အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္ဂနွေနေ့

၁၉ မတ် ၂၀၂၃

၁၇:၀၂:၄၆
1352989

သြစတေးလျမှာ ငါးသန်းချီးသေဆုံးပြီး ကမ်းပေါ်လာတင်နေတာ ဘာနမိတ်လဲ

သြစတေးလျနိုင်ငံ နယူးဆောက်သ်၀ေးလ် ပြည်နယ်က မြို့ငယ်လေးတစ်မြို့မှာ ငါးသန်းချီ သေဆုံးပြီး ကမ်းပေါ်လာတင်နေတာကို မနေ့က တွေ့ခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 
သြစတေးလျနိုင်ငံ နယူးဆောက်သ်၀ေးလ် ပြည်နယ်က မြို့ငယ်လေးတစ်မြို့မှာ ငါးသန်းချီ သေဆုံးပြီး ကမ်းပေါ်လာတင်နေတာကို မနေ့က တွေ့ခဲ့ရပါတယ်။

မီနင်ဒီဆိုတဲ့မြို့က ဒီအဖြစ်အပျက်ဟာ ဒါလင်ဘာကာ မြစ်မှာဖြစ်ပေါ်နေတဲ့ အပူလှိုင်းကြောင့်ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီမြို့မှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ပြီး အခုတစ်ကြိမ် ထပ်ကြုံရတာပါ။ ကမ္ဘာကြီးပူးနွေးလာမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးလည်း ဖြစ်ပါတယ်။

စက်မှုထွန်ကားတဲ့ ခေတ်ကကာလနောက်ပိုင်း ကမ္ဘာကြီးရဲ့အပူချိန်ဟာ ၁.၁ စင်တီဂရိတ် တိုးလာပြီး၊ ကာဘွန်ထုတ်လွှတ်မှုကို မလျှော့ချနိုင်ရင် ဒီထက်ဆက်ပြီး တိုးဖို့ ရှိနေပါတယ်။

ဒါလင်ဘာကာမြစ်ဟာ သြစတေးလျက ရေအရင်းအမြစ်ကွန်ယက်တွေထဲမှာ အရေးပါပြီး မီနင်ဒီမြို့ခံတွေကလည်း ဒီမြစ်ကို အမှီပြုရပ်တည်နေရတာ ဖြစ်ပါတယ်။

ပြည်နယ်အာဏာပိုင်တွေကတော့ ငါးတွေ အခုလို သန်းနဲ့ချီ သေဆုံးမှုရဲ့ အကြောင်းအရင်းအသေးစိတ်ကို ဗဟိုအစိုးရရဲ့ အကူအညီနဲ့ အဖြေရှာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

****************************************************************
END / 251