အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ ေက်ာ္က တည္ေဆာက္ခဲ့တဲ့ သဖန္းဆိပ္ဆည္ေၾကာင့္ ဆုံးရႈံးခဲ့တဲ့ ေျမယာဧက ၁၂၀၀ ေက်ာ္ အခုထိ အစားျပန္မရေသးတာေတြ ရွိေနတယ္လို႔ လႊတ္ ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။
စစ္ကိုင္းတိုင္း ကြၽန္းလွၿမိဳ႕နယ္မွာရွိတဲ့ သဖန္းဆိပ္ဆည္ကို ၁၉၉၆ ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့ၿပီး ေရဝပ္ဧရိယာထဲမွာက်မယ့္ ကြၽန္းလွ၊ ကန႔္ဘလူနဲ႔ ေကာလင္းၿမိဳ႕နယ္တို႔က လူေနရပ္ကြက္နဲ႔႐ြာေတြ အမ်ားအျပားေ႐ႊ႕ေျပာင္းခဲ့ရတာ ျဖစ္ပါတယ္။
ဒီႏွစ္မွာေတာ့ ေရဝင္နည္းလို႔ လယ္ေတြကို ေရမေပးႏိုင္ေတာ့တဲ့ သဖန္းဆိပ္ဆည္ကို မေန႔က စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ဆည္ေျမာင္းဝန္ႀကီး ေဒါက္တာ ေအာင္သူလာေရာက္ ၾကည့္ရႈခဲ့ပါတယ္။
အဲဒီမွာ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လင္းက သဖန္းဆိပ္ေရေလွာင္တမံ တည္ေဆာက္တုန္းက စိုက္ပ်ိဳးေျမေတြ ဆုံးရႈံးခဲ့ေပမယ့္ အခုအခ်ိန္ထိ ခံစားခြင့္မရေသးတဲ့ ေဒသခံေတြ က်န္ေနတဲ့ အေပၚ သင့္ေတာ္တဲ့အကူအညီေတြေပးဖို႔ တင္ျပခဲ့တာပါ။
ဦးေက်ာ္လင္းက “ကြၽန္းလွၿမိဳ႕နယ္မွာ ေ႐ႊ႕ေျပာင္းခဲ့ရတာ ၇၃ ႐ြာေက်ာ္ရွိတယ္။ ဒီထဲမွာ ေျမယာအစား အခုအခ်ိန္အထိ ျပန္မရေသးတာက ဧက ၁၂၀၀ ေက်ာ္ရွိပါတယ္။ ဒီအ တြက္၂၀၁၂ ၾကားျဖတ္ ေ႐ြးေကာက္ပြဲ ေနာက္ပိုင္းကတည္းက လႊတ္ေတာ္ထဲမွာ ေျပာခဲ့ပါတယ္။ အခု ကိုယ္တိုင္လည္း လႊတ္ေတာ္မွာ ၃ ႀကိမ္ဝန္းက်င္ေမးျမန္းခဲ့ပါတယ္။ ျပည္ေထာင္စုအစိုးရအဖြဲ႕နဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေပးပါ့မယ္ဆိုၿပီး ေျဖတယ္။ ခုအခ်ိန္ထိ ဘာမွမထူးဘူး” လို႔ ေျပာပါတယ္။
ဝန္ႀကီး ေဒါက္တာေအာင္သူကေတာ့ လယ္ေျမယာေျမ စိုက္ပ်ိဳးေျမေတြ အစားထိုးေဖာ္ထုတ္ေပးခဲ့ေပမယ့္ အေျခအေနအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခံစားခြင့္မရေသးတဲ့ ေဒသ ခံေတြ က်န္ေနတာကို သိၿပီး အစိုးရအေနနဲ႔ ျပည္သူေတြရဲ႕ ထိခိုက္နစ္နာေနတာကို အေကာင္းဆုံး ကုစားေျဖရွင္းေပးႏိုင္ေရး အေလးထားေဆာင္႐ြက္ေနတာေၾကာင့္ ဒီျဖစ္စဥ္ ကို အျမန္ေျဖရွင္းကူညီေပးႏိုင္ေရး ႀကိဳးပမ္းသြားမယ္လို႔ ေျဖခဲ့ပါတယ္။
