၅ ဇန်နဝါရီ ၂၀၂၀ - ၁၇:၅၀
ႏိုင္ငံတည္ၿငိမ္ဖြံ႕ၿဖိဳးေရး ႏိုင္ငံသားအားလုံးပူးေပါင္းအေကာင္အထည္ေဖာ္ရန္သမၼတတိုက္တြန္း

ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အ တြက္ အဘက္ဘက္က အေျခအေနေကာင္းေတြ၊ အလားအ လာေကာင္းေတြရလာေနၿပီျဖစ္လို႔ ႏိုင္ငံသူႏိုင္ငံသားအားလုံး ညီညီၫြတ္ၫြတ္နဲ႔ ပူးေပါင္းအေကာင္အထည္ေဖာ္ၾကရမယ္ လို႔ သမၼတ ဦးဝင္းျမင့္က တိုက္တြန္းလိုက္ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ အဘက္ဘက္က အေျခအေနေကာင္းေတြ၊ အလားအလာေကာင္းေတြရလာေနၿပီျဖစ္လို႔ ႏိုင္ငံသူ ႏိုင္ငံသား အားလုံး ညီညီၫြတ္ၫြတ္နဲ႔ ပူးေပါင္းအေကာင္အထည္ေဖာ္ၾကရမယ္လို႔ သမၼတ ဦးဝင္းျမင့္က တိုက္တြန္းလိုက္ပါတယ္။

ဒီေန႔ ၇၂ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အခမ္းအနားေတြကို ေပးပို႔တဲ့ သဝဏ္လႊာမွာ ေဖာ္ျပထားတာျဖစ္ၿပီး လက္နက္ကိုင္ပဋိပကၡေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း မေျဖရွင္းႏိုင္တဲ့ အတြက္ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡေတြဟာ ဒီေန႔အထိ ႏွစ္ေပါင္း ၇၀ ေက်ာ္ျဖစ္ေနခဲ့တယ္လို႔ ဆိုပါတယ္။

လက္နက္ကိုင္ပဋိပကၡေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း မေျဖရွင္းႏိုင္တဲ့အတြက္ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡေတြဟာ ဒီေန႔အထိ ႏွစ္ေပါင္း ၇၀ ေက်ာ္ျဖစ္ေနခဲ့တယ္လို႔လည္း သမၼတက ဆိုပါတယ္။

ဒီပဋိပကၡေတြေၾကာင့္ ႏိုင္ငံေတာ္တည္ေဆာက္ေရးအတြက္လိုတဲ့ လူ႔စြမ္းအားနဲ႔ သဘာဝ အရင္းအျမစ္ ေတြကိုခ်ည့္နဲ႔ေစၿပီး ဖြံ႕ၿဖိဳးတိုးတက္တာ ေႏွာင္းေႏွးေနတုန္းျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

စစ္မွန္တဲ့ၿငိမ္းခ်မ္းေရးကိုရဖို႔ တိုင္းရင္းသားညီအကိုေမာင္ႏွေတြအားလုံး နားလည္ယုံၾကည္မႈ ရဖို႔အတြက္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ ရာစုပင္လုံအစည္းအေဝးေတြ ၃ ႀကိမ္အထိ က်င္းပႏိုင္ခဲ့ၿပီး ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ႏိုင္ေရးအတြက္ သေဘာတူညီခ်က္ တခ်ိဳ႕ကိုလည္း ရထားၿပီလို႔ သမၼတက ဆိုပါတယ္။

ၿပီးေတာ့တို႔တာဝန္အေရး ၃ ပါးကိုလည္း အမ်ိဳးသားေရးတာဝန္အျဖစ္ အစဥ္အၿမဲ ထိန္းသိမ္း ကာကြယ္ေစာင့္ေရွာက္ရမွာျဖစ္ၿပီး မူးယစ္ေဆးဝါးျပႆနာကို ထိထိေရာက္ေရာက္ တားဆီး ကာကြယ္ေရး ကိုလည္း အမ်ိဳးသားေရးတာဝန္တရပ္အျဖစ္ ဆက္လက္ ေဆာင္႐ြက္သြားၾကရမယ္လို႔ ဆိုပါတယ္။

