အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
၂၀၂၀ ေ႐ြး ေကာက္ပြဲတြင္ကိုယ္က်င့္တရား ေကာင္းမြန္ၿပီး ေဒသအက်ိဳးအမွန္ တကယ္သယ္ပိုးေဆာင္႐ြက္သူမ်ားကို ျပည္သူမ်ားကမဲေပးေ႐ြး ခ်ယ္ရန္လိုအပ္ေၾကာင္း သမၼတ ေဟာင္း ဦးသိန္းစိန္ကေျပာသည္။
ဇန္နဝါရီ၅ရက္ကေနျပည္ေတာ္ ျပည္ေထာင္စုႀကံ့ခိုင္ေရး ႏွင့္ဖြံ႕ၿဖိဳးေရးပါတီဌာနခ်ဳပ္ညီလာခံခန္းမေဆာင္၌ျပဳလုပ္သည့္ေလးႀကိမ္ေျမာက္ဦးသိန္းစိန္ဂါရဝျပဳေတြ႕ဆုံပြဲတြင္အမွတ္ တရစကားေျပာဆိုရာ၌ သမၼတေဟာင္းက ထည့္သြင္းေျပာၾကားသည္။
‘‘မဲေပးတဲ့အခါမွာပါတီကိုၾကည့္ဖို႔လိုသလိုလူပုဂၢိဳလ္ေတြကိုလည္းၾကည့္ဖို႔လိုပါတယ္။အဲဒီ ေတာ့လူသာလွ်င္ပဓာနဆိုတာ အားလုံးသိပါတယ္။ ကြၽန္ေတာ္ တို႔ ေ႐ြးခ်ယ္ေပးလိုက္ တဲ့သူေတြဟာအေရးႀကီးဆုံးအခ်က္ျဖစ္တဲ့ ကိုယ္က်င့္တရားေတြေကာင္းဖို႔လိုပါတယ္။ထိုက္သင့္တဲ့ပညာအရည္အခ်င္းေတြရွိဖို႔လိုပါ တယ္။ ကိုယ့္တိုင္းျပည္အက်ိဳး၊ကိုယ့္ႏိုင္ငံ အက်ိဳး၊ ကိုယ့္ေဒသအ က်ိဳးကို အမွန္တကယ္သယ္ပိုး ေဆာင္႐ြက္တဲ့သူေတြျဖစ္ဖို႔လိုပါ တယ္’’ဟု သမၼတေဟာင္းဦးသိန္း စိန္က ေျပာသည္။
၂၀၂ဝ ျပည့္ႏွစ္တြင္က်င္းပမည့္ ေ႐ြးေကာက္ပြဲ၌မဲေပးခြင့္ရွိသူအားလုံးမဲေပးၾကရန္မိမိအနီးရွိသူမ်ားကို စည္း႐ုံး ေျပာဆိုေပးၾကရန္ဂါဝရျပဳေတြ႕ဆုံပြဲ၌ ဦးသိန္းစိန္ကတိုက္တြန္း သည္။
ထို႔အျပင္တိုင္းတစ္ပါးကဒီမိုကေရစီအေရး၊လူ႔အခြင့္အေရးအေၾကာင္းျပဳၿပီး ႏိုင္ငံပိုင္ ေျမကို ဖဲ့ၿပီးယူရန္ႏွင့္ အမ်ားစုကိုး ကြယ္သည့္ဘာသာကို ဝါးမ်ိဳရန္ ေဆာင္႐ြက္ေနေၾကာင္း ၎က ဆိုသည္။
‘‘ကိုယ့္တိုင္းျပည္အတြက္၊ကိုယ့္တိုင္းရင္းသားလူမ်ိဳးေတြအ တြက္၊အမ်ားစုကိုးကြယ္တဲ့ဘာသာသာသနာအတြက္၊တိုင္းျပည္တာဝန္ကိုပင္ပင္ပန္းပန္းခက္ခက္ ခဲခဲနဲ႔ ထမ္းေဆာင္ ေနၾကတဲ့ တပ္မေတာ္သားေတြအတြက္ ကာ ကြယ္ေစာင့္ေရွာက္ဖို႔ ကြၽန္ေတာ္ တို႔မွာ တာဝန္ရွိလာၿပီေျပာရမယ္ ျဖစ္ပါတယ္’’ ဟု ဦးသိန္းစိန္က ဆိုသည္။
Unicode
ရွေးကောက်ပွဲတွင် ကိုယ်ကျင့်တရားကောင်းမွန်သူကို မဲပေးရန် သမ္မတဟောင်း ဦးသိန်းစိန်ပြော
၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ဒေသအကျိုးအမှန် တကယ်သယ်ပိုးဆောင်ရွက်သူ များကို ပြည်သူများက မဲပေးရွေး ချယ်ရန် လိုအပ်ကြောင်း သမ္မတ ဟောင်း ဦးသိန်းစိန်ကပြောသည်။
ဇန်နဝါရီ ၅ရက်ကနေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ညီ လာခံခန်းမဆောင်၌ ပြုလုပ်သည့် လေးကြိမ်မြောက် ဦးသိန်းစိန်ဂါရဝ ပြုတွေ့ဆုံပွဲတွင် အမှတ်တရစကားပြောဆိုရာ၌ သမ္မတဟောင်းက ထည့်သွင်းပြောကြားသည်။
‘‘မဲပေးတဲ့အခါမှာ ပါတီကို ကြည့်ဖို့လိုသလိုလူပုဂ္ဂိုလ်တွေကိုလည်း ကြည့်ဖို့လိုပါတယ်။အဲဒီတော့လူသာလျှင်ပဓာနဆိုတာအားလုံးသိပါတယ်။ကျွန်တော်တို့ ရွေးချယ်ပေး လိုက်တဲ့သူတွေဟာအရေးကြီးဆုံးအချက်ဖြစ်တဲ့ကိုယ်ကျင့်တရားတွေကောင်းဖို့လိုပါတယ်။ထိုက်သင့်တဲ့ပညာ အရည်အချင်းတွေ ရှိဖို့လိုပါ တယ်။ ကိုယ့်တိုင်းပြည်အကျိုး၊ ကိုယ့်နိုင်ငံအကျိုး၊ ကိုယ့်ဒေသအ ကျိုးကို အမှန်တကယ်သယ်ပိုး ဆောင်ရွက်တဲ့သူတွေဖြစ်ဖို့လိုပါ တယ်’’ဟု သမ္မတဟောင်းဦးသိန်း စိန်က ပြောသည်။
၂၀၂ဝ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူအားလုံး မဲပေးကြ ရန် မိမိအနီးရှိသူများကို စည်းရုံး ပြောဆိုပေးကြရန် ဂါဝရပြုတွေ့ ဆုံပွဲ၌ ဦးသိန်းစိန်က တိုက်တွန်း သည်။
ထို့အပြင်တိုင်းတစ်ပါးက ဒီမိုကရေစီအရေး၊လူ့အခွင့်အရေးအကြောင်းပြုပြီး နိုင်ငံပိုင်မြေကို ဖဲ့ပြီးယူရန်နှင့်အများစုကိုးကွယ်သည့်ဘာသာကိုဝါးမျိုရန် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။
‘‘ကိုယ့်တိုင်းပြည်အတွက်၊ကိုယ့်တိုင်းရင်းသားလူမျိုး တွေအတွက်၊အများစုကိုးကွယ်တဲ့ဘာသာသာသနာ အတွက်၊တိုင်းပြည် တာဝန်ကိုပင်ပင်ပန်းပန်း ခက်ခက်ခဲခဲနဲ့ထမ်း ဆောင်နေကြတဲ့ တပ် မတော်သားတွေအတွက် ကာ ကွယ်စောင့်ရှောက်ဖို့ ကျွန်တော် တို့မှာ တာဝန်ရှိလာပြီပြောရမယ် ဖြစ်ပါတယ်’’ ဟု ဦးသိန်းစိန်က ဆိုသည်။
====================================
END / 251
၆ ဇန်နဝါရီ ၂၀၂၀ - ၁၉:၁၉
News ID: 999983
၂၀၂၀ ေ႐ြး ေကာက္ပြဲတြင္ကိုယ္က်င့္တရား ေကာင္းမြန္ၿပီး ေဒသအက်ိဳးအမွန္ တကယ္သယ္ပိုးေဆာင္႐ြက္သူမ်ားကို ျပည္သူမ်ားကမဲေပးေ႐ြး ခ်ယ္ရန္လိုအပ္ေၾကာင္း သမၼတ ေဟာင္း ဦးသိန္းစိန္ကေျပာသည္။