အရင္က အစားထိုးေပးခဲ့တဲ့ စိုက္ပ်ိဳးေျမေတြဟာလည္း ေျမညံ့ေတြျဖစ္လို႔ စိုက္ပ်ိဳးဖို႔ မလြယ္ဘူးလို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လင္းက ေျပာပါတယ္။
“႐ြာေတာ္ေတာ္မ်ားမ်ားကေတာ့ စိုက္ပ်ိဳးေျမရေပမယ့္ ေျမညံ့ေတြမ်ားတယ္။ ေက်ာက္စရစ္ပါတဲ့ ေျမေတြေပါ့။ က်ေနာ္ကိုယ္တိုင္လည္း ေျမဧက ၂၀ ရထားတာ ဒီတိုင္းပစ္ထားရ တယ္။ကိုယ္ေတြ႕ေပါ့။”
သဖန္းဆိပ္ေရေလွာင္တမံ ဘက္စုံစီမံကိန္းကို ၁၉၉၆ ခုႏွစ္မွာ စတင္အေကာင္အထည္ေဖာ္ခဲ့ၿပီး မူလတည္ေဆာက္တုန္းက ဝင္ေရ ဧကေပ ၃၅ သိန္းေလာက္ ခန႔္မွန္း တြက္ ခ်က္ခဲ့ေပမယ့္ ၂၀၁၅ ခုႏွစ္မွာ ဝင္ေရဧကေပ ၇၆ သိန္းေက်ာ္ အမ်ားဆုံးရွိခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ ဝင္ေရဧကေပ ၉ သိန္းေက်ာ္ပဲ ရွိတာေၾကာင့္ ႏွစ္ေပါင္း ၂၀ အတြင္း အနည္းဆုံးျဖစ္ခဲ့ၿပီး ဒီႏွစ္မွာ ေႏြစပါးအတြက္ ေရေပးတာကို ရပ္ဆိုင္းထားပါတယ္။
Unicode
သဖန်းဆိပ်ဆည်ကြောင့် ဆုံးရှုံးခဲ့သည့်မြေယာ ဧက ၁၂၀၀ ကျော် အစားပြန်မရသေး
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က တည်ဆောက်ခဲ့တဲ့ သဖန်းဆိပ်ဆည်ကြောင့် ဆုံးရှုံးခဲ့တဲ့ မြေယာဧက ၁၂၀၀ ကျော် အခုထိ အစားပြန်မရသေးတာတွေ ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှာရှိတဲ့ သဖန်းဆိပ်ဆည်ကို ၁၉၉၆ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ရေဝပ်ဧရိယာထဲမှာကျမယ့် ကျွန်းလှ၊ ကန့်ဘလူနဲ့ ကော လင်းမြို့နယ်တို့က လူနေရပ်ကွက်နဲ့ရွာတွေ အများအပြားရွှေ့ပြောင်းခဲ့ရတာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ရေဝင်နည်းလို့ လယ်တွေကို ရေမပေးနိုင်တော့တဲ့ သဖန်းဆိပ်ဆည်ကို မနေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီး ဒေါက်တာ အောင်သူလာ ရောက်ကြည့်ရှုခဲ့ပါတယ်။
အဲဒီမှာ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းက သဖန်းဆိပ်ရေလှောင်တမံ တည်ဆောက်တုန်းက စိုက်ပျိုးမြေတွေ ဆုံးရှုံးခဲ့ပေမယ့် အခုအချိန်ထိ ခံစား ခွင့်မရ သေးတဲ့ ဒေသခံတွေ ကျန်နေတဲ့ အပေါ် သင့်တော်တဲ့အကူအညီတွေပေးဖို့ တင်ပြခဲ့တာပါ။
