အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၆ နိုဝင်ဘာ ၂၀၂၂

၂၃:၀၆:၀၀
1326516

အာရပ်စော်ဘွားများ ပြည်ထောင်စုသည် ယီမင်နိုင်ငံ ဟဇရ်မောသ် ပြည်နယ်ကို သိမ်းပိုက်ရန် ကြိုးပမ်း‌နေ

ယီမင်ထိပ်တန်း နိုင်ငံရေးကောင်စီ၏မှ အာရပ်စော်ဘွားများ ပြည်ထောင်စုသည် ယီမင်နိုင်ငံ ဟဇရ်မောသ် ပြည်နယ်ကို သိမ်းပိုက်ရန် ကြိုးပမ်းန ကြောင်း ပြောကြားခဲ့ပါတယ်။  

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယီမင် ထိပ်တန်း နိုင်ငံရေးကောင်စီ၏ ထိပ်တန်းအဖွဲ့ဝင်တစ်ဦးဖြစ်သည့် မိုဟမ္မ် အလီ အလ်ဟူစီ မှ ထွက်ပြေး တိမ်းရှောင်နေသော သမ္မတ မန်ဆူဟာဒီ ၏နေရာကို ဆက်ခံမည့် ရရှာဒ် အလ်အလီမီ ၏ အာရပ်စော်ဘွား များ ပြည်ထောင်စုသည် ထောက်ပံ့ပေးရန် သဘောတူညီခဲ့ကြောင်း ဆိုသည့် ပြောကြားချက်အား တုံ့ပြန်ခဲ့ပြီး မိမိ၏ တွစ်တာ တွင်ဤသို့ ပြောကြားခဲ့ပါတယ်။  အာရပ်စော်ဘွားများ ပြည်ထောင်စုသည် ဆော်ဒီ အာရေး ဗီးယား၏ ရန်စမှုကို ကြောက်ရွံ့ပြီး လူအများ၏ သဘောထားကွဲလွဲမှုများကို ထုတ်ဖော်ပြီးနောက် ယီမင်ပြည်နယ် ဟဇရ်မောသ်  ၎င်း၏ပိုင်နက်တွင် ထည့်သွင်းရန် ကြိုးပမ်းနေပါတယ်။

 

မိုဟမ္မ် အလီ အလ်ဟူစီ မှဆက်လက်ပြီး ဟဇရ်မောသ်  ပြည်နယ် ရှိ မိမိတို့ ၏ ညီနောင်များ အနေ ဖြင့် ဆော်ဒီမဟာမိတ်များ ၏ ပူးပေါင်းကြံစည်ပြီး ဖျက်စီးအောင် ပြုမည့် အစီအစဥ် ၏ သားကောင်မဖြစ်ဖို့ သတိ နှင့် နိုးကြားမှု ဖြင့် နေကြမည်ဟု ယုံကြည် ကြောင်း ပြောကြားခဲ့ပါတယ်။

ယီမင်နိုင်ငံ တောင်ပိုင်း အဘီးန် ပြည်နယ်ရှိ ဟစာန် ရေကာတာ တည်ဆောက်ရေး ဘတ်ဂျက် လျာထားချက်နဲ့ ပတ်သက်ပြီး မန်ဆူဟာဒီအား ဆက်ခံသူ မည့် ရရှာဒ် အလ်အလီမီ ပြောြပချက် ပတ်သက်ပြီး ယီမင် ထိပ်တန်း  နိုင်ငံရေး ကောင်စီ ၏ အကြီးတန်း အဖွဲ့ဝင် တဦး မှ မိမိ တွစ်တာမှာ ရေးထားကြောင်းသိရှိရပါတယ်။

 

 

ဤအတောအတွင်း ဆော်ဒီညွန့်ပေါင်း၏ ထိုးစစ်ကြောင့် ယီမင်ထိပ်တန်း နိုင်ငံရေးကောင်စီ အကြီး အကဲ၏ အစ်ကိုဖြစ်သူ မှာ ဒဏ်ရာ ရရှိပြီး သေဆုံးခဲ့ပါတယ်။

 

ယီမင် နယူဖစ်အင်ဂျင်စီ ၏ အစီရင်ခံစာအရ ယီမင်အမျိုးသား ကယ်တင်ရေးအစိုးရ၏ ထိပ်တန်း နိုင်ငံရေးကောင်စီ အကြီးအကဲ မဲဟ်ဒီ အလ်မရှသွ် ၏ အစ်ကို မိုဆွ်လဟ် အလ်မရှသွ် သည် ဒဏ်ရာများ ရရှိပြီးနောက် အသက် လေးဆယ့်သုံးနှစ်အရွယ်တွင် ရှဟီးဒ်  ဖြစ်ခဲ့ပါတယ်။

 

ယီမင် ပါလီမန်ဥက္ကဋ္ဌနှင့် ဝန်ကြီးများအပါအဝင် ယီမင်အာဏာပိုင်များက ယီမင်အမျိုးသား ကယ်တင်ရေး အစိုးရ၏ ထိပ်တန်း နိုင်ငံရေးကောင်စီ အကြီးအကဲ မဲဟ်ဒီ အလ်မရှသွ် ၏ အစ်ကို မိုဆွ်လဟ် အလ်မရှသွ် ၏ ရှဟာဒသ် အပေါ် အသီးသီးကိုယ်စီ ကိုယ်စီ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

 

2015 ခုနှစ် မတ်လ 26 ရက်နေ့တွင် ဆော်ဒီညွန့်ပေါင်းအဖွဲ့သည် ယီမင်နိုင်ငံကို မတရား ကျူးကျော် တိုက်ခိုက်ခဲ့ပြီး ထိုအချိန်မှစ၍ ကလေးငယ် ၃၇၄၂ ဦး အပါအဝင် ယီမင်အရပ်သား ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး အခြားကလေးငယ် ၃၉၉၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

 

ထို့အပြင် ဆော်ဒီညွန့်ပေါင်းအဖွဲ့သည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများ၏ ပံ့ပိုးကူညီမှုဖြင့် ယီမင်ပြည်သူများကို ဝိုင်းရံထားပြီး လူ့အခွင့်အရေး ကို ဆန့်ကျင်ပြီး အစားအစာ၊ ဆေးဝါးနှင့် လောင်စာဆီများကို ယီမင်သို့ လွှဲပြောင်းပေးခြင်းကိုပင် ခွင့်မပြုကြောင်း သိရှိရပါတယ်။

 

မတရား အနိုင်ကျင် စစ်ပွဲအတွင်း ဆော်ဒီညွန့်ပေါင်းအဖွဲ့သည် ယီမင်ရှိ အခြေခံစီးပွားရေး အဆောက် အအုံများ ကိုသာ ဖျက်ဆီးခဲ့ပြီး ယီမင်ရှိ စာသင်ကျောင်းများ၊ မက်ဒဆာများနှင့် ဆေးဘက် ဆိုင်ရာဌာနများကိုပင် အလွတ်မပေးဘဲ ယုတ်စွ ဗလီများကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။

 

ဒါလည်းပဲ ဆော်ဒီညွန့်ပေါင်း အဖွဲ့ သည်ယီမင် ကို မအောင်မြင်ခဲ့ပေ။ထိုပြင် မိမိတို့ရည်မှန်းချက်ကို မဆွတ်ခူး နိုင်ခဲ့ကြပေ။

 

 

****************************************************************

END / 251