႕ေျပာင္းမႈေတြဟာ မတည္ၿငိမ္ဘဲ ေျပာင္းလဲေနတယ္လို႔ ဆိုပါတယ္။
ဒီပဋိပကၡေၾကာင့္ ေျမာက္ဦး၊ ရေသ့ေတာင္၊ ေျမပုံနဲ႔ ဘူးသီးေတာင္ ၿမိဳ႕နယ္တို႔မွာ လူေပါင္း ၉,၀၀၀ ေက်ာ္ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ရၿပီးေနာက္ ေနရပ္စြန႔္ခြာရတဲ့ လူဦးေရဟာ ႏိုဝင္ဘာလထဲမွာ သိသိသာသာ ျမင့္တက္လာခဲ့ပါတယ္။
ဒါေၾကာင့္ ၂၀၁၂ ခုႏွစ္ကစလို႔ ျဖစ္ေပၚလာတဲ့ ျပသနာေတြေၾကာင့္ ႐ိုဟင္ဂ်ာေတြနဲ႔ ကမန္ေတြ အပါအဝင္ လူေပါင္း ၁၃၁,၀၀၀ ေက်ာ္ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနထိုင္ေနတဲ့ ရခိုင္ျပည္နယ္ရဲ႕ အေျခအေနဟာ အခုေတာ့ ပိုၿပီး ရႈပ္ေထြးလာတယ္လို႔ UNOCHA က ဆိုပါတယ္။
Unicode
ရခိုင်ပြည်နယ်၏ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ ပိုရှုပ်ထွေးလာဟု UNOCHA ပြော
လူပေါင်း ၁၃၀၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ရခိုင်ပြည်နယ်ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေဟာ ပိုပြင်းထန်လာတဲ့ တိုက်ပွဲတွေနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်မှု အသစ်တွေကြောင့် ပိုပြီးရှုပ်ထွေးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။
မနေ့က UNOCHA ရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလထဲမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့က စခန်း ၁၃၁ ခုကို လူပေါင်း ၄၅,၀၀၀ နီးနီး ထွက်ပြေးခဲ့ရပြီး ရွာခံမိသား စုတွေက ဘယ်လောက် လက်ခံထားရလဲ ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာလထဲမှာ မြန်မာတပ်မတော်နဲ့ ရခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲဖြစ်တာ မြင့်တက်လာပြီး ၂၀၁၉ ဒီဇင်ဘာ ၁ ရက်နေ့အထိ ရခိုင်ပြည်နယ် အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ရခိုင်ပြည်နယ်ထဲက စခန်း ၁၁၉ ခုမှာ လူပေါင်း ၄၃,၀၀၀ လောက် နေရပ်စွန့်ခွာနေရပြီး ချင်းပြည်နယ်က စခန်း ၁၂ ခုမှာ လူပေါင်း ၁,၈၀၀ လောက် နေရပ်စွန့်ခွာ နေထိုင်နေတယ်လို့ ဆိုပါတယ်။
နေရပ်စွန့်ခွာရတာတွေနဲ့ တချို့ နေရပ်ပြန်မှုတွေဆိုင်ရာ ပုံမှန် အစီရင်ခံစာတွေအရ ရွှေ့ပြောင်းမှုတွေဟာ မတည်ငြိမ်ဘဲ ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။
ဒီပဋိပက္ခကြောင့် မြောက်ဦး၊ ရသေ့တောင်၊ မြေပုံနဲ့ ဘူးသီးတောင် မြို့နယ်တို့မှာ လူပေါင်း ၉,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ရပြီးနောက် နေရပ်စွန့်ခွာရတဲ့ လူဦး ရေဟာ နိုဝင်ဘာလထဲမှာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
ဒါကြောင့် ၂၀၁၂ ခုနှစ်ကစလို့ ဖြစ်ပေါ်လာတဲ့ ပြသနာတွေကြောင့် ရိုဟင်ဂျာတွေနဲ့ ကမန်တွေ အပါအဝင် လူပေါင်း ၁၃၁,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေထိုင် နေတဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ အခုတော့ ပိုပြီး ရှုပ်ထွေးလာတယ်လို့ UNOCHA က ဆိုပါတယ်။
====================================
END / 251