ဦးကျော်လင်းက “ကျွန်းလှမြို့နယ်မှာ ရွှေ့ပြောင်းခဲ့ရတာ ၇၃ ရွာကျော်ရှိတယ်။ ဒီထဲမှာ မြေယာအစား အခုအချိန်အထိ ပြန်မရသေးတာက ဧက ၁၂၀၀ ကျော်ရှိ ပါတယ်။ ဒီအတွက်၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ နောက်ပိုင်းကတည်းက လွှတ်တော်ထဲမှာ ပြောခဲ့ပါတယ်။ အခု ကိုယ်တိုင်လည်း လွှတ်တော်မှာ ၃ ကြိမ်ဝန်း ကျင်မေးမြန်းခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးပါ့မယ်ဆိုပြီး ဖြေတယ်။ ခုအချိန်ထိ ဘာမှမထူးဘူး” လို့ ပြောပါတယ်။
ဝန်ကြီး ဒေါက်တာအောင်သူကတော့ လယ်မြေယာမြေ စိုက်ပျိုးမြေတွေ အစားထိုးဖော်ထုတ်ပေးခဲ့ပေမယ့် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ခံစားခွင့်မရသေးတဲ့ ဒေသခံ တွေ ကျန်နေတာကို သိပြီး အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ထိခိုက်နစ်နာနေတာကို အကောင်းဆုံး ကုစားဖြေရှင်းပေးနိုင်ရေး အလေးထားဆောင်ရွက်နေတာကြောင့် ဒီဖြစ်စဉ် ကို အမြန်ဖြေရှင်းကူညီပေးနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ဖြေခဲ့ပါတယ်။
အရင်က အစားထိုးပေးခဲ့တဲ့ စိုက်ပျိုးမြေတွေဟာလည်း မြေညံ့တွေဖြစ်လို့ စိုက်ပျိုးဖို့ မလွယ်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းက ပြောပါတယ်။
“ရွာတော်တော်များများကတော့ စိုက်ပျိုးမြေရပေမယ့် မြေညံ့တွေများတယ်။ ကျောက်စရစ်ပါတဲ့ မြေတွေပေါ့။ ကျနော်ကိုယ်တိုင်လည်း မြေဧက ၂၀ ရထားတာ ဒီတိုင်းပစ် ထားရတယ်။ ကိုယ်တွေ့ပေါ့။”
သဖန်းဆိပ်ရေလှောင်တမံ ဘက်စုံစီမံကိန်းကို ၁၉၉၆ ခုနှစ်မှာစတင်အကောင်အထည်ဖော်ခဲ့ပြီး မူလတည်ဆောက်တုန်းကဝင်ရေဧကပေ ၃၅ သိန်းလောက်ခန့်မှန်း တွက်ချက်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ဝင်ရေဧကပေ ၇၆ သိန်းကျော် အများဆုံးရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ဝင်ရေဧကပေ ၉ သိန်းကျော်ပဲ ရှိတာကြောင့် နှစ်ပေါင်း ၂၀ အတွင်း အနည်းဆုံးဖြစ်ခဲ့ပြီး ဒီနှစ်မှာ နွေစပါးအတွက် ရေပေးတာကို ရပ်ဆိုင်းထားပါတယ်။
====================================
END / 251
၂၈ ဒီဇင်ဘာ ၂၀၁၉ - ၁၉:၀၈
News ID: 997021
လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ ေက်ာ္က တည္ေဆာက္ခဲ့တဲ့ သဖန္း ဆိပ္ဆည္ေၾကာင့္ ဆုံးရႈံးခဲ့တဲ့ ေျမယာဧက ၁၂၀၀ ေက်ာ္ အခု ထိ အစားျပန္မရေသးတာေတြ ရွိေနတယ္လို႔ လႊတ္ ေတာ္ကိုယ္ စားလွယ္က ေျပာပါတယ္။