အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၂ အောက်တိုဘာ ၂၀၂၂

၂၀:၂၉:၀၂
1313135

တမန်တော်မြတ် (ဆွ) သည် တရားမျှတမှုကို အခြေခံသည့် လူ့ အဖွဲ့အစည်းကို တည်ထောင်သူ ဖြစ်ပါတယ် / မလေးရှား သာသနာရေးဝန်ကြီး

မလေးရှား သာသနာရေး ဝန်ကြီး မှ တမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) သည် မဒီနာ ရွှေမြို့တော်တွင် ရှေးဦး စွာ အခြေခံ ကျသည့် ဥပဒေကို တည်ထောင်ခဲ့သည်မှာ အစွန်းရောက်မှု ကင်းခြင်း၊ လူမျိုးကြီး ဝါဒကင်းခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အေက်နာ သတင်းဌာန ၏ သတင်းအထောက်အထား များအရ မလေးရှား သာသနာရေး ဝန်ကြီး အီဒရီးစ် အဲဟ်မဒ် မှ နိုင်ငံ တစ်နိုင်ငံ အတွက် တရားမျှတမှု ၊ကျောသားရင်သား မခွဲခြားမှု ၊ ညီအစ်ကို စိတ်ဓာတ် ရှိမှု သည် အရေးကြီးသည် ဘဝအတွက် ကိစ္စ တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မလေးရှား သာသနာရေး ဝန်ကြီး အီဒရီးစ် အဲဟ်မဒ် မှ မီးလာဒ်ဒွန်နဘီ  (ဆွ) နှင့် ကိုယ်တော်မြတ် (ဆွ) မွေးနေ့ အဖြစ် ကမ္ဘာ့ကုန်သွယ်ရေး စင်တာ တစ်ခု တွင်ကျင်းပသည့် အခမ်းအနား တွင် မိန့်ခွန်း တစ်ခု ကိုဟောကြားရင်း  မလေးရှား နိုင်ငံ တွင်  တရား မျှ တသောမူဝါဒ သည် မွတ်စလင်များ အပါအဝင် မွတ်စလင်မဟုတ်သူများ အားလုံးအတွက်လည်း အရေးကြီး ကြောင်း ဟောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး ကိုယ်တော်မြတ် (ဆွ) ၏ တရားမျှတမှု ကျောသားရင်သား မခွဲခြား မှု ဥပဒေကို မဒီနာ ရွှေမြို့တော်တွင် အုပ်ချုပ်စဉ် ထင်ရှား စွာတွေ့ နိုင်ကြောင်း မလေးရှားတွင် မွတ်စလင်မ် အများ အပြားနေထိုင်ကြောင်း မတူကွဲပြားပြီး လူမျိုးပေါင်းစုံ ၏ အခြေအနေကိုလည်း နားလည် ပြီး ခံစားပေးရန် လိုကြောင်း မွတ်စလင်မ်များ ၏ သဘောထားများကိုလည်း ထည့်သွင်း စဉ်းစား သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

မလေးရှား သာသနာရေး ဝန်ကြီး အီဒရီးစ် အဲဟ်မဒ် မှ ကိုယ်တော်မြတ် (ဆွ) ၏ ဘဝတည် ဆောက်ပုံနှင့် အုပ်ချုပ်ပုံကို အကောင်း တကာ အကောင်းဆုံး စံနမူနာ အဖြစ် ပြသရန် လိုကြောင်း  အတူ ယှဉ်တွဲ နေထိုင်မှု နှင့် သည်းခံခြင်းသည် အစ္စလာမ် တွင် တည်ရှိပြီး  နိုင်ငံတစ်နိုင်ငံ တွင် တန်းတူ ညီမျှ သည့် ကျောသားရင်သား မခွဲခြားသည့် အစိုးရ ရှိလျင် လုံလောက် ကြောင်း  ကိုယ်တော်မြတ် (ဆွ) သည် ပထမဆုံး ဥပဒေအား မဒီနာ ရွှေမြို့တော် တွင် အကောင် အထည်ဖော်ခဲ့ကြောင်း  ၎င်းဥပဒေမှာ အသားအရောင် ၊ အမျိုးအနွယ် ၊ မဇ်ဟဗ် ထက် မြင့်သည့်ပြည့်စုံ သည် ဥပဒေ  ဖြစ်ကြောင်း ဤဥပဒေတွင် တန်းတူညီမျှမှု ၊ကျောသားရင်သား မခွဲခြား မှု နှင့် သူတစ်ပါး အား ကူညီဖေးမှု သည် အတူတကွ နေထိုင်ခြင်း တွင် ထင်ရှားသည့် အခြေခံ မှုများ ဖြစ်ကြောင်း ကို ပြောကြားခဲ့ပါတယ်။

မလေးရှား သာသနာရေး ဝန်ကြီး အီဒရီးစ် အဲဟ်မဒ် အတိုင်း ဆိုလျင် မလေးရှား နိုင်ငံတွင် ရှီအဟ်မွတ်စလင်များ အတွက်လည်း တရားမျှတမှု ၊ကျောသားရင်သားမခွဲခြားမှုရှိဖို့လိုအပ်ပါတယ်။
မလေးရှား နိုင်ငံ အတွက် အံ့သြစရာ တစ်ချက်မှာ ရှီအဟ် နိုင်ငံ အီရန် နှင့်ဆက်သွယ်ရေး ကောင်းမွန်ပြီး မိမိနိုင်ငံအတွင်း ရှီအဟ် များ ကို နှိမ်ခြင်း ၊ ရှီအဟ် ဘာသာရေး လှုပ်ရှားမှုများကို တားဆီး အရေးယူခြင်း ဖြစ်ပါတယ်။

****************************************************************
END / 251