ေဒသအလိုက္ရွိေနတဲ့ သယံဇာတနဲ႔အရင္းအျမစ္ေတြကို ရွာေဖြေဖာ္ထုတ္ၿပီး ေဈးကြက္ စီးပြားေရး စနစ္နဲ႔အညီ ပုဂၢလိက က႑ဖြံ႕ၿဖိဳးေအာင္ျမင္ေစေရး ဘက္ေပါင္းစုံက ကူညီပံ့ ပိုးေပးရမယ္လို႔လည္း သဝဏ္လႊာမွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံတဝန္းတည္ၿငိမ္ေအးခ်မ္းလာတာနဲ႔အမွ်တိုင္းနဲ႔ျပည္နယ္ေတြဟန္ခ်က္ညီညီ ဖြံ႕ၿဖိဳးတိုးတက္လာေစေရး၊ ၿမိဳ႕ျပနဲ႔ေက်းလက္ဖြံ႕ၿဖိဳးမႈ ကြာဟခ်က္ေလ်ာ့နည္းေစေရး၊ အလုပ္အ ကိုင္ အခြင့္အလမ္းေတြ ပြင့္လန္းလာေစေရး၊ ဆင္းရဲႏြမ္းပါးမႈေလွ်ာ့ခ်ေရးနဲ႔ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကို အေလးေပး ေဆာင္႐ြက္ႏိုင္မယ္လို႔လည္း ဆိုပါတယ္။


Unicode

နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးရေး နိုင်ငံသားအားလုံး ပူးပေါင်းအကောင်အထည်ဖော်ရန် သမ္မတ တိုက်တွန်း

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဘက်ဘက်က အခြေအနေကောင်းတွေ၊ အလားအလာကောင်းတွေရလာနေပြီဖြစ်လို့ နိုင်ငံသူ နိုင်ငံသား အားလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းအကောင်အထည်ဖော်ကြရမယ်လို့ သမ္မတဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့၇၂နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတွေကိုပေးပို့တဲ့သဝဏ်လွှာမှာဖော်ပြထားတာဖြစ်ပြီးလက်နက်ကိုင်ပဋိပက္ခတွေကိုငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်းနိုင်တဲ့ အတွက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ ဒီနေ့အထိ နှစ်ပေါင်း ၇၀ ကျော်ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်းနိုင်တဲ့အတွက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ ဒီနေ့အထိ နှစ်ပေါင်း ၇၀ ကျော်ဖြစ်နေခဲ့တယ် လို့လည်း သမ္မတက ဆိုပါတယ်။

ဒီပဋိပက္ခတွေကြောင့် နိုင်ငံတော်တည်ဆောက်ရေးအတွက်လိုတဲ့လူ့စွမ်းအားနဲ့သဘာဝအရင်းအမြစ် တွေကိုချည့်နဲ့စေပြီးဖွံ့ဖြိုးတိုးတက်တာနှောင်းနှေးနေတုန်းဖြစ် တယ် လို့ ဖော်ပြထားပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရဖို့ တိုင်းရင်းသားညီအကိုမောင်နှတွေအားလုံး နားလည်ယုံကြည်မှု ရဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံအစည်း အဝေးတွေ ၃ ကြိမ်အထိ ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်သဘောတူညီချက်တချို့ကိုလည်းရထားပြီလို့သမ္မတက ဆိုပါ တယ်။

ပြီးတော့ တို့တာဝန်အရေး ၃ ပါးကိုလည်း အမျိုးသားရေးတာဝန်အဖြစ် အစဉ်အမြဲ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပြီး မူးယစ်ဆေးဝါးပြဿနာကို ထိထိရောက် ရောက်တားဆီး ကာကွယ်ရေးကိုလည်း အမျိုးသားရေးတာဝန်တရပ်အဖြစ် ဆက်လက် ဆောင်ရွက်သွားကြရမယ်လို့ ဆိုပါတယ်။

ဒေသအလိုက်ရှိနေတဲ့ သယံဇာတနဲ့ အရင်းအမြစ်တွေကို ရှာဖွေဖော်ထုတ်ပြီး ဈေးကွက် စီးပွားရေး စနစ်နဲ့အညီ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးအောင်မြင်စေရေး ဘက်ပေါင်းစုံ က ကူညီပံ့ပိုးပေးရမယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတဝန်းတည်ငြိမ်အေးချမ်းလာတာနဲ့အမျှတိုင်းနဲ့ပြည်နယ်တွေဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်လာစေရေး၊မြို့ပြနဲ့ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်လျော့နည်းစေရေး၊ အလုပ်အ ကိုင်အခွင့်အလမ်းတွေ ပွင့်လန်းလာစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးပေး ဆောင်ရွက်နိုင်မယ်လို့လည်း ဆိုပါ တယ်။

====================================

END